Saturday, September 19, 2015

ပရဟိတအဖွဲ့များမှ ​ကိုယ်​ထူကိုထ ​ရေစုတ်​ထုတ်



ပြည်​မြို့တွင်​ မိုးဆက်​တိုက်​ရွာသွန်းမှု​ကြောင့်​ ​ရေများပြန်​လည်​မြင်​တက်​​နေပြီး နဝင်းကွက်​သစ်​နှင့်​ ရပ်​ကွက်​အချို့တွင်​ ​ရေများဝင်​​ရောက်​လျက်​ရှိပါသည်​။ ပြည်​မြို့ရှိ ပရဟိတအဖွဲ့များမှ ယ​နေ့နံနက်​ ၁၁ နာရီခန့်​တွင်​ နဝင်းကွက်​သစ်​ထဲမှ ​ရေများကို လူအင်​အား စက်​အင်​အားများဖြင့်​ စုတ်​ထုပ်​ခဲ့ကြ​ကြောင်း သိရပါသည်​။

အဆိုပါ ပရဟိတအဖွဲ့တွင်​ ဦး​ဆောင်​လုပ်​ကိုင်​​နေသူ ကို​အောင်​ဟိန်းအား ​​ရေ​ဘေးလုပ်​​ဆောင်​ချက်​များနှင့်​ ပတ်​သက်​ပြီး မေးမြန်းခဲ့ပါသည်​။

"" မနေ့ကနေ့လယ်တည်းကစီစဉ်ပြီး .
ယနေ့နံနက်၁၁နာရီတွင် စတင်လည်ပတ်စုတ်ထုတ်နေပါပြီ
ကျွန်တော်တို့ ယခင်ဆောင်ရွက်နေကြ အရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်ပြီး ကိုယ်တူကိုယ်ထဆောင်ရွက်နေကြတာပါ။

ဝင်းညီနောင် သဲကျောက်ဒိုင် မှ ကိုဝင်းထွန်းမိသားစုမှ
စက်ပစ္စည်းအားလုံးအား အခမဲ့ကူညီပြီး
ဒေါက်တာဝဏ္ဏ၀င်း ပရဟိတမိသားစု ပြည်မှ တစ်သိန်း
ကျားပျံမ​ကောက်​​ဆေးလိပ်​ခုံ မိသားစု #တစ်​သိန်း
ဆင်​ဖြူကျွန်း ပွဲရုံ မိသားစု #ငါး​သောင်း
New Life စာအုပ်ဆိုင် မိသားစု မှ နှစ်သောင်း
ရွှေ​ခေတ္တရာ ဦးအပီတူး မိသားစု #ဒီဇယ်​၅ဂါလံ
KM ဆားစက် မိသားစုမှ #ဒီဇယ်၅ဂါလံ
Photo World ဓာတ်ပုံဆိုင် မှ #၁သောင်း
မတည်လှူဒါန်းထားပြီး စတင်ဆောင်ရွက်နေကြခြင်း
ဖြစ်ပါသည်။

တစ်ခုပြောချင်တာ အရပ်ဖက်အဖွဲ့အစည်း.ဗဟို. နှင့် အတူ
ရပ်ကွက်သူရပ်ကွက်သားတွေဝိုင်းဝန်းတယ်၊
အရံမီးသတ်အဖွဲ့တွေလည်းဝိုင်းဝန်းတယ်၊
ခေတ္တရာအသင်းဝိုင်းဝန်းတယ်၊
တစ်ခုပြောချင်တာ အားလုံးပုဆိုးတွေချည်ပါဘဲ
ဘောင်းဘီတွေမဟုတ်ပါခင်ဗျာ
အားလုံးအဆင်ပြေကြပါစေဆိုတဲ့ စိတ်​နဲ့လုပ်​ကြတာပါ ""

ဟု​ဖြေကြားသွားခဲ့ပါသည်​။

ကို​အောင်​ဟိန်း - 095310884

Pyae Phyo Pyay


No comments:

Post a Comment