သရ၀ဏ်(ပြည်)
လွတ်လပ်စွာရေးသားပိုင်ခွင်.ရှိသည်ဟုယူဆသဖြင်. လွတ်လပ်စွာရေး၏ ။ မည်သူ.ကိုမှသာစေ နာစေမရှိ ၊ အငြိုးအတေးမရှိ ၊ အပေးအယူမရှိ ။မည်သည်.နိုင်ငံရေးပါတီဝင်မှမဟုတ်သဖြင်.စိတ်ရှင်းပေ၏ ။တိုင်းပြည်မျက်နှာကိုသာထောက်၍ဆိုပါမည် ။ အကြောင်းကားမည်သူ.ကိုတိုင်းပြည်ခေါင်းဆောင်တင်ကြမှာလဲဆိုသော ပြသနာဖြစ်သည် ။ သိကြသည်.အတိုင်းမကြာမီတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးလာပေတော.မည် ။ ထိုရွေးကောက်ပွဲ၏အနိုင်အရှုံးရလာဒ်ပေါ်မူတည်၍ နိုင်ငံတော်သမ္မတ၊ တယောက်ပေါ်ပေါက်လာပေမည် ။ ထို.နောက် သမ္မတ၏ အစီအမံနှင်.အစိုးရအဖွဲ.ပေါ်လာမည် ။ တိုင်းပြည်ကို ၂၀၁၆ နှစ်ဆန်းမှ ၂၀၂၀ နှစ်ကုန်အထိ ထိန်းကျောင်းမောင်းနှင်သွားမည်အစိုးရယန္တယားပေါ်ပေါက်လာပေမည် ။ ထိုအခါကျွန်တော်တို.သည် ဘယ်လိုအစိုးရမျိုးကိုလိုချင်သနည်း ၊ ဘယ်လိုခေါင်းဆောင်မျိုးကိုလိုချင်သလဲဆိုတာ ကိုယ်.ဘာသာပြတ်ပြတ်သားသားဆုံးဖြတ်ရတောမည်ဖြစ်သည် ။ တွေဝေနေ၍မဖြစ် ၊ ရေသာခိုအချောင်လိုက်နေ၍မဖြစ် ၊ ရောယိမ်းလိုက်ဘသားယိမ်းလိုက်နေ၍မဖြစ် ၊ သတ္တိနည်းနေ၍မဖြစ် ၊ အများယောင်လိုယောင် အမောင်တောင်မှန်းမြောက်မှန်းမသိလုပ်နေလို.မဖြစ် ။ ခေါင်းဆောင်ကောင်းမှအစိုးရကောင်းမည် ၊အစိုးရကောင်းမှတိုင်းပြည်ကောင်းမည်ဆိုသည်ကို ဘာမှသယံဇာတမရှိသည်.ကျွန်းနိုင်ငံငယ်လေးစင်္ကာပူကသက်သေပြခဲ.ပြီ ။ အစိုးရဆိုးလျှင်ပြည်သူထမင်းငတ်မည်ဆိုသည်ကိုမြောက်ကိုရီးယားနိုင်ငံကသက်သေပြခဲ.ပြီ ။ ထိုအခါမြန်မာနိုင်ငံသည်လည်း အရေးကြီးသောရွေးချယ်မှုကိုပြည်သူများနှင်.နိုင်ငံရေးပါတီများပြုလုပ်ရတော.မည်.အချိန်ဖြစ်သည် ။ ကျွန်တော်တို.ရွေးချယ်ပုံကောင်းလျင် နောင်လာနောက်သားများအနာဂါတ်ကောင်းမည်ဖြစ်ပြီး ကျွန်တော်တို.ရွေးချယ်ပုံညံ.လျှင် ကလေးသူငယ်မှစကာလူငယ်လူရွယ်များ၏အနာဂါတ်သည် ကျွန်တော်တို.လူဖြစ်ခဲ.ရသောဘ၀တွေလိုပင်ကြမ်းတမ်းခက်ထရော်ပေဦးတော.မည်မှာဧကန်မလွဲပင် ဖြစ်သည် ။
မြန်မာနိုင်ငံတွင် လောလောဆယ်၌ ပါတီကြီးနှစ်ရပ်ကြီးစိုးနေသည် ။ လက်ရှိအာဏာရ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ (U.S.D.P)နှင်.အတိုက်အခံအင်အားစုဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (N.L.D ) တို.ဖြစ်သည် ။ ထိုနှစ်ဖွဲ.သည် ပွဲမ၀င်ခင်က အာဏာလက်ခမောင်းခတ်နေသည်မှာကြာပြီဖြစ်သော်လည်း ရွေးကောက်ပွဲဟူသောကွင်းကြီးထဲတွင် တပြည်လုံးအတိုင်းအတာ နှင်. ကျားနှင်.ဆင် ( ခွပ်ဒေါင်းနှင်.ခြင်္သေ.)ရင်ဆိုင်တွေ.ခြင်းကား ပထမဆုံးအကြိမ်ဖြစ်သည် ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုတွေ.ခဲ.သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)နှင်. N.L.D ရင်ဆိုင်ခဲ.ခြင်းဖြစ်ပြီး ထိုပွဲတွင် N.L.D အပြတ်အသတ်အနိုင်ရရှိခဲ.သည် ။ သို.သော် န.၀.တ အစိုးရက အာဏာလွှဲမပေးသဖြင်.N.L.D အစိုးရမဖွဲ.နိုင်ခဲ.ချေ ။ ၂၀၁၀ရွေးကောက်ပွဲတွင် ရင်ဆိုင်ရာတွင်လည်း ကြံ.ခိုင်ရေးနှင်.ယှဉ်ပြိုင်ရန် N.L.D မပါဝင်ခဲ.သဖြင်. ကြံ.ခိုင်ရေးနှင်. NDF ပါတီသာအဓိကရင်ဆိုင်ခဲ.ရသည် ။ လက်ရှိစစ်ခေါင်းဆောင်များ၏ အထောက်အပံ.များ တိုက်ရိုက်ရရှိခြင်း ၊ ပါတီဝင်လူအင်အား ငွေအင်အား ၊၀င်ရောက်ယှဉ်ပြိုင်သော အမတ်လောင်းအင်အား လုပ်ပိုင်ခွင်.အင်အားတို.အပြတ်အသတ်သာသဖြင်. ၂၀၁၀ တွင် ကြံ.ခိုင်ရေး အပြတ်အသတ်အနိုင်ရခဲ.သည် ။ ဒါတောင် NDF နှင်.ပြိုင်ရသောမဲဆန္ဒနယ်များတွင် ကြိုတင်မဲများလိုသလောက်ရောက်လာခြင်းကပြောစမှတ်ဖြစ်ခဲ.သည် ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် NLD နှင်.ကြံ.ခိုင်ရေး အကြိုအားစမ်းကြသော ရွေးကောက်ပွဲဖြစ်သည် ။ ကြံ.ခိုင်ရေးတစ်နေရာမှမနိုင်ပဲ မဲအပြတ်အသတ်ရှုံးနိမ်.ခဲ.၏ ။ သို.သော် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာကိုသာပြန်လည်ရွေးကောက်တင်မြှောက်ခြင်းဖြစ်၍ တစ်နိုင်ငံလုံးပါဝင်သော အထွေထွေရွေးကောက်ပွဲတခုမဟုတ်ခဲ.ပေ ။ NLD နိုင်သော်လည်း လွှတ်တော်ထဲတွင် ကြံ.ခိုင်ရေးအမတ်များနှင်.တပ်မတော်သားအမတ်များကစီးမိထားပြီဖြစ်သည် ။
၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီအများစုနိုင်ခဲ.မည်ဆိုလျှင် (သို.မဟုတ် ) ၂၆ ရာခိုင်နှုန်းနိုင်ခဲ.၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင်.ပူးပေါင်းခဲ.မည်ဆိုလျှင် မြန်မာနိုင်ငံ၏သမ္မတသည် ဦးသိန်းစိန် သော်လည်းကောင်း (သို.မဟုတ် ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မှထွက်၍ သမ္မတတက်လုပ်ခြင်းသော်လည်းကောင်း ဖြစ်လာပေမည် ။ သို.မဟုတ် တပ်မတော်မှ ခါတော်မီအငြိမ်းစားယူကာရွေးကောက်ပွဲဝင်နွှဲကြသော ဗိုလ်ချုပ်ကြီးဟောင်းတဦးဦး သမ္မဖြစ်လာနိုင်ချေရှိပါ၏ ။ မည်သူသမ္မတဖြစ်စေ ကြံ.ခိုင်ရေးပါတီနိုင်ခဲ.လျှင် ဖြစ်လာမည်.သမ္မတသည် အရပ်သားထဲမှမဟုတ်ပဲ စစ်ဗိုလ်ချုပ်လူထွက်အသစ်ကြပ်ကြွပ် သော်လည်းကောင်း ၊ စစ်ဗိုလ်ချုပ်လူထွက်ငါးနှစ်သား သော်လည်းကောင်းဖြစ်ကြမည်မှာမြေကြီးလက်ခတ်မလွဲနိုင်သော ဟောကိန်းဖြစ်သည် ။ ကြံ.ခိုင်ရေးပါတီနိုင်လျှင် ဖြစ်လာမည်.သမ္မတသည် အရပ်သားထဲမှလုံးဝမဟုတ်နိုင်သည်ကတော. ဗေဒင်မေးစရာမလို သွေးထွက်အောင်မှန်မည်.ဟောကိန်းဖြစ်သည် ။ သေချာသည် ၊ ကြံ.ခိုင်ရေးနှင်.တပ်မတော်သားကိုယ်စားလှယ်များ၏ မဟာမိတ်အင်အားဖြင်.တက်လာသူသည် မည်သို.မှအရပ်သားတယောက်မဖြစ်နိုင် ၊ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုသမ္မတတင်သလို ဒုသမ္မတလောက်သာ အရပ်သား အယောင်ပြ ဒုသမ္မတဖြစ်ကောင်းဖြစ်မည် ။ အဓိကသမ္မတကတော. ကမ္ဘာပျက်ချင်သာပျက်လိမ်.မည် သူတို.သာမဲပေးရွေးချယ်ခွင်.ရခဲ.လျှင် အရပ်သားသမ္မတကိုတင်မြောက်ဖို.တပ်မတော်တွင်လည်းကောင်း ၊ ကြံ.ခိုင်ရေးပါတီတွင်လည်းကောင်း လုံးဝအစီအစဉ်မရှိတာသေချာသည် ။
N.L.D နိုင်လျှင် အရပ်သားသမ္မတ တက်ချင်လည်းတက်မည် ၊ သူရဦးတင်ဦး တို.လို စစ်ဗိုလ်ချုပ်ဟောင်းတဦးကို သမ္မတအရာတွင်ထားချင်ထားလိမ်.မည် ၊ ဦးဝင်းထိန်လိုလူမျိုးကို သမ္မတနေရာမှာထားချင်လည်းထားလိမ်.မည် ။ ဦးဝင်ထိန်၏တပ်မတော်ရာထူးသည် ငယ်နေသဖြင်. N.L.D မှ သမ္မတတင်မြောက်ချင်မှလည်း တင်မြှောက်မည် ။ အရပ်သားပညာတတ်သမ္မတအဖြစ်အဖြစ်သင်.ဆုံး လူဖြစ်သောဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင်.မရှိအောင်ပိတ်ပင်ထားပြီးဖြစ်ရာ N.L.D နိုင်ခဲ.လျှင်ပါတီဝင်ထဲမှ သင်.တော်ရာ အရပ်သားသမ္မတလောင်း ကိုလည်းကောင်း (သို.မဟုတ် ) ဦးခွန်ထွန်းဦးစသော မဟာမိတ်တိုင်းရင်းသားပါတီထဲမှ ထိုက်တန်သူတဦးကိုလည်းကောင်းရွေးချယ်နိုင်ပါသည် ။ မည်သို.ပင်ရှိစေ N.L.D နိုင်လျှင် အရပ်သားသမ္မတတက်လာနိုင်ချေ သည် ရာခိုင်နှုန်း (၈၀) ရှိနေနိုင်ပါသေး၏ ။
ထိုအခါကျွန်တော်တို.သည် မည်သည်.သမ္မတမျိုးကိုလိုချင်သနည်းဟုဆန်းစစ်ရပေမည် ။ မှန်ရာကိုအားမနာစတမ်းပြောရလျှင် ပြည်သူလူထုသည် စစ်တပ်မှလာသောခေါင်းဆောင်များကိုစိတ်ကုန်နေသည်မှာကြာပေပြီ ။ အနာဂါတ်မြန်မာနိုင်ငံ၏ခေါင်းဆောင်ကိုမည်သူ.ကိုရွေးရွေးတပ်မတော်မှလာသူတစ်ယောက်တော.မဖြစ်စေချင်ပါ ။အဘယ်.ကြောင်.နည်း ။ အကြောင်းရှိပါသည် ။ ပထမအချက်မှာ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အုပ်ချုပ်ရေး ၊ဥပဒေပြုရေး ၊တရာစီရင်ရေးတွင် အသာစီးယူထားတာတော်တော်များနေလေသည် ။ ပြည်သူလူထုဘက်ကအရပ်သား ပြည်သူ.အာဏာမှာ မဆိုသလောက်သာရှိသည် ။ ထိုအထဲကမှ သမ္မသည် စစ်တပ်မှလာသူဖြစ်လျှင် စစ်အာဏာ ရှိပြီးသားကိုစစ်အာဏာထပ်ဆင်.လျက် စစ်အပေါ်စစ်ကဲကာ ဒီမီကရေစီအယောင်ပြစစ်အာဏာရှင်နိုင်ငံတော်ဖြစ်သွားမှာကိုစိုးရိမ်သောကြောင်.ဖြစ်သည် ။ ဒီမိုကရေစီအယောင်ပြဟုပြောရခြင်းမှာ ပြည်သူလူထု၏အသက်စည်းစိမ်အိုးအိမ်သည် စစ်ခေါင်းဆောင်များရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအောက်တွင်မလုံခြုံ၍့ဖြစ်သည် ။ စစ်သားကပြည်သူလူထုအပေါ်ကျူးလွန်သောရာဇ၀တ်မှုများသည် တန်းပြည်.စစ်မှုထမ်းနေချိန်မဟုတ်စေကာမူ ( စစ်တိုက်နေသောရှေ.တန်းနယ်မြေမဟုတ်စေကာမူ ) ခံရသူ အရပ်သားသည် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုပိုင်ခွင်.မရှိ ပဲ စစ်ဘက်တရားရုံးတွင်သာစီရင်ပိုင်ခွင်.ရှိသည်ဟုအခြေခံဥပဒတွင်ပြဌာန်ထား၍ဖြစ်သည် ။အရပ်ဘက်တွင်ကျူးလွန်သော လူသတ်မှု၊လူသေစေမှု ၊ မတရားချုပ်နှောင်မှု ၊မုဒိမ်းမှုစသည်တို.ကိုအရပ်ဘက်တရားရုံးတွင်တရားစွဲခွင်.မရှိခြင်းသည် ပြည်သူလူထု၏ ဥပဒေကြောင်းအရနစ်နာဆုံးရှုံးမှုကြီးဖြစ်သည်။ စစ်ဘက်တရားရုံး၏တရားစီရင်မှုအသေးစိတ်ကိုလည်း အရပ်သားများနှင်.မီဒီယာများတက်ရောက်နားထောင်သိရှိခွင်.မရပဲ ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည် ဟုဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၃(ခ) တွင်ပါရှိသဖြင်. ကာကွယ်ရေးဦးစီးချုပ်သည် တရားစီရင်ရေးမဏ္ဍိုင်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင်.ပြည်ထောင်စုတရားသူကြီးချုပ်တို.ထက် မြင်.မားသောအာဏာကိုရယူထားနိုင်ခြင်းဖြစ်နေပါသည် ။ ထိုသို.မြင်.မားသောတရားလွန်အာဏာကိုရယူထားပြီးနောက် သမ္မတသည်လည်းတပ်ကလာသူဖြစ်သည်ဆိုလျင်တပ်ပေါ်တပ်ဆင်.ကာ စစ်အာဏာရှင်နိုင်ငံပဲပေါ်ပေါက်လာပေမည် ။ ထိုအချက်သည် တိုင်းပြည်နောင်ရေးအတွက် အလွန်အရေးကြီးသောအချက်ဖြစ်သည် ။ မည်သူ.ကိုမုန်း၍ မည်သူ.ကိုဖား၍ပြောနေခြင်းမဟုတ် ၅၁ သန်းသောပြည်သူလူထုအပေါ်ကျရောက်လာမည်. နိုင်ငံရေးဘေးဒုက္ခဆိုးကြီးကိုထောက်ပြဝေဖန်နေခြင်းဖြစ်သည် ။ထို.ကြောင်. လောလောပြင်၍မရသေးသည်. စကြာဝတေးမင်းသဖွယ်ဖြစ်တော်မူသောကာချုပ်၏တရားလွန်အာဏာကို မပြင်ဆင်နိုင်သေးသည်.အချိန်တွင် တပ်မှလာသည်.စစ်ဗိုလ်ချုပ်တစ်ယောက်သမ္မတဖြစ်မည်.အရေးကို နိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းဝန်းမဲပေးတိုက်ဖျက်သင်.ပေသည် ။ဆိုရလျှင် တပ်မတော်နှင်. စည်းဝါးရိုက်ကာတသားတည်းဖြစ်နေသောပါတီကိုမဲပေးမိလျှင်ကာချုပ်နှင်.သမ္မတညှပ်၍တိုက်သော ပြင်းထန်သောစစ်အုပ်ချုပ်ရေးပုံစံမျိုးသာ ရောက်ရှိလာပေမည် ။ထိုပုံစံကိုလည်း ၂၀၁၀ မှ ၂၀၁၅ အတွင်းပထမအကြိမ်အမြည်းသဘောနှင်. ကြုံခဲ.ရပြီးပြီဖြစ်သည် ။
စစ်ဗိုလ်ချုပ်များကို နိုင်ငံတော်သမ္မတမဖြစ်စေလိုသောနောက်တစ်ချက်မှာတပ်မတော်သားများသည် စစ်တပ်စည်းမျဉ်းဖွဲ.စည်းပုံစနစ်အရ အမိန်.ပေး အမိန်.ခံစနစ်နှင်.အသားကျနေသူများဖြစ်သည် ။ အထက်အမိန်.နာခံမှုကိုသာ အဓိကထားတတ်သူများဖြစ်ရာ သူတို.သည် အထက်ကခိုင်းမှလုပ်တတ်သည် ။အထက်အမိန်.မရပဲ ကိုယ်.ဆုံးဖြတ်ချက်နှင်.ကိုယ် ဘာမှမလုပ်တတ် ။ အမိန်.အရလုပ်ရာတွင် ခိုင်းသလောက် အမိန်.ပေးသလောက်သာလုပ်တတ်သည် ၊ ခိုင်းတာထက်ပိုပြီးလည်းမလုပ်တတ် ၊ ခိုင်းတာထက်လျှော.ပြီးလည်းမလုပ်တတ် ၊ခိုင်းသလောက်ကိုသာ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာလိုချင်တယ်ဟူသောသြ၀ါဒဖြင်.တိတိကျကျ တသဝေမတိမ်းဆောင်ရွက်တတ်သည် ။ဥပမာအားဖြင်. လွှတ်တော်ထဲတွင်မဲခွဲကြသောအခါ တပ်မတ်ာသားလွှတ်တော်ကိုယ်စားလှယ်များသည် ယိမ်းတိုက်ထားသလို တညီတညွတ်တည်းမဲပေးကြခြင်းကိုကြည်.၍ ပင်ကိုယ်ဥာဏ်ဖြင်.ဆုံးဖြတ်ခြင်းမဟုတ်ပဲ အမိန်.ပေးအမိန်.ခံစနစ်ဖြင်.မဲပေးကြခြင်းဖြစ်ကြောင်းတွေ.နိုင်ပေသည် ။ ထိုဓလေ.သည် စစ်တပ်ထဲတွင် စစ်တိုက်ကြသောအခါအသုံးဝင်သော်လည်း နိုင်ငံတော်ကိုဦးဆောင်အုပ်ချုပ်ကြသောအခါ အလုပ်မဖြစ်တာတွေ.ရသည် ။ တိုင်းသူပြည်သားများကလိုချင်သောခေါင်းဆောင်မှာ သူများအမိန်.ပေးမှလုပ်တတ်သောခေါင်းဆောင်မဟုတ် ၊ မိမိ၏ကိုယ်ပိုင်ဥာဏ်နှင်.ချင်.ချိန်၍ ပိုလုပ်စရာရှိလျှင် ပိုလုပ်တတ်သော ၊လျှေ.လုပ်စရာရိလျှင်လျှော.လုပ်တတ်သော ၊ အရာရာကိုပညာဥာဏ်ဖြင်.ဆုံးဖြတ်ဦးဆောင်တတ်သည်.လီကွမ်ယုလိုအရပ်သားပညာတတခေါင်းဆောင်ကိုဖြစ်သည် ။ချွင်းချက်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းလို ၊ ဂျော.၀ါရှင်တန်လို ၊ သာလွန်မင်းတရားကြီးလို စစ်ဘက်ရော အရပ်ဘက်အုပ်ချုပ်ရေးရောကျွမ်းကျင်သူများရှိနိုင်ပါ၏ ။ သို.သော်မြန်မာနိုင်ငံ၌ထိုလိုခေါင်းဆောင်များမှာ ထပ်၍မတွေ.ဘူးအောင်အလွန်ရှားပါးသည်ဟုပြောရမည်ဖြစ်သည် ။
လူသည်ဘက်စုံတော်ဖို.ဆိုသည်မှာမမျှော်လင်.ကောင်းသောကိစ္စဖြစ်သည် ။ စစ်တိုက်တာတော်သူက စီးပွားရေးတွင်တော်ချင်မှတော်မည် (ဥပမာအဖြစ် တပ်မတော်မှနိုင်ငံတော်အာဏာကို ၁၉၆၂ မှစကာ ချုပ်ကိုင်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ.အဆင်းရဲဆုံး LDC နိုင်ငံသို.သက်ဆင်းသွားခြင်း ၊အာဆီယံ ၁၁ နိုင်ငံတွင် ဘိတ်ဆုံးနီးပါးသို.ရောက်နေခြင်း၊ ပညာရေးစနစ်ချွတ်ခြုံကျသွားခြင်း စသည်တို.ကိုကြည်.နိုင်သည် ) ။ ဆေးပညာတော်သူက အင်ဂျင်နီယာပညာတွင်ရချင်မှရမည် ။ ငါတို.အားလုံးတော်သည် အားလုံးတတ်သည်ဟုထင်နေပါက ရူးသွပ်မှုတခုသာဖြစ်ပေလိမ်.မည် ။ တဖန် အရပ်သားများသည် စစ်ရေးနားမလည်သဖြင်. သမ္မတမလုပ်သင်.ဟုယူဆပါကလည်းမှန်မည်မဟုတ် ၊ ပြီးခဲ.သောရက်ပိုင်းက တောင်နှင်.မြောက်ကိုရီးယားနှစ်နိုင်ငံစစ်ရေးတင်းမာမှုများဖြစ်စဉ်က တောင်ကိုရီးယားနိုင်ငံမှအရပ်သား အမျိုးသမီးသမ္မတသည် စစ်ရုံးးချုပ်တွင်ကိုယ်တိုင်ရောက်ရှိကွပ်ကဲနေသည်ကိုသတင်းများတွင်တွေ.ရပါသည် ။ အရပ်သားအမျိုးသမီးက နိုင်ငံကာကွယ်ရေးကိုစနစ်တကျ လုပ်ဆောင်ကွပ်ကဲနိုင်တာတွေ.ရပေသည် ။ အရပ်သားတိုင်း အလကားဟူသော အထင်အမြင်သေးသည်.အယူအဆမှာ Brain Wash လုပ်ခံထားရသောအယူအဆသာဖြစ်သည် ။မမှန်ကန်နိုင်ပေ ။
တဖန် အတိုက်အခံပါတီဖြစ်သောN.L.D ပါတီကိုပြန်ကြည်.ကြပါစို. ။ သူတို.နိုင်၍အစိုးရဖွဲ.နိုင်ခဲ.လျှင် ပင် သူတို.ပါတီမှ တပ်မတော်မှအရာရှိဟောင်းများကိုပင် သမ္မတလောင်းမတင်မြှောက်စေချင်ပေ ။ ကျွန်တော်တို.နိုင်ငံကိုဆင်းရဲတွင်းမှဆွဲထုတ်၍ကမ္ဘာ.အလည်၌ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်သောအခြေခံကောင်းများချပေးနိုင်သော အရပ်သားပညာတတ် ခေါင်းဆောင်တယောက်ကိုသာ (ယောကျာင်္းဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ) လိုချင်ပါသည် ။ ကျွန်တော်တို.နိုင်ငံကိုခေါင်းဆောင်မည်.သူသည် ကမ္ဘာကလက်ခံသောခေတ်ပညာတစ်ခုခုကိုပေါက်ပေါက်မြောက်မြောက်တတ်စေချင်ပါသည် ။ အိုင်တီနည်းပညာကို နားလည်တတ်ကျွမ်းသူ ဖြစ်စေချင်ပါသည် (ထိုဆန္ဒသည် မြန်မာပြည်တ၀ှမ်းလုံးရှိ လူဝင်မှူကြီးကြပ်ရေးရုံးများ ၊ အစိုးရဘဏ်များ ၊ အခွန်ဦးစီးရုံးများ၊ စာတိုက်များ ၊ရဲစခန်းများ အခြားဌာနဆိုင်ရာများတွင် မှတ်တမ်းမှတ်ရာများကို စက္ကူဖိုင်လ်များတွဲကာ မြွေရေခွံအိတ်များ ၊ သစ်သားဖိုင်တွဲများ ၊ တောင်လိုပုံသောစာရွက်စာတမ်းများဖြင်.သိမ်ဆည်းထားကြပုံကိုမြင်တိုင်းပေါ်လာသောစိတ်ကူးဖြစ်သည် ) ။ အိုင်တီနည်းပညာဆိုသည်မှာ ကျောင်းများ ၊ ရုံးများတွင် ဟန်ပြအဖြစ်ကွန်ပျူတာ နှစ်လုံး၊သုံးလုံးလောက်ထားခြင်းဟုထင်နေသူများနိုင်ငံကိုဦးဆောင်နေသမျှမြန်မာနိုင်ငံသည် ကမ္ဘာ.နောက်ဆုံးခပ်ဝေးဝေးတွင်ဖွတ်ကျောပြာစုကာကျန်ရစ်နေမည်ဖြစ်သည် ။ ထို.ကြောင်.အလွန်အသက်ကြီးသော သမ္မတမျိုးကိုလည်ကျွန်တော်တို.မလိုချင်ပါ ။ တတ်နိုင်လျှင်မြန်မာနိုင်ငံ၏ သမ္မတသစ်သည် အသက် ၄၀ နှင်. ၇၀ ကြားသာဖြစ်သင်.ပါသည် ။ အသက်အရွယ်ငယ်လွန်းသောအခါအတွေ.အကြုံနုနယ်ခြင်းကိုတွေ.နိုင်သလို အသက်အရွယ်ကြီးလွန်းခြင်းသည် နိုင်ငံတော်အတွက် အားသွန်ခွန်စိုက်အလုပ်မလုပ်နိုင်ခြင်း ၊ အသစ်ပေါ်ပေါက်လာသောနည်းပညာများကို နားမလည်သည်.အတွက်လက်ခံအသုံးချရန် ငြင်းဆန်ရှောင်လွဲခြင်းတို.ဖြစ်ပေါ်နိုင်ပါသည် ။ နိုင်ငံတကာဗဟုသုတရှိသူလည်းဖြစ်စေချင်ပါသည် ။ နိုင်ငံတကာတွင်ကျဉ်ဆန်ရထားပြေးဆွဲနေကြချိန်တွင်ရန်ကုန်မြို.ပါတ်ရထားအချိန်မမှန်ခြင်း၊ရထားအစင်းလိုက်ပျောက်သွားခြင်းများကို ရှက်ရကောင်းမှန်းသိသူများဖြစ်စေချင်ပါသည် ။နောက်ဆုံးအရေးအကြီးဆုံးအချက်မှာ ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက်သက်သက်အလုပ်လုပ်ပေးလိုသော စာရိတ္တမျိုးရှိသူ ။မှတ်ကျောက်တင်ဝံ.သူကိုကျွန်တော်တို.နိုင်ငံ၏ခေါင်းဆောင်ဖြစ်စေလိုပါသည် ။မိမိနှင်.မိမိအမျိုးအသိုင်းအ၀ိုင်းကောင်းစားရေးအတွက်လုပ်သွားကြသော မြင်ဖူးပြီးသား ခေါ်င်းဆာင်များကိုလူထုသည်မမြင်ချင်ကြတော.ပါ ။အတိုချုပ်၍ပြောရလျှင်
- စစ်တပ်မှမဟုတ်သောသူ
- ပညာတတ်သူ
- အကျင်.စာ၇ိတ္တကောင်းသူ
- ကျန်းမာရေးကောင်းသူ
- နိုင်ငံတကာအဆင်.တွေးခေါ်တတ်သူ
ကိုအနာဂါတ်မြန်မာနိုင်ငံ၏သမ္မတဖြစ်စေချင်ပါသည် ။ဒါမှသာတိုင်းပြည်ဆင်းရဲတွင်းမှရုန်းထနိုင်ပါမည် ။ ထိုခေါင်းဆောင်မျိုးတင်မည်ဟုယုံကြည်ရသောပါတီကိုသာ တနိုင်ငံလုံးစုပြုံထောက်ခံရပါမည် ။ ဒီပုတ်ထဲကဒီပဲများကိုရွေးကောက်တင်မြှောက်လိုက်ပါလျှင်နောက်ထပ် ငါးနှစ်မဆိုထားနှင်. နောက်ထပ် ငါးကမ္ဘာကြာသည်အထိ မြန်မာပြည်သည် လူမွဲဘ၀မှနာလန်ထနိုင်မည်မဟုတ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.သတင်းဂျာနယ်
သောကြာ
No comments:
Post a Comment