Monday, September 14, 2015

ရွှေဆံတော်စေတီတော်မြတ်ကြီး ၁၃၇၇ ခုနှစ် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် (၁၁၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဒေသစာရီကြွချီ အပူဇော်ခံမည်



ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှေးဟောင်သမိုင်ဝင်လေးဆူဓါတ်ပျော်
ရွှေဆံတော်စေတီတော်မြတ်ကြီး၏နှစ်စဉ်ကျင်းပမြဲ ၁၃၇၇ ခုနှစ်
ဗုဒ္ဓပူဇနိယပွဲတော်နှင့်(၁၁၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်(၃)နှစ်
လျှင်တစ်ကြိမ် မြို့တွင်းသို့ဒေသစာရီ လှည့်လည်အပူဇော်ခံယူရေး
အတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့်အထောက်အကူပြုလုပ်
ငန်းကော်မတီများ၏(ပထမ)အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို
(၉.၉.၂၀၁၅)ရက်နေ့ နေ့လည်(၂း၀၀)အချိန်တွင် အဆိုပါစေတီတော်
မြတ်ကြီး၏ မြတ်စွယ်တော်တိုက်တွင်ကျင်းပပါသည်။

အခမ်းအနားတွင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ပြည်ခရိုင်
အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ဦစီးကော်မတီ ဒုဥက္ကဌ ရွှေဆံတော်
ဂေါပက ဦးမြဝင်း(မြဝင်းဒသန)တို့မှ ပွဲတော်ကြီး အေးချမ်းသာယာစည်
ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများတာဝန်ခံဆောင်
ရွက်ရန်တို့အား ရှင်းလင်းပြောကြားပါသည်။ဆက်လက်၍ ပွဲတော်ကျင်းပ
ရေးလုပ်ငန်းကော်မတီများဖြစ်သည့် လုံခြုံရေးကော်မတီ၊မြတ်စွယ်တော်
ဒေသစာရီ လှည့်လည်အပူဇော်ခံယူရေး၊ကော်မတီ၊စည်းကမ်းထိန်းသိမ်း
ရေး၊ကျန်းမာရေး၊သတင်းမှတ်တမ်းနှင့်ပြည်လည်လှုံ့ဆော်ရေး၊သယ်ယူ
ပို့ဆောင်ရေး၊ဈေးဆိုင်ခန်းများနေရာချထားရေး၊အခမ်းအနားပြင်ဆင်ရေး၊
ပျော်ပွဲရွင်ပွဲနှင့်ဇတ်သဘင်ပွဲကျင်းပရေး၊ဆွမ်းဆန်စိမ်းလောင်လှူရေး၊ကြိုဆို
ဧည့်ခံချက်ပြုတ်ကျွေးမွေးရေးလုပ်ငန်းကော်မတီ အသီးသီးတို့မှဥက္ကဌနှင့်
အတွင်းရေးမှူးများမှမိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ၍(ပထမ)အကြိမ်လုပ်ငန်းအစည်းအဝေး
ကိုနေ့လည်(၃း၃၀)အချိန်တွင်ရုပ်သိမ်းခဲပပါသည်။

ရှေးဟောင်းသမိုင်းဝင် ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်
မြတ်ကြီးအား ဗုဒ္ဓမြတ်စွာဗျာဒိတ်တော်အရ မဟာသက္ကရာဇ်(၁၀၃)ခု တ
ပေါင်းလဆန်း(၁၃)ရက်နေ့တွင် ကကုသန်၊ကောဏာရုံ၊ကဿပ၊ဂေါတမ၊
မြတ်စွာဘုရားရှင်တို့၏ဓါတ်တော် မွေတော်များနှင့်ဆံတော်အစစ်တို့ကို
ဠာပနာပြု၍တည်ထားတော်မူရာ စေတီတော်ကြီးဖြစ်ပြီး ၄င်းစေတီတော်
မြတ်ကြီးရှိဗုဒ္ဓမြတ်စွယ်တော်မှာ မြန်မာသက္ကရာဇ်(၁၂၆၁)ခုနှစ်တွင်သီဟိုရ်
ကျွန်းသီရိလင်္ကာနိုင်ငံမှမြတ်စွယ်တော်အစစ်နှင့်အတူကိန်းဝပ်၍မြန်မာနိုင်ငံ
ပြည်မြို့သို့ပင့်ဆောင်လာသောဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူဖြစ်သည်။စေ
တီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော်နှင့်မြတ်စွယ်တော်ဒေသစာရီအပူဇော်
ခံပွဲတော်ကြီးအား တန်ဆောင်တိုင်ပွဲတော်ရက်ဖြစ်သည့်(၁၉.၁၁.၂၀၁၅)မှ
(၂၈.၁၁.၂၀၁၅)နေ့အထိ(၁၀)ရက်တိုင်တိုင် ကျင်းပမည်ဟုသိရှိရပ်သည်။

ကလောင် ဥက္ကာမြင့်
ပြည်ခရိုင်သတင်းစုံ
ဓာတ်ပုံ - Ko Nyi


No comments:

Post a Comment