ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၈)ရက်နေ့ည(၇း၀၀ ) အချိန်ခန့် ပါင်းတလည်ရဲစခန်းတွင်ဒုရဲအုပ် သန်းမင်းစိုးမှတာဝန်မှုးတာဝန်
ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အခင်းဖြစ်ရာအရပ်သို့ သွားရောက်ခဲ့ ရာရဲစစခန်း အနောက်(၃)
ဖာလုံခန့်  ပြည်-ပေါက်ခေါင်းသွားကားလမ်းမ မိုင်တိုင်အမှတ်
(၇ /၅)နှင့် (၇/၆)ကြား ဆင်မြီးဆွဲလမ်းဆုံတွင် ပြည်မြို့  ဘက်
မှပေါက်ခေါင်းမြို့ ဘက်သို့ စည်သူပိုင်(၁၉/၁၅)နှစ်၊(ဘ)
ဦးဇော်မင်း၊ မပတ ရှိ/မမှတ်မိ၊ဗမာ/ဗုဒ္ဓ၊လယ်လုပ၊်ကျောင်းကုန်း
ရွာ၊ကြို့ ပင်ဝိုင်းအုပ်စု၊ပေါက်ခေါင်းမြို့ နေသူ စီနှင်းပြီ်း စည်သူအောင်(၁၆/၁၅)နှစ်၊(ဘ)ဦးသောင်းမြင့် ၊မပတ ( မပြုလုပ်ရသေး၊) ဗမာ ဗုဒ္ဓ၊
မှီခို၊ ကျောင်းကုန်းရွာ၊ကြို့  ပင်ဝိုင်းအုပ်စုပေါက်ခေါင်းမြို့ နေသူမှ
အနောက်မှ လိုက်ပါလျှက် ၄၄ယ/၇၁၂၁-Smash YUNDEအပြာ
ရောင်ဆိုင်ကယ်အားစီးနင်းမောင်းနှင်လာစဉ် အနောက်မှအရှေ့သို့ 
(ပြည်ဘက်မှ ပေါက်ခေါင်းဘက် သို့ ) လမ်းလျှောက်လာသူ
အဂ္ဂကျော် (၁၆/၁၅)နှစ်(ဘ) ဦးတင်ထွေး(၉)တန်းကျောင်းသား၊
ကံဦးကွတ်သစ်လမ်း၊တောင်ပိုင်းရပ်ကွက် ၊ပေါင်းတလည်မြို့ 
နေသူအားအရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိခဲ့သည်ဟုဆို၏။
ထိုသို့တိုက်မိခဲ့သဖြင့် အဂ္ဂကျော်တွင်ဦးခေါင်းနောက်ဖူးရောင်မူးဝေအော့ 
အန်၊)၀ဲဖနောင့် ပွန်းဒဏ်ရာ(၁)ချက်၊ ယာဒူးပွန်းဒဏ်ရာ(၁)ချက်၊ စည်သူပိုင် တွင်ယာခြေစေ့ ပွန်းပဲ့ ဒဏ်ရာ(၁)ချက်၊ယာခြေခုံပွန်းဒဏ်ရာ(၁)ချက်၊စည်သူ
အောင်တွင်ဝဲခြေသလုံးပွန်းဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ပြီး ယာဉ်မောင်းစည်သူပိုင်
သည် အရက်သောက်ထားခြင်းမရှိ ဆိုင်ကယ်မှာ (၁၀၀၀၀/ ကျပ်)ခန့်ဆုံးရှုံး
ခဲ့သည် ဟုရဲမှတ်တမ်းအရသိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်းမဆင်မခြင်မောင်းနှင်၍ လူအားဒဏ်ရာရရှိစေခဲ့သူ စည်သူပိုင်အား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ် သန်းမင်းစိုးမှ တိုင်စာပေးပို့တိုင်တန်းသဖြင့် ပေါင်းတလည်နယ်မြေရဲစခန်း
၏ယာဉ်(ပ) ၁၂/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၃၇ဖြင့်စက်တင်ဘာ
(၁၈)ည(၁၀း၁၀) အချိန် အမှုရေးဖွင့်ခဲ့ပြီးအမှုအား ဒုရဲအုပ်သန်းမင်းစိုးမှ လက်ခံရယူစစ်ဆေးပြီး တရားလိုနှင်သက်သေများစစ်ဆေးခြင်း၊ ပတ်ဝန်းကျင် သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊ မှတ်တမ်း ဓါတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ အမှုမှဒဏ်ရာရရှိသူ စည်သူကျော်၊ အဂ္ဂကျော်တို့(၃)ဦးအား ရဲဆေးစာဖြင့် ပေါင်းတလည်ဆေးရုံးသို့ပို့အပ်ခြင်း၊
အမှုမှဒဏ်ရာ ရရှိသူ အဂ္ဂကျော်အား ပေါင်းတလည် ဆေးရုံမှ တဆင့်ပြည်ဆေးရုံးသို့ ဆေးကုသမှုခံယူရန်လွှဲပြောင်းပို့အပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နိုဗယ်ပြည့်ပြည့်(ပေါင်းတလည်)
ပြည်ခရိုင်သတင်းစုံ
No comments:
Post a Comment