Tuesday, August 11, 2015

အံ.သြစရာပြည်မြန်မာ သရ၀ဏ်(ပြည်)


အံ.သြစရာပြည်မြန်မာ
မြန်မာနိုင်ငံသည်ထူးဆန်းအံ.သြဖွယ်ရာများနှင်.ပြည်.နှက်လျက်ရှိသောတိုင်းပြည်ဖြစ်သည် ။ ဤတိုင်းပြည်တွင် ဆိုက္ကားသမားများသည် ညဘက်တွင်ဓားပြထွက်တိုက်ကာ လူချမ်းသာများဖြစ်လျက် သီရိပျံချီဘွဲ.ခံ သူဌေးကြီးများပင်ဖြစ်နိုင်သေးသည်ဆို၏ ။ ကုန်ဈေးနှုန်းကြီးမြင်.နေလင်.ကစား လူတစ်ယောက်သည် တစ်နေ.လျှင် မြန်မာငွေ နှစ်ထောင်ကျပ်ရှိရုံဖြင်. စားလောက်သောက်လောက်ရှိ ရုံမက ဆေးလိပ်ကွမ်းယာများကိုပင်ဝါသနာပါက စားနိုင်သောက်နိုင်မည်ဖြစ်ကြောင်းလည်း သိရပေသည် ။ နိုင်ငံတွင် လျှပ်စစ်ဓါတ်အားများပိုလျံနေသဖြင်. ပြည်ပသို.ပင် သဘာဝဓါတ်ငွေ.များထုတ်ရောင်းကာ နိုင်ငံသားများက မြေကမ္ဘာနေ.ကို နေ.စဉ်ဂုဏ်ပြုသည်.အနေဖြင်. ဖယောင်းတိုင်ဖြင်. အမှောင်ထဲဝယ်နေထိုင်ကြသောတိုင်းပြည်ဖြစ်သည် ။ လုပ်ခလစာတိုးတောင်းသော ဆန္ဒပြအလုပ်သမားများးနှင်. ပညာရေးဥပဒေ ကိုကောင်းမွန်စွာပြဌာန်းပေးရန်တောင်းဆိုကြသောကျောင်းသားများကို နံပါတ်တုတ်လက်နက် လက်ဆောင်ပေးသောနိုင်ငံဖြစ်သည် ။ လက်ပန်းတောင်းတောင်တွင်ကြေးနီစီမံကိန်းရပ်တန်.ဖို. ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြသော သံဃာတော်များကို အဂ္ဂမဟာပဏ္ဍိတ မီးလောင်ဗုံးတံဆိပ်တော်ဆက်ကပ်ပူဇော်သောနိုင်ငံဖြစ်သည် ။ စိတ်ကြွမူးယစ်ဆေးဝါးများသယ်ဆောင်လာသော ကားစင်းလုံးမိပါလျက် ပိုင်ရှင်ရှာမတွေ.သောနိုင်ငံဖြစ်သည် ။ ထမလန်းသစ်များ၊ ကျွန်းသစ်များ တင်ဆောင်လာသောကားများကိုဖမ်းမိလျင် ယဉ်ပိုင်ရှင်မှာ ကိုယ်ပျောက်ဆေးစားထားသဖြင်. အမြဲတမ်းပိုင်ရှင်မဲ.အဖြစ်သာတွေ.ရှိရသောနိုင်ငံဖြစ်သည် ။ လယ်သမားများ၏တောင်ယာများကို စစ်တပ်ကသိမ်းဆည်းထားမှုကိုလိုက်လံကူညီဆောင်ရွက်ပေးသူတို. ထောင်ထဲအထည်.ခံရသောနိုင်ငံ ။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး ပုဒ်မ (၄၃၆ )ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ထိုးမိသောဗိုလ်မှူးတစ်ယောက်တပ်မှထုတ်ပါယ်ခံရကာထောင်ချခံရသောနိုင်ငံ ၊ ကလေးကစားကွင်းကို နိုင်ငံရေးပါတီတစ်ခုမှ သိမ်းဆည်းထားခြင်းကိုကန်.ကွက်ဆန္ဒပြသော သူများကိုတရားရုံးသို.ဆင်.ခေါ်ပြီး ဒဏ်ငွေဆောင်စေသောနိုင်ငံ ၊ နိုင်ငံတော်လျှို.၀ှက်ချက်ပေါက်ကြားမှုနှင်. အယ်ဒီတာနှင်.သတေင်းထောက်ကိုထောင်ချသောနိုင်ငံဖြစ်သည် ။
အနှီနိုင်ငံတွင် နောက်ထပ်မော်ကွန်းထိုးစရာ ဂင်းနစ်မှတ်တမ်းစံချိန်တစ်ခုလည်းထပ်မံဖြစ်ပွားခဲ.ချေသေး၏ ။ ကျွန်တို.ငယ်စဉ်ကရပ်ကွက်ထဲတွင် ကျွန်းပြန်ကြီး ဟူသော နာမည်ကြားလျှင် အားလုံးက ကြောက်ရွံ.တုန်လှုန်ကြ၏ ။ တစ်သက်တစ်ကျွန်းဆိုသည်မှာအလွန်ကြီးလေးသောပုဒ်မဖြစ်သည် ။ ထောင်တွင်မထားကျွန်းသို.အပို.ခံရသောသူများ၏ ပြစ်မှုမှာ ကြီးလေးလှသည် ။ ကိုကိုးကျွန်းသို. နိုင်ငံရေးသမားများကို ပို.ကာ တစ်သက်တစ်ကျွန်းစနစ်ကိုအကောင်အထည်ဖော်ခဲ.ဖူးသည် ။ အင်္ဂလန်နိုင်ငံတွင်လည်း ရာဇ၀တ်အကျဉ်းသမားများကို သြစတေးလျကျွန်းသို.ပို.ကာ တစ်သက်တစ်ကျွန်းစနစ်ကိုဖော်ဆောင်ခဲ.ဖူးသည်။ မြန်မာဘုရင်များလက်ထက်ကတော.နယ်နှင်ပြစ်ဒဏ်အဖြစ် မဲဇာတောသို.ပို.သည် ။ ငှက်ဖျားနှင်.ရေမြေကြမ်းသောကြောင်.အသက်ဆုံးပါးတာများသည် ။ ဆိုဗီယက်ယူနီယံခေတ်က ကြီးမားသောပြစ်ဒဏ်အဖြစ် ဆိုက်ဘေးရီးယားသို. ပို.သည် ။ တစ်သက်တစ်ကျွန်းဆိုသည်မှာ ထိတ်လန်.ကြောက်ရွံ.ဖွယ်ပြစ်ဒဏ်ဖြစ်သည် ။ သို.သော်မြန်မာနိုင်ငံသည်အမြဲပင် ထူးဆန်းထွေလာဇာတ်လမ်းများခင်းလေ.ရှိသည် ။ ကျွန်ပ်တို.အသံကြားရုံနှင်.ကြောက်ရွံ.ခဲ.သောတစ်ကျွန်းပြစ်ဒဏ်၏အဓိပါယ်သတ်မှတ်ချက်မှာ တစ်သက်လုံးမဟုတ် အနှစ် (၂၀) သာဖြစ်သည် ဟု ဆိုကြသည် ။ ကျွန်းသို.လည်းသွားစရာမလို ။ထောင်ထဲမှာပင်နေရမည် ။ သို.သော်ယခုအခါ တစ်ကျွန်းသည် အနှစ် (၂၀)ပင်မဟုတ်တော. (၈) ရက်သာကြာမြင်.တော.၏ ။ ဂင်းနစ်စံချိန်မှတ်တမ်းကိုမြန်မာကချိုးလိုက်ခြင်းဖြစ်သည် ။မြန်မာ.စံချိန်ကမ္ဘာသို.လွှမ်းချေပြီတကား ။
မြန်မာ.ရေမြန်မာ.မြေတွင် သစ်တောများ ဘုန်းဘုန်းလဲ ပြောင်စင်အောင်လာခုတ်သောတရုတ်နိုင်ငံသားသစ်ခိုးသမား ၁၅၅ ဦးကို ပြည်သူပိုင်ပစ္စည်းထိမ်းသိမ်းကာကွယ်ရေးဥပဒေပုဒ်မ (၃)ဖြင်. ၂၀၁၅ ဇူလိုင် ၂၂ နေ.က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ.၏ ။ ထိုသို.ချမှတ်စဉ်ကတည်းကမြန်မာနိုင်ငံသားများသည် တရုတ်များကို ဘယ်တော.အကြောင်းမရှိအကြောင်းရှာ၍လွှတ်ပစ်မလဲဆိုတာစောင်.ကြည်.နေကြသည် ။ တရုတ်နိုင်ငံသည်ချက်ခြင်းပင် သူ.နိုင်ငံသားများကို ယခုလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းကိုကန်.ကွက်ကြောင်းချက်ခြင်းပြန်လွှတ်ပေးစေချင်ကြောင်းထုတ်ဖော်ပြောကြားလာပေ၏ ။ တရုတ်၏စကားကိုထာဝစဉ်မြေ၀ယ်မကျဦးထိပ်ထားကာနားသောတဆင်ဖို. အဆင်သင်.ရှိသောကျွန်ုပ်တို.အစိုးရမင်းများကလည်းမဆိုင်းမတွပင် ဇူလိုင် ၃၀ ရက်နေ.တွင် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင်.ကိုအသုံးပြုလျက် မြန်မာအကျဉ်းသားများလွှတ်ပေးရာတွင် တရုတ်များကိုရောယောင်လွှတ်ပေးလိုက်လေသည် ( အမှန်ကတော.တရုတ်ကိုလွှတ်ချင်သဖြင်.မြန်မာများကိုရောယောင်လွှတ်ပေးခြင်း) ။
တရုတ်အစိုးရသည် မြန်မာနိုင်ငံသားစိုင်းနော်ခမ်းကို တရုတ်သင်္ဘောသားများကိုသတ်မှု ၊ မူးယစ်ဆေးဝါးမှုဖြင်. သူ.နိုင်ငံတွင် ရက်ရက်စက်စက် သေဒဏ်စီရင်ခဲ.သည် ။ လူမဆန်သောလုပ်ရပ်အဖြစ် သေဒဏ်ပေးပုံကို တရုတ်ရုပ်မြင်သံကြားမှတစ်ဆင်.တိုက်ရိုက်ထုတ်လွှင်.ပြသလိုက်သေးသည် ။ ထိုစဉ်ကမြန်မာအာဏာပိုင်များသည် ကိုယ်.နိုင်ငံသားတစ်ယောက်ကိုစောင်.ရှောက်ရမှန်းမသိ ။ တုတ်တုတ်မှမလှုပ် ။မည်သည်.ကန်.ကွက်မှုကိုမှမပြုလုပ်ပဲငြိမ်ခံခဲ.သည်မှာ အံ.သြစရာဖြစ်သည် ။ တရုတ်သံရုံးရှေ.တွင် တရုတ်နိုင်ငံအလံကို မီးရှို.ကာဆန္ဒပြခဲ.ကြသာ ဒေါ်နော်အုန်းလှတို.လူစုမှာလည်း ထောင်ဒဏ်ချမှတ်အပစ်ပေးခြင်းခ့ခဲ.ရသည် ။တရုတ်သံရုံးရှေ.တွင်ဆန္ဒပြခဲ.သော ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို.လည်းအဖမ်းခံခဲ.ကာထောင်နန်းစံရပြန်သည် ။ မြန်မာနိုင်ငံအတွင်းဝယ် မြန်မာနိုင်ငံသားထက်တရုတ်တို.တန်ခိုးထွားနေခြင်းဖြစ်ပါသည် ။ ကိုးကန်.အဖွဲ.ကိုတပ်မတော်(လေ)မှတိုက်ခိုက်စဉ်ကလည်း တရုတ်ပိုင်နက်ထဲသို. ဗုံးကျကာတရုတ်နိုင်ငံသားများသေဆုံးဒဏ်ရာရခဲ.သဖြင်.တပ်မတော်မှငွေသိန်းပေါင်းများစွာပေးလျော်ခဲ.ဖူးသည် ။ မြန်မာနိုင်ငံသားများကိုတော.ထိုသို.လျော်ကြေးပေးသည်ဟူ၍ တစ်ခါမျှမကြားဖူးချေ ။
ယခုဖမ်းဆီးရမိသောတရုတ်မှောင်ခိုသစ်ခိုးဂိုဏ်းကိုဖမ်းဆီးနှိမ်နှင်းရာ၌ တပ်မတော်မှ DSA အပါတ်စဉ် (၄၇)ဆင်းဗိုလ်ကြီးမျိုးကိုကိုသည် သစ်မှောင်ခိုစစ်ဆင်ရေးတွင်တိုင်းပြည်အတွက်အသက်ပေးသွားခဲ.ရကြောင်းသိရပေသည် ။ ထိုသို.ဆိုလျှင် ဗိုလ်ကြီးမျိုးကိုကိုသည်ဘာအတွက်အသက်စွန်.သွားသည်လဲ ။ တရားခံကိုရှစ်ရက်ပဲထောင်ချဖမ်းဆီးမည်ဆိုလျှင် မြန်မာဘက်မှကျဆုံးခဲ.သောတပ်မတတော်သားတို.၏အသက်သည်တန်ပါ၏လော ။ မြန်မာဘက်မှ ကုန်ကျခဲ.သောတရားရုံးစားရိတ်များ ၊ ရဲအင်အားအသုံးချရသဖြင်.ဒုစရိုက်မှုနှိမ်နှင်းရာတွင်လစ်ဟာမှုများ ၊ ရှေ.နေနှင်.တရားသူကြီးများ၏အချိန်နှင်.လုပ်အားများ ၊ အကျဉ်းဦးစီးဌာနမှအလုပ်ပိုလုပ်ရမှုများသည် အဘယ်အတွက်ပါနည်း ။ မြန်မာစကားတွင်ဖင်မနိုင်လျှင်ပဲကြီးဟင်းမသောက်နှင်.ဟူသောစကားပုံရှိရာ တရုတ်ကိုဤမျှကြောက်ရွံ.လျှင်နဂိုထဲက ဥပဒေအရဖမ်းဆီးခြင်းများမပြုသင်.ပေ ။ အဆိုးဆုံးမှာ တိုင်းပြည်တစ်ပြည်၏အချုပ်အခြာအာဏာ ကိုထိပါးပေးဆပ်လိုက်ရခြင်းဖြစ်သည် ။ မြန်မာပြည်ပိုင်နက်ဖြစ်ပါလျက်တရုတ်တို.ကိုထိလို.မရဟူသောအယူအဆသည် မြန်မာ.အချုပ်အခြာအာဏာကိုများစွာဂုဏ်သိက္ခာကျဆင်းစေပါသည် ။
မင်းမှာသစ္စာ လူမှာကတိဟူသည်.စကားအတိုင်း အစိုးရမင်းများသည် ဥပဒေကိုသစ္စာရှိရပါသည် ။ ကိုယ်ချမှတ်ထားသောဥပဒေကိုမျက်နှာကြီးငယ်မလိုက်ပဲတိတိကျကျစီရင်ရပါသည် ။ ယခုလို တရုတ်အတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို (၈) ရက်နှင်.လွှတ်လိုက်ခြင်းမျိုးသည် နိုင်ငံအတွက်လည်းအကျိုးမရှိ ၊ အစိုးရအတွက်လည်း အရှက်ရသိက္ခာကျစရာဖြစ် ၊ နိုင်ငံသားများတွင်လည်းတရုတ်ဆန်.ကျင်ရေး ၊အစိုးရဆန်.ကျင်ရေးစိတ်ဓါတ်များဝင်လာစေသဖြင်. မည်သူ.အတွက်မှအကျိုးမရှိသော အာဏာအလွဲသုံးမှုဖြစ်သည် ။ အထူးသဖြင်.တမလွန်သို.ရောက်သွားပြီဖြစ်သော စိုင်းနော်ခမ်းနှင်. ဗိုလ်ကြီးမျိုးကိုကိုတို.အတွက် အကြီးမားဆုံး အမျိုးသားရေးသစ္စာဖောက်မှုကြီးဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)

No comments:

Post a Comment