နဝဒေးတံတားထိပ်တွင် ယာဉ်တန်ချိန် ကတ္တားပေါ်မှ ဆီဘောက်ဆာကားတစ်စီးချော်ကျ
By
ဇော်မင်းထိုက်
7Day Daily
ပြည်မြို့ နဝဒေးတံတား ကြီးအရှေ့ဘက်ထိပ်ရှိ နေလ သစ္စာကုမ္ပဏီ၏လမ်း၊ တံတား ကြေးကောက်ခံသော ယာဉ်တန် ချိန်ကတ္တားပေါ်မှ ဆီဘောက်ဆာ ကားတစ်စီးချော်ကျတိမ်းစောင်း သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။
အဆိုပါဆီဘောက်ဆာကား သည် စက်တင်ဘာ ၄ ရက် နံနက် ၂ နာရီခန့်က ယာဉ်တန်ချိန်ရန် ကတ္တားပေါ်သို့ မောင်းတက်စဉ် ချော်ကျခဲ့ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် လူများထိခိုက်ဒဏ်ရာမရရှိခဲ့ သော်လည်း ယာဉ်မောင်းသည်အရက်သေစာသောက်စားထား ၍ ကတ္တား၏ဘယ်ဘက် ဘေးသို့ အရှိန်မထိန်းနိုင်ဘဲ ချော်ကျတိမ်း စောင်းခဲ့သောကြောင့် ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်း နှင်မှုဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်ထားသည်။
‘‘ကားထဲ ဓာတ်ဆီပါတယ်။ ယာဉ်မောင်းက မူးနေတယ်။ အရှိန်ပြင်းပြင်းနဲ့ချော်ကျတာမဟုတ်တဲ့ အတွက် အန္တရာယ်ကင်းသွား တယ်’’ဟု ယာဉ်ထိန်းရဲအရာရှိ တစ်ဦးက ပြောသည်။
အရက်သေစာသောက်စား ၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရန်ကုန်မြို့နေ ဦးတင်အေးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုပုဒ်မ ၂၇၉ အရ ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment