Monday, September 21, 2015

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေဆိုးထုတ်စက်များ မီးမလာ၍မလည် ပတ်နိုင်ခြင်းတို့ကြောင့် ပြည်မြို့မြေနိမ့်ပိုင်းရပ်ကွက်များ တွင် ရေမြောင်းများမှတစ်ဆင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေ



ပြည်၊ စက်တင်ဘာ ၂၀-ပဲခူးတိုင်းဒေ သကြီး ပြည်မြို့မြောက်ဘက်အစွန်ရှိ ဖိုးခေါင်၊ ချောင်းနားတန်း၊ နဝင်းရပ် ကွက်နှင့် နဝင်းကွက်သစ်အတွင်းတို့ တွင် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဧရာ ဝတီမြစ်ရေတက်လာခြင်းနှင့် စက်တင် ဘာ ၁၅ ရက်မှစတင်၍ အဆက်မပြတ် ရွာသွန်းမိုးကြောင့် ပြည်မြို့ တွင်း ရေ မြောင်းများမှ ရေဆိုးရေညစ်များလျှံ တက်လာ ခဲ့ပြီး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

''ဒီနေရာက ပုံမှန်ရေကြီးနေကျ နေရာဖြစ်တယ်။ ဒါပေမဲ့ အခုနှစ်က တော့ အဆိုးရွားဆုံးဖြစ်တယ်။ အမှန် က ဒီရပ်ကွက်ရဲ့ဘေးမှာတာရှိတယ်။ အဲဒီကနေ ရေဆိုးစုပ်ထုတ်တဲ့နေရာရှိ တယ်။ အဲဒါကို သူတို့မလုပ်တာ။ မြို့ နယ်စည်ပင်သာယာနဲ့ မြို့နယ်အုပ် ချုပ်ရေးဌာနတွေက အလုပ်မလုပ်တာ ရယ်၊ မီးပျက်နေတာတွေရယ်ကြောင့် အခုလို ရက်ရှည်ရေကြီးနေတာဖြစ် တယ်။ တစ်မြို့လုံးကရေဆိုးတွေက ဒီနေရာမှာလာစုနေတာဖြစ်ပါတယ်'' ဟု နဝင်းကွက်သစ် ၁၄ လမ်းတွင် နေထိုင်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါ ဧရာဝတီမြစ်ရေတက် လာပြီးနောက်ပိုင်း အဆက်မပြတ်ရွာ သွန်းမိုးကြောင့် ရေဆိုးထုတ်မြောင်း များပိတ်ထားခဲ့ရပြီး မြို့တွင်းရှိ ရေ မြောင်းများမှရေဆိုးရေညစ်များ နေ အိမ်များအထိ လျှံတက်လာခဲ့ရာ အ ဆိုပါရေများအား မီးမကြာခဏပျက် ခြင်းများကြောင့် အချိန်မီ မစုပ်ထုတ် နိုင်ခဲ့ခြင်း၊ မီးခဏလာသည့်အချိန်တွင် လည်း မီးအားမပြည့်မီမှုကြောင့် ယခုလို ရေစုပ်ထုတ်ခြင်းများမပြုနိုင် ခဲ့ခြင်းဖြစ်ကြောင်း၊ မီးမလာ၍ လျှပ် စစ်ရုံးသို့ ဖုန်းဆက်အကြောင်းကြား ခြင်း၊ လူကိုယ်တိုင် သွားရောက်ပြော ကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေမှုများနှင့်သာ ကြုံတွေ့ နေရကြောင်း သိရသည်။

''လိုင်းဖော့ဖြစ်လို့ မီးပျက်တာ။ ကြာတာက အဲဒီအပြစ်ကို ပထမလိုက် ရှာရတယ်။ တွေ့တော့မှပြန်ပြင်ပြီး မီး ပြန်လွှတ်ရတယ်'' ဟု ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာ လင်းက ပြောသည်။

ပြည်မြို့ပတ်ဝန်းကျင်ဒေသများမှလာသည့် ရေများနှင့် မြို့ထဲက ရေ ဆိုးတွေပေါင်းပြီး ယခုလို ဧရာ ဝတီမြစ်ရေတက်လာစဉ် ရေတံခါး များပိတ်လိုက်သည့်အခါမျိုးတွင် ရေ စုပ်စက်ကြီးများဖြင့် ဧရာဝတီမြစ် ထဲကို စုပ်ထုတ်ရကြောင်း၊ ယခုရက် ပိုင်းတွင် လျှပ်စစ်မီး အဆက်မပြတ် မလာသောကြောင့် ရေစုပ်စက်ကြီး များဖြင့် စုပ်ယူမှုအားနည်းသွားပြီး တစ်မြို့လုံးက ရေဆိုးနှင့် မိုးရေ ပေါင်းပြီး ယခုကဲ့သို့ ရေကြီးရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုလုပ်နေတဲ့ အင်ဂျင်နီယာ က ပြည်သားမဟုတ်တော့ ပြည်မြို့ ရဲ့ ဒေသန္တရအခြေအနေကို သူမသိနိုင် ဘူး။ သူ့ပညာပိုင်းပဲ သူသိမှာဖြစ်တယ်။ အဲဒီတော့ သူတစ်ယောက်တည်း နည်းပညာအတတ်ပညာတစ်ခု တည်းအား ပြုပြီးလုပ်နေတော့ အခုလိုအမှားမှား အယွင်းယွင်းတွေဖြစ်နေရတာ'' ဟု ပြည်မြို့နယ် စည်ပင်သာယာကော်မ တီအဖွဲ့ဝင် ဦးအေးချိုက ပြောသည်။

K3(pyay)
‪#‎Democracytoday‬

Photo Caption:ပြည်မြို့ နဝင်းကွက်သစ်ရပ်ကွက်တွင် ရေလွှမ်းမိုးမှုအား စက်တင်ဘာ ၁၉ ရက်က တွေ့မြင်ရစဉ်။
Photo: K3(pyay)


No comments:

Post a Comment