အောင်လံမြို့တွင် ပြည်ခိုင်ဖြိုးပါတီက ယာဉ်များဖြင့် မြို့တွင်း လှည့်လည်စည်းရုံးလှုံ့ ဆော်ခဲ့ရာ တစ်လမ်းမောင်း သတ် မှတ်ထားသော နေရာ၌ လမ်း ပြောင်းပြန်မောင်းခဲ့သဖြင့် ဝေဖန် ခံရကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၆ ရက်တွင် စတင်ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးမှု၌ တစ် လမ်းမောင်းလမ်းအဖြစ် သတ်မှတ်ထားသည့် လမ်းပေါ်တွင်စည်းရုံးရေးယာဉ်တန်းများ လမ်းပြောင်းပြန်ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။
‘‘အာဏာရပါတီကြီးဖြစ်ပြီး တော့ တစ်လမ်းမောင်းသတ်မှတ် ထားတဲ့ နေရာကို ပြောင်းပြန်မောင်းတော့ သူတို့ထုတ်ထားတဲ့ ဥပဒေ သူတို့ မလေးစားသလို ဖြစ်နေတာပေါ့။ သက်ဆိုင်ရာကလည်း ဒါမျိုးကျ အရေးမယူဘူး’’ဟု အောင်လံမြို့မဈေးကြီးအနီး လမ်းမတော်လမ်းပေါ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံး ရေးယာဉ်များ လမ်းပြောင်းပြန် မောင်းခဲ့ခြင်းကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်တွင် ဝေဖန်ရေးသားခဲ့ကြသည်။အောင်လံမြို့တွင် နေထိုင်သူ တစ်ဦးကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ‘‘အောင်လံမြို့ စည်းမရှိ၊ ကမ်းမရှိ တစ်လမ်းမောင်း၊ ပြောင်းပြန် မောင်းနှင်ပြီး မဲဆွယ်စည်းရုံးမှု’’ ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြရေး သားခဲ့သည်။
အောင်လံမြို့ရှိ ယာဉ်ထိန်း တပ်ဖွဲ့မှ ၀န်ထမ်းတစ်ဦးက ‘‘အ ထက်ကို ချက်ချင်းပဲ သတင်းပို့ ထားတယ်’’ ဟု ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ မြို့တွင်း လှည့်လည်မဲဆွယ်မှုတွင် ကားနှင့် သုံးဘီးဆိုင်ကယ်စုစုပေါင်း အစီးနှစ်ဆယ်ကျော်နှင့် လူဦးရေတစ် ထောင်ကျော် ပါဝင်ခဲ့ကြပြီး မဲ ဆွယ်ကြော်ငြာဆိုင်းဘုတ်များသုံး နေရာ၌ စိုက်ထူခဲ့ကြသည်။
7day news journal
No comments:
Post a Comment