လက်ပစ်ဗုံးပုံစံ ဂတ်စ်မီးခြစ်ကြောင့် ရပ်ကွက်နေပြည်သူအချို့အထိတ်တလန့်ဖြစ်ခဲ့
By
ဇော်မင်းထိုက်
7Day Daily
လက်ပစ်ဗုံးပုံစံ ဂက်စ်မီး ခြစ်တစ်လုံးကြောင့် ပြည်မြို့ ဆင် စုနယ်မြေ မီးချောင်းရဲရပ်ကွက် နေပြည်သူအချို့ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂ ရက် ည ၇ နာရီခန့်က မီးချောင်းရဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လက်ပစ်ဗုံးပုံစံဂက်စ်မီးခြစ်တစ်လုံးကို ကလေး များထံ၌ တွေ့ရသဖြင့် ကြောက် လန့်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ ဖုန်းဆက်အကြောင်းကြားခဲ့ ခြင်း ဖြစ်သည်။
‘‘လက်ပစ်ဗုံးကို မြင်ကြသူ တွေ အားလုံးထိတ်လန့်သွားကြ တယ်။ ဆယ်အိမ်မှူးက ကျွန်တော့်ဆီယူလာတယ်။ ရဲစခန်းကို အ ကြောင်းကြားပြီး ရဲလက်ထဲအပ် လိုက်တယ်။ ရဲတပ်ဖွဲ့ကနေ အင် ဂျင်နီယာတပ်ကိုအကြောင်းကြား ပြီး စစ်ဆေးကြည့်တဲ့အခါ လက် ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ် ဖြစ်နေ တယ်’’ဟု ဆင်စုနယ်မြေအုပ်ချုပ် ရေးမှူးက ပြောသည်။
အဆိုပါလက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်ကို မီးချောင်းရဲရပ်ကွက်နေ မောင်မျိုးအောင်က အလုပ်မှပြန် လာစဉ် လမ်းခုလတ်တွင် တွေ့ရှိ ၍ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး နေ အိမ်သို့ယူလာခဲ့ရာမှ ဗုံးဟု ထင်မှတ်ကာ ကြောက်လန့်ခဲ့ကြ ခြင်း ဖြစ်ကြောင်း မီးချောင်းရဲရပ် ကွက်နေ ဒေသခံတစ်ဦးက ပြော ကြားသည်။
‘‘သတ္တုနဲ့လုပ်ထားတော့ တ ကယ့်လက်ပစ်ဗုံးလို့ ထင်မှတ်မှား စေပြီး ထိတ်လန့်စေတယ်။ ဗုံးနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိ တော့ အင်ဂျင်နီယာတပ်ကို အ ကြောင်းကြားတယ်။ လာရောက် စစ်ဆေးပြီး ယူသွားကြပြီ’’ဟု ပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။
အဆိုပါ လက်ပစ်ဗုံးပုံစံ ဂက်စ်မီးခြစ်သည် နာနတ်သီးပုံ သဏ္ဌာန်ဖြစ်ပြီး စနက်တံ၊ လက် ပစ်ဗုံးချိတ်ဆွဲကိုင်းနှင့် လက်ပစ်ဗုံး အစစ်သဏ္ဌာန်ရှိနေခြင်းကြောင့် ပြည်သူလူထုအဖို့ ထင်မှတ်မှား ကာ ထိတ်လန့်စေနိုင်သဖြင့် ပြု လုပ်ရောင်းချခြင်းမျိုး မပြုလုပ် သင့်ကြောင်း ရဲအရာရှိတစ်ဦးက ဝေဖန်ပြောကြားသည်။
လက်ပစ်ဗုံးပုံ ဂတ်မီးချစ်ကို တာဝန်ရှိသူတစ်ဦးကပြသနေစဉ်(ဓါတ်ပုံ ဇော်မင်းထိုက်)
No comments:
Post a Comment