သရ၀ဏ်(ပြည်)
စစ်တုရင်ကစားသောအခါ ဘုရင် ၊ဘုရင်မ
စသည်.အရုပ်များမှာ တစ်ရုပ်စီသာရှိပြီး ၊
နယ်ရုပ်ကလေးတွေကတော.အများအပြားရှိကြသည် ။ ဘုရင်သည်ရှေ.နောက်ဝဲယာ၊
ဒေါင်လိုက်(ရှေ.ဘယ်) ၊ဒေါင်လိုက်(ရှေ.ညာ) ၊ ဒေါင်လိုက်(နောက်ဘယ် )
၊ဒေါင်လိုက်(နောက်ညာ) စသည်ဖြင်.
မိမိအနီးအပါးအကွက်ရှစ်ကွက်ထဲမှကြိုက်ရာကိုရွှေ.နိုင်သည် ။ ရထား သည်လည်း
တည်.တည်ဘေးတိုက်ကြိုက်သလိုလမ်းရှိသရွေ.သွားနိုင်သည်
။ဘုရင်မသည်လမ်းရှိသမျှကြိုက်သလိုရွှေ.လို.ရသည် ။ မြင်းသည်
ခုန်စရာရှစ်နေရာရှိသည် ။သို.သော်နယ်ရုပ်ကလေးများသည်
တစ်ခါရွေ.လျှင်တက်စရာတစ်ကွက်ပဲရှိသည် ။ တခါတရံ
ဘုရင်ကြီးကိုအကာအကွယ်ပေးလိုသဖြင်.ထိုးကျွေးခံရသည်များလည်းရှိသည် ။
အကြောင်းမယ်မယ်ရရမရှိပဲ အစားခံရတာလည်းရှိသည် ။ ကျွန်တော်သည်ငယ်စဉ်ကပင်
စစ်တုရင်ကစားလျင် နယ်ရုပ်တော.မည်သည်အခါမျှမဖြစ်လို
။ရုပ်ရှင်များကြည်.ရာတွင်ရှေးခေတ်စစ်ပွဲများတွင်တွေ.ရတတ်သောနှစ်ဘက်စစ်တပ်ကြိးအလုံးအရင်းနှင်.
စစ်တိုက်ကြသည်.အခါ ဘာကြောင်.၊ဘာ.အတွက်မှန်းကိုယ်တိုင်သေသေချာချာမသိပဲ
ခုတ်ကြထစ်ကြ ၊ ထိုးကြနှက်ကြ ၊ အသေခံကြရ ၊
တယောက်ကိုတယောက်လက်တွေ.သတ်ကြဖြတ်ကြရသော ရိုရိုးတပ်သားကလေးမဖြစ်လို ။
တိုက်ပွဲတစ်ပွဲကိုဦးစီးကွပ်ကဲသောသူသာဖြစ်လိုသည်မှာ ကျွန်တော်၏
စိတ်ကူးဆန္ဒဖြစ်သည် ။ အဘယ်.ကြောင်.ဆိုသော် Helen of Troy လိုရုပ်ရှင်ထဲတွင်
ထရွိုင်နှင်.စပါတာ နှစ်ဘက်စစ်တပ်ကြီး ရင်ဆိုင်တိုက်ခိုက်ကြသောအခါတွင်
ဘုမသိဘမသိ
တိုက်ကြခိုက်ကြရင်းကျဆုံးသွားသောအညတရစစ်သည်များကိုသနားသောကြောင်းဖြစ်သည် ။
ဘုရင်နှစ်ပါး အာဏာလွန်ဆွဲရာ ၊အာဏာရူးထရာ မယားလုရာတွင်
အောက်ခြေစစ်သားများမှာ မဆီမဆိုင်ဘုမသိဘမသိသေကြရရှာသောအဖြစ်ကို
စက်ဆုတ်ရွံရှာသောကြောင်.ဖြစ်သည် ။ အရာရာတွင် နယ်ရုပ်ကလေးများသည်
ရှေ.မှအသေခံကြရ၍
ဘာအတွက်မိမိအသက်စွန်.လိုက်ရမှန်းပင်ရေရေရာရာမရှိလှသောကြောင်.ဖြစ်သည် ။
နိဒါန်းချီသည်မှာ ရှည်သွားပေ၏ ။ ပြောလိုရင်းအကြောင်းမှာ အေသင်လည်းမဟုတ်
၊စပါတာလည်းမဟုတ် ၊ထရွိုင်လည်းမဟုတ်၊ ရောမလည်းမဟုတ် ခေါမလည်းမဟုတ် ၊
မြန်မာနိုင်ငံဖြစ်ပေ၏ ။ မြန်မာနိုင်ငံတွင်
ယခုလအတွင်းရဲတပ်ဖွဲ.၀င်များကပ်သင်.နေ၏ ။ ဆွမ်းခံရင်းငှက်သင်.နေ၏။
ဂြိုဟ်စီးဂြိုဟ်နင်းညံ.နေ၏ ။ ပါပဂြိုဟ်ထဲသို.ရောက်နေ၏ ။
အင်းစိန်တွင်အမှုလိုက်ရဲအရာရှိ(ရဲတပ်ကြပ်ချစ်ကိုကိုမောင်)ဆိုသူကို
အရပ်သားလူမိုက်နှစ်ဦးက
လက်ဘက်ရည်ဆိုင်ထဲအထိဓားဖြင်.၀င်ခုတ်၊စကေဘာဖြင်.ထိုးသဖြင်.်သဖြင်.အသက်သေဆုံးခဲ.ရပေ၏
။ကသာမြို.တွင်နယ်ထိန်းရဲတပ်ကြပ်ကြီးတဦး(ရဲတပ်ကြပ်ကြီးသန်းအောင်)အိပ်ပျော်နေစဉ်မျက်နှာဖုံးစွပ်လူတဦးကဓါးဖြင်.ထိုးပြီးထွက်ပြေး
သွား၏ ။သံလျင်တွင် တရားခံပြေးတစ်ဦးကိုသွားရောက်ဖမ်းဆီးသော
ရဲတပ်ဖွဲ.၀င်နှစ်ဦး (ရဲအုပ်အောင်နိုင်နှင်.ရဲတပ်ကြပ်သူရလွင် ) တရားခံပြေး
တင်မြင်.ဆိုသူဓားဖြင်.ပြန်လည်တိုက်ခိုက်ခံရသည်.အတွက် အသက်ဆုံးရှုံးခဲ.ရပေ၏ ။
အခြားလူမသိသူမသိမှုခင်းများလည်းမရေတွက်နိုင်အောင်ရှိပေသည် ။
ထိုအရာများဖြစ်လာသောအခါမှ အထက်ကဖုတ်ပူမီးတိုက်တရားခံအားလိုက်လံဖမ်းဆီခြင်း ၊
အသုဘချရာသို. ဒုဝန်ကြီး ၊ ရဲချုပ် များလိုက်ပါပို.ဆောင်ခြင်း ၊
အလှူငွေသိန်းရာနှင်.ချီကာကောက်ခံပေးအပ်ခြင်း စသည်တို.ကိုပြုမူနေခြင်းထက်
ထိုအရာများသည် အဘယ်ကြောင်.ဖြစ်ရသည် ။
မဖြစ်အောင်မည်သို.ကြိုတင်ဆောင်ရွက်လျင်ရသည်ဆိုသည်များကို
အစိုးရဘက်ကထုတ်ပြန်လုပ်ဆောင်မှု အားနည်းနေတာတွေ.ရလေသည် ။
ရဲတပ်ဖွဲ.၀င်များကိုဒုစရိုက်သမားများကမကြောက်ရွံတော.ပဲ ပြန်လည်တိုက်ခိုက်မှုများဖြစ်လာခြင်းတွင်အကြောင်းများစွာရှိ၏ ။ သိသာထင်ရှားသော ပထမအကြောင်းမှာ သမ္မတဦးသိန်းစိန်သည် ရာဇ၀တ်အကျဉ်းသားများ လွှတ်ခြင်းဖမ်းခြင်းတို.ကို နိုင်ငံရေးကစားကွက်တခုအဖြစ်မှတ်ယူအသုံးချခဲ.မှုများဖြစ်သည် ။ သမ္မတဦးသိန်းစိန်သည် ကုလသမဂ္ဂ ၊အာဆီယံထိပ်သီးအစည်းအဝေး၊ အမေရိကန်ပြည်ထောင်စုစသောနိုင်ငံများသို.သွားရောက်ရန်ခရီးစဉ်ရှိလာတိုင်း နိုင်ငံတကာတွင် လူမြင်ကောင်းစေရန် (မြန်မာအစိုးရကိုချီးမွန်းခံရစေရန်) အကျဉ်းသားများလွှတ်ပေးလေ.ရှိသည် ။နိုင်ငံတကာမှကမ္ဘာ.ခေါင်းဆောင်များ (ဥပမာအိုဘားမား)မြန်မာနိုင်ငံသို.လာလျှင်လည်း ကြိုတင်ကာအကျဉ်းသားများလှတ်ပေးခြင်းဖြင်.အမှတ်ယူလေ.ရှိသည်။ ထိုသို.လွှတ်ပေးရာတွင် စိတ်ရင်းစေတနာမှန်ဖြင်.လွှတ်ပေးခြင်းမဟုတ်ပဲ ရုပ်ပြကောင်းစေရန်ဟန်ပြသက်သက်သာလွှတ်ပေးခြင်းဖြစ်သဖြင်. ပြည်တွင်းပြည်ပမှတောင်းဆိုနေသောနိုင်ငံရေးအကျဉ်းသမားများ ကိုလွှတ်ပေးခြင်းမရှိ ပဲ ခိုးဆိုးနှိုက်၊လူသတ် မုဒိမ်း ၊လူလိမ် ရာဇ၀တ်အကျဉ်းသားများကိုသာထောင်နှင်.ချီ၍အကြိမ်ကြိမ်လွှတ်ပေးခဲ.သည် ။ထိုအထဲတွင်မှ နိုင်ငံရေးသမား လေးငါးဆယ်ဦးကိုရောညှပ်၍ စတိသဘော လွှတ်ပေးလေ.ရှိသည် ။ နိုင်ငံတကာ သို.မူ ပြစ်ဒဏ်ကျအကျဉ်းသား မည်ရွေ.မည်မျှလွတ်ငြိမ်းချမ်းသာခွင်.ပေးလိုက်ပြီဖြစ်ကြောင်း (အရေအတွက်ကိုရှေ.တန်းတင်၍)ကြေငြာလေ.ရှိသည် ။ နိုင်ငံရေးသမားလွှတ်ပေးတာကတယောက်ဆိုလျှင် ဒုစရိုက်သမားလွှတ်ပေးတာ အယောက်နှစ်ရာနှုန်းရှိနေပေသည် ။ လွတ်ငြိမ်းချမ်းသာခွင်.ပေးသောသတင်းကိုအင်းစိန်ထောင်ရှေ.တွင်သတင်းလာယူသော ဂျာနယ်တိုက်တခုမှသတင်းထောက်မလေးတဦး ဆိုလျှင် လွတ်လာသော ခိုးဆိုးနှိုက်တဦးကထောင်ဗူးဝမှာပင်လွတ်လာလာခြင်းလက်စွမ်းပြသွားသောကြောင်. သူမ၏ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံလိုက်ရတာလဲရှိလေသည် ။ ထောင်ကထွက်လာလာချင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သဖြင်. ရဲတပ်ဖွဲ.မှပြန်လည်ဖမ်းဆီးမိပြီး တရားရုံးသို.ဖမ်းဆီးတရားစွဲဆိုရသည်လည်းရှိ၏ ။ ကျွန်တော်သည်မူးယစ်ဆေးဝါးမှုဖြင်.အမှုရင်ဆိုင်နေရသောငယ်သူငယ်ချင်းတယောက်အမှုရုံးထုတ်တိုင်း တာမွေမြို.နယ်တရားရုံးအချုပ်စခန်းသို.သွားရောက်တွေ.ဆုံခဲ.ရာ အချုပ်ခန်းထဲမှတရားခံတော်တော်များများသည် ထောင်ကျလျှင်လည်း လွတ်ငြိမ်းချမ်းသာခွင်.ဖြင်.မကြာမီပြန်လည်လွတ်မြောက်လာဦးမည်ဟုယုံကြည်ကြကြောင်းအချုပ်ခန်းထဲတွင် ပြောဆိုနေကြတာကြားရပေသည် ။ဤသည်မှာ မိမိ၏နိုင်ငံရေးအကျိုးအမြတ်အတွက် လူဆိုးသူခိုးများအား လွှတ်ပေးခဲ.သော မူဝါဒအမှားပေတည်း ။ ထိုမူဝါဒအမှားကြောင်. ထောင်မကျသေးသူကလည်းထောင်ကျမှာမကြောက်တော.ခြင်း ၊ ထောင်ကျပြီးသားလူဆိုးများလည်း နှစ်မစေ.ခင် အပြင်လောကသို.ရောက်လာကာလူကောင်းများအားဒုက္ခပေးခြင်း ဟူသောဆိုးကျိုးနှစ်သွယ်ကိုဖြစ်ပေါ်စေပါသည် ။ ယခုအသက်ဆုံးရှုံးခဲ.ရသော ရဲတပ်ဖွဲ.၀င်များမှာ သမ္မတဦးသိန်းစိန်၏မူဝါဒအမှားအတွက်ပေးဆပ်လိုက်ရသောအသက်များဖြစ်သည် ။ ရေခဲတောင်ကြီး၏တစ်ခုလုံး၏ကိုးဆယ်.ကိုးရာခိုင်နှုန်းမှာရေထဲတွင်နစ်နေပြီး ၁ ရာခိုင်နှုန်းသာရေပေါ်တွင်ပေါ်နေဘိသကဲ.သို. ယခုရဲတပ်ဖွဲ.၀င်များ အသတ်ခံရ ၊ဓားထိုးခံကြရခြင်းမှာလည်း မူဝါဒအမှားဘေးထွက်ဆိုးကျိုးရေခဲတောင်ကြီး၏ ရေပေါ်ပေါ်နေသော ၁ ရာခိုင်နှုန်းမျှသာရှိပါဦးမည် ။ ကျွန်တော်တို.မသိနိုင်သော ၊မသိလိုက်သော ဘေးထွက်ဆိုးကျိုးများစွာ ကျန်ပါသေး၏ ။

ရဲများအသက်ဆုံးရှုံးရသောဒုတိယမူဝါဒအမှားမှာ ရဲတပ်ဖွဲ.၀င်များအား
ခေတ်မီလက်နက်များတပ်ဆင်မပေးခဲ.မှုဖြစ်သည် ။
အမေရိကန်ပြည်ထောင်စုတွင်ရိုးရိုးရဲတပ်သားဟူ၍မရှိအားလုံးအရာရှိများဖြစ်ကြပြီး
ရဲအရာရှိတိုင်းသည်တာဝန်ချိန်မှန်သမျှ
ခြောက်လုံးပြူးသေနတ်ကိုခါးကြားတွင်စမတ်ကျကျချိတ်ဆွဲထားပိုင်ခွင်.ရှိ၏ ။
အန္တရာယ်ရှိသောတရားခံများသွားရောက်ဖမ်းဆီးရာတွင် ခုခံပါကဥပဒေနှင်.အညီ
ပစ်ခတ်ဖမ်းဆီးပိုင်ခွင်.ရှိ၏ ။ မြို.ကြီးများရှိရဲအားလုံးသည်
ပတ္တရောင်လှည်.ရာ ၊တရားခံဖမ်းရာတွင်
ရဲနှစ်ယောက်လျှင်ဆလွန်းကားတစ်စီးအသုံးပြုခွင်.ပေးထား၏ ။ ရဲတိုင်းတွင်
သေနတ်၊နံပါတ်တုတ် ။လက်ထိပ် ၊ လမ်းလျှောက်စကားပြောစက် (ဝေါ်ကီတော်ကီ ) ၊
အစုံအလင်ပါဝင်၏ ။
အန္တရာယ်ဖြစ်လျင်ဌာနချုပ်စခန်းသို.ချက်ခြင်းစစ်ကူတောင်း၍ရသည် ။
ရဲစခန်းသည်ပတ္တရောင်လှည်.နေသောရဲအားလုံးနှင်.ရေဒီယို (စကားပြောစက်
)အဆက်အသွယ်ရှိ၏ ။ မြန်မာနိုင်ငံတွင်ရဲများသည် စက်ဘီးနှင်.ပတ္တရောင်လှည်.ရ၏ ။
ခါးကြားတွင်လေးခွကိုချိတ်ထားရ၏ ။ လက်ထိတ်ရှိသူကရှိ၍
နိုင်လွန်ကြိုးကိုလက်ထိပ်သဖွယ်ကိုင်သူကကိုင်ရ၏ ။
အချို.ကစက်ဘီးပင်မရှိသဖြင်.ခြေလျင်ပတ္တရောင်လှည်.ရ၏ ။ သေနတ်မပြောနှင်.
နံပတ်တုတ်ပင်မပါသောရဲမှာများလှသည်
။လူဆိုးနှင်.တွေ.လျှင်စခန်းသို.ဆက်သွယ်ရန်မှာကိုယ်.ဖုန်းနှင်.ကိုယ်ပြောကြရ၏။
စခန်းမှာလည်းလူပိုမရှိတာများသဖြင်. လာမကူနိုင်တာများသည်
။ထိုသို.သောရဲများကိုမည်သည်.ရာဇ၀တ်သား လူသတ်သမားများကကြောက်မည်နည်း
။ပြန်၍ထိုးကြနှက်ကြ ထိုးကြခုတ်ကြသည်မှာမဆန်းလှပေ ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ကာကွယ်ရေးဝန်ကြီးဌာနနှင်.ပြည်ထဲရေးဝန်ကြီးဌာနတို.ကိုတိုက်ရိုက်အုပ်ချုပ်ကွပ်ကဲရလေရာ
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံမြန်မာနိုင်ငံရဲတပ်ဖွဲ.ကို
ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်မတော်လောက် အာရုံဝင်စားပုံမရချေ ။
နိုင်ငံတော်တွင်တပ်မတော်သာလက်နက်ကိုင်ဆောင်ထားချင်ပြီးရဲတပ်ဖွဲ.၀င်များကိုခေတ်မီလက်နက်တပ်ဆင်ပေးချင်သောဆန္ဒနှင်.စိတ်အားထက်သန်းမှုနည်းပါးလှသည်
။
ထိုအချက်ကိုကာကွယ်ရေးဝန်ကြီးဌာနအတွက်သုံးသောဘတ်ဂျက်နှင်.ပြည်ထဲရေးဝန်ကြီးဌာနအတွက်သုံးသောဘတ်ဂျတ်တို.ဆင်နှင်.ဆိတ်လောက်ကွာခြားနေမှုကိုကြည်.လျှင်သိနိုင်သည်
။ အခြားနိုင်ငံများတွင်ရဲတပ်ဖွဲ.၀င်အားလုံး ခြောက်လုံးပြူး ၊ပစ္စတိုစသော
ခေတ်မီ လက်နက်များစမတ်ကျကျကိုင်ဆောင်တာဝန်ထမ်းဆောင်နေချိန်တွင်
မြန်မာနိုင်ငံရဲတို.မှာလောက်လေးခွနှင်. ဒုတိယကမ္ဘာစစ်လက်ကျန်ရိုင်ဖယ်
သေနတ်များကိုသာ သုံးနေရဆဲဖြစ်သည်
(လက်ပံတောင်းတောင်စသောအဓိကရုဏ်းများတွင်ခေတ်မီလက်နက်များခေတ္တထွက်ပေါ
်လာခြင်းမှာခြွင်းချက်ဖြစ်သည် ) ။ ရဲတပ်ဖွဲ.၀င်တို.၏အသက်ကိုကယ်ချင်လျှင်
ရဲတပ်ဖွဲ.အတွက်ပိုက်ဆံပိုသုံးရမည် ။ လက်နက်တပ်ဆင်ပေးရပါမည် ။
တပ်မတော်မှလွဲ၍အခြားတပ်ဖွဲ.များခေတ်မီလက်နက်မသုံးစေချင်သောစိတ်ဆန္ဒကိုပြောင်းရပါမည်
။ ထိုသို. Mind Set များမပြောင်းပါက မည်သည်.အခါမှရဲတပ်ဖွဲ.သည်
လူရိုသေရှင်ရိုသေဖြစ်လာမည်မဟုတ်ပေ ။
လက်နက်နှင်.ယူနီဖောင်း
Equipment များပြည်.စုံပါက နောက်ထပ်ပြောင်းရမည်မှာ
ရဲတပ်ဖွဲ.၀င်များ၏စိတ်နေစိတ်ထားပင်ဖြစ်သည် ။
နိုင်ငံတော်သည်ရဲတပ်ဖွဲ.၀င်များ၏လခနှင်.ရိက္ခာခံစားခွင်.ကိုမိသားစုစားဝတ်နေရေးဖူလုံသည်.အနေအထားသို.ထောက်ပံ.ချီးမြင်.ပေးရမည်
။ ရဲတပ်ဖွဲ.၀င်များ သည်တရားမ၀င်ငွေရလမ်းများဖြစ်သော
လောင်းကစားဒိုင်များမှလိုင်းကြေးတောင်းခြင်း၊
ဒုစရိုက်လုပ်ငန်းအချို.ကိုမသိချင်ယောင်ဆောင်ရာမှ လိုင်းကြေးကောက်ခံခြင်း ၊
အချုပ်သားများထံမှ လာဘ်ငွေတောင်းခြင်း ၊ အာမခံပေးရန်ငွေတောင်းခြင်း ၊
အထက်မှခိုင်းလျှင် ဥပဒေနှင်.ညီမညီ မဆန်းစစ်ပဲလက်ခံဆောင်ရွက်ခြင်း ၊
ဥပဒေနှင်.မညီသောဖမ်းဆီးမှုများလုပ်ခြင်း တို.ကို ကျူးလွန်နေသမျှ
ဒုစရိုက်သမားနှင်.ပြည်သူလူထုက ကြည်ငြိုလေးစားမည်မဟုတ် ။
ဒုစရိုက်သမားများသည် သူတို.နှင်.
စားဖော်စားဖက်သဖွယ်ရဲတပ်ဖွဲ.၀င်များကိုသဘောထားလာပါက
မည်သို.မှလေးစားကြောက်ရွံ.တော.မည်မဟုတ်ချေ
။ထို.ကြောင်.နိုင်ငံတော်၏ပေါ်လစီသည်လက်နက်ကိုင်တပ်ဖွဲ.ခြင်းအတူတူ
တပ်မတော်အားအလွန်အကျွံအားပေးထောက်ပံ.သလို
ရဲတပ်ဖွဲ.ခေတ်မီရေးအတွက်ပြုပြင်ပြောင်းလဲရေးလုပ်ငန်များဆောင်ရွက်ကြဖို.လိုသည်
။ရဲတပ်ဖွဲ.၀င်များကလည်းပြည်သူလူထုကို
ကျေးဇူးရှင်သဖွယ်သဘောထားကာဝန်ဆောင်မှုပေးနိုင်ရပါမည် ။ လူမြင်မြင်ရာ
တရားခံဟုထင်မြင်နေတတ်သောစိတ်များဖျောက်ကြရမည်ဖြစ်သည် ။
ကမ္ဘာပေါ်တွင်လူဦးရေနှင်.ရဲတပ်ဖွဲ.၀င်အင်အားကိုအချိုးချကြည်.မည်ဆိုလျှင် ပျမ်းမျှခြင်းအားဖြင်.လူ ၄၀၀ လျှင် ရဲတယောက်နှုန်း အသုံးပြုကြပေသည် ။ မြန်မာနိုင်ငံတွင်တော.လောလောဆယ်အနေအထားအရ လူ ၁၂၀၀ တွင်ရဲတယောက်နှုန်းသာအသုံးပြုနေရာ ရဲတပ်ဖွဲ.သည်မနိုင်ဝန်ကိုထမ်းနေရသလိုရှိပေသည် ။ထိုအထဲတွင် ရဲတပ်ဖွဲ.၏အဓိကလုပ်ငန်းနှင်.မသက်ဆိုင်သော လူကြီးလမ်းကြောင်း လိုက်ရခြင်း ၊ နိုင်ငံရေးသမားများကိုထောက်လှမ်းဖမ်းဆီးရခြင်း ၊ကျောင်းသားများအားနှိမ်နှင်းရခြင်း စသည်.ကိစ္စများကိုလည်းဆောင်ရွက်ရသေး၏ ။

အကယ်၍သာ
ပုဒ်မအမျိုးမျိုးတပ်ကာမတရားဖမ်းဆီးထိမ်းသိမ်းခံနေရသောနိုင်ငံရေးသမားများ ၊
ကျောင်းသားလူငယ်များကိုသာ သမ္မတကြီးသည် လွတ်ငြိမ်းချမ်းသာခွင်.ကိုပေးခဲ.ပါမူ
တချက်ခုတ်သုံးချက်ပြတ်အစိုးရမှာအကျိုးရှိပေမည် ။ ပထမအချက်မှာ
နိုင်ငံတကာနှင်.ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ချီးမွမ်းယုံကြည်မှုကိုရပေမည်
။ ဒုတိယအချက်အနေနှင်.
လွတ်လာသောကျောင်းသားများနိုင်ငံရေးအကျဉ်းသားများ၏အပြုသဘောဆောင်သော
အဖိုးတန်နိုင်ငံရေးအမြင်များကိုကြားကြရပေမည် ။
ကိစ္စတခုကိုအစိုးရကသည်လိုမြင်သော်လည်း
ကျွန်တော်ကျွန်မတို.ကသည်လိုမြင်ပါသည်ဟူသောအကြံဥာဏ်မျိုးဝေဖန်ထောက်ပြမှုမျိုးကို
ထောင်မှထွက်လာသည်.မည်သည်. လူဆိုးသူခိုး၊ဓားပြ
၊လူသတ်သမားများထံကမျှကြားရဖို.မရှိပေ ။ တတိယအချက်မှာ
ထောင်မှထွက်လာသောမည်သည်.ကျောင်းသား ၊ မည်သည်.နိုင်ငံရေးသမားမျှ
ရဲတပ်ဖွဲ.၀င်များကိုသတ်ဖြတ်ကြမည်မဟုတ်ချေ
။ကျောင်းသူမပိုပိုကြောင်.မည်သည်.ရဲတပ်ကြပ်မှသေစေမည်မဟုတ် ၊ ဒေါ
်နော်အုန်းလှသည်မည်သည်.ရဲကိုမှသတ်ဖြတ်မည်မဟုတ် ၊
ကိုအောင်မှိုင်းဆန်းသည်မည်သည်.ရဲအရာရှိကိုမျှစကေဘာဖြင်.ထိုးမည်မဟုတ် ။
ဗကသကျောင်းသားများ တကသကျောင်းသားများ ၊ နိုင်ငံရေးအကျဉ်းသားများလွတ်လာပါက
မည်သူ၏အိမ်ကိုမျှဖောက်ထွင်းဝင်ရောက်မည်မဟုတ်
။ထိုသို.သုံးဘက်စလုံးအမြတ်ထွက်မည်.နိုင်ငံရေးအလျှော.ပေးရေးလမ်းစဉ်ကို
ဦးသိန်းစိန်အစိုးရသည်ပစ်ပါယ်ကာ ဒုစရိုက်သမားများလွှတ်ပေးရေးဟူသည်
.အလွယ်လိုက်နိုင်ငံရေးမျက်လှည်.ပွဲကိုပြသလိုက်သည်.မူဝါဒအမှားကြောင်.နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာခြင်းဖြစ်သည်
။ ထိုဆိုးကျိုးများသည်ရပ်တန်.မသွားပဲ ၂၀၁၅ ရွေးကောက်ပွဲ
ပြီးသည်အထိဆက်ကာဆက်ကာ ပေါ်ပေါက်လာပါဦးမည် ။
အစိုးရ၏နောက်ဆုံးမူဝါဒအမှားမှာ မြန်မာ.ပိုင်နက်အတွင်းသစ်ခိုးခုတ်မှုဖြင်.
တသက်တကျွန်းအကျဉ်းကျခံနေရသောတရုတ်အကျဉ်းသား ၁၅၃
ယောက်ကိုလွှတ်ပေးလိုခြင်းကြောင်. တရုတ်များချည်းလွှတ်လျှင်
လူကဲ.ရဲ.ခံရမည်စိုးသည်.အတွက်မြန်မာအကျဉ်းသားများကိုပါရောကာ
အကျဉ်းသားစုစုပေါင်း ( ၆၉၆၆ )ဦးကိုလွှတ်ပေးခဲ.ခြင်းဖြစ်ရာ
သူတို.လုပ်မှပိုဆိးုသလိုဖြစ်နေပါသည် ။
တရုတ်တွေချည်းလွှတ်ချင်လွှတ်ပေးလိုက်၍
တိုင်းပြည်အတွက်မည်သို.မျှလတ်တလောမထိခိုက်နိုင်သော်လည်း
ရာဇ၀တ်အကျဉ်းသားများစွာကိုလွှတ်ပေးလိုက်ခြင်းမှာ
ရပ်ရွာအေးချမ်းသာယာရေးနှင်.တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာတော.သည် ။
လူဆိုး ၊သူခိုးတယောက်ထောင်ထဲသို.ရောက်ဖို.ဆိုသည်မှာအဆင်.များစွာ
၊အလုပ်များစွာ ၊ ဥပဒေဘက်တော်သားများ၏အချိန်နှင်.လုပ်အားများစွာ
ကုန်ဆုံးပြီးမှ ဥပဒေစီရင်ချက်ချနိုင်ကာ ထောင်သွင်းအကျဉ်းချခြင်းဖြစ်သည် ။
ထိုရာဇ၀တ်သားများကိုလွယ်လွယ်ကူကူပြန်လွှတ်ခြင်းမှာကား
ထောက်လှမ်း၊ဖမ်းဆီး၊ရုံးတင်၊စစ်ဆေး ခဲ.ကြရသော ရဲတပ်ဖွဲ.၀င်များ ၊
ဥပဒေအရာရှိများ ၊ တရားသူကြီးများ ၊ ရှေ.နေများ ၊ သက်သေများ ၊
မှုခင်းဆရာဝန်များ၊အကျဉ်းထောင်ဝန်ထမ်းများ
စသည်.ဥပဒေဘက်တော်သားပေါင်းများစွာ၏ အချိန်နှင်.လုပ်အားကို
ဖြုန်းတီးရာရောက်ပါသည် ။ အကျဉ်းသားတွေလွတ်မြောက်တာမုဒိတာပွားနိုင်သော်လည်း
လူဆိုး သူခိုး ဓားပြများ ၊
လူသတ်သမားများနှစ်မစေ.ပဲလွတ်လာခြင်းသည်မည်သူ.အတွက်မှအကျိုးမရှိပါ
။လူ.အသိုင်းအ၀ိုင်းအတွက်အန္တရာယ်ပင်ရှိပါသည် ။ ထိုဆိုးကျိုး၏ဒဏ်ကို
ရဲတပ်ဖွဲ.၀င်များစတင်ခံစားးရခြင်းဖြစ်သည် ။
စစ်တုရင်ထိုးကြသောအခါ
ဘုရင်ကြီးသည် သူနှင်.အရေးပါသော ဇာတ်ကောင်များအစားခံရမည်စိုးသဖြင်. နယ်ရုပ် (
ပွန်း) များကို မငဲ.နိုင်တော.ပဲ အကာအကွယ်ယူစမြဲ ၊ထိုးကျွေးစမြဲဖြစ်သည် ။
စစ်တုရင်တပွဲ၏အဆုံးအဖြတ်သည်နယ်ရုပ်များ ကျခြင်းမကျခြင်းမဟုတ်ပဲ
ဘုရင်ကျခြင်းမကျခြင်းဖြစ်ရာ
ဘုရင်ကြီးလမ်းရှင်းစွာလှုပ်ရှားနိုင်ရေး၊လှည်.ပါတ်ပြေးနိုင်ရေးသည်သာအဓိကဖြစ်သည်
။ ထို.အတူပင်နိုင်ငံတနိုင်ငံ၌ တိုင်းသူပြည်သားများ သာယာဝပြောရေး ၊
ဥပဒေစိုးမိုးရေး ၊ ဥပဒေဘက်တော်သားများကိုအကာအကွယ်ပေးရေးမှာလည်း
ဘုရင်ကြီး၏အကွက်ရွှေ.မှု ပေါ်လစီ မူဝါဒများပေါ်တွင်အဓိကတည်မီနေပါကြောင်း။
အကွက်ရွေ.မှားပါကအစားခံရမည်မှာပြည်သူထဲကပြည်သူတွေပင်ဖြစ်ပါကြောင်းဖော်ပြလိုက်ရပေသည်
။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
သောကြာ
သောကြာ
No comments:
Post a Comment