စက်လှေမှောက်တဲ့သတင်းယနေ့ထိအတည်မပြုနိုင်
ပြည့်သဲမောင်(ပြည်)09 4236 71883
သြဂုတ်(၆)ရက်နေ့ နေ့လည်မှစ၍ရေဘေးကယ်ဆယ်
ရေးသို့သွားရောက်လှူဒါန်းအဖွဲ့တစ်ဖွဲ့သည်အကေက်
တောင်နားတွင်၎င်းကောင်း မြစိမ်းကျွန်းနားတွင်၎င်း
ကောင်း ရေထဲနစ်မြုတ်သွားသည်ဟုသတင်းများ
ထွက်နေပါသည်။
ထိုသတင်းသည်တိကျမှန်ကန်မှုရှိ မရှိ ပြည်ခရိုင်မှုခင်း
မှတ်တမ်းဌါန ပြည်ခရိုင်ရဲတပ်ဖွဲ့ဦးစီးဌါန ထုံးဘိုရဲစခန်း
များသို့သတင်းမေးစုံစမ်းမှုပြုလုပ်ရာ ယနေ့သြဂုတ်(၇)
နေ့လည်(၁၂း၃၀)အချိန်အထိ စက်လှေမှောက်သည့်
သတင်းနှင့်ပတ်သက်၍ကြေးနန်း သတင်းပေးတိုင်
ကြားမှုလုံးဝမရှိကြောင်းနှင့်ပြည်ခရိုင်ရဲတပ်ဖွဲ့ဦးစီးဌါ
နမှရဲအုပ်တစ်ကမိမိခရိုင်အတွင်း အဆိုပါသတင်းအား
ပေးပို့အကြောင်းကြားခြင်းမရှိကြောင်းနှင့် အခြားတိုင်း
ဒေသကြီးဖြစ်သည့်ဧရာဝတီတိုင်းသို့ဆက်လက်စုံစမ်း
မေးမြန်းကြည့်ရန် ပြန်လည်ပြောကြားခဲ့ပါသည်။
သို့ပါသောကြောင့်ရေဘေးသင့်ပြည်သူများထံသွား
ရောက်လှူဒါန်းသောအလှူရှင် စေတနာရှင် မိဘပြည်
သူများအနေဖြင့် မိမိသွားရေက်လှူဒါန်းမည့်နေရာဒေ
သအား သိသောလမ်းပြများကိုခေါ်သွားကြပါရန် အပြု
သဘောဆောင်၍အသိပေးအပ်ပါသည်။အခက်အခဲရှိ
ပါက ပြည်မြို့တွင် အသက်ကယ်လုပ်ငန်းများဆောင်
ရွက်နေသော မီးသတ်တပ်ဖွဲ့များ သာရေးနာရေးအ
သင်းအဖွဲ့များ ပရဟိတအဖွဲ့များသို့ အမြန်ဆုံးဆက်
သွယ်အကူညီတောင်းခံကြပါရန် အပြုသဘောဆောင်
ပြီး ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။

No comments:
Post a Comment