Monday, August 10, 2015

ကားတတန် လှည်းတတန် လှေတတန် ခြေလျှင်တတန် အိမ်တိုင် ရာရောက်လိုက်လံလှူတဲ့ဆံတော်အရံမီးသတ်တပ်ဖွဲ့ ပြည့်သဲမောင်(ပြည်)09 4236 71883


ကားတတန် လှည်းတတန် လှေတတန် ခြေလျှင်တတန် အိမ်တိုင်
ရာရောက်လိုက်လံလှူတဲ့ဆံတော်အရံမီးသတ်တပ်ဖွဲ့


ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ်နှင့်မြန်မာနိုင်ငံတစ်ဝန်းလုံး
တွင်ရေကြီးရေရှန်မှုများဖြစ်ပေါ်နေသည့်အတွက် ရေဘေးသင့်
ပြည်သူများကို အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများက ကယ်
ဆယ်ရေးအတွက်အလှူအတန်းများ ပြုလုပ်နေသည်ကိုလဲမိဘ
ပြည်သူများအသိပင်ဖြစ်ပါသည်။

ထို့ကြောင့် အများပြည်သူများ ၊ ပရဟိတအဖွဲ့များ ၊လူမှုရေးအသင်း
အဖွဲ့များ ၊အဖွဲ့အမည်မရှိသော ပရဟိတစိတ်ဓါတ်ရှိသူများ ၊အရံမီး
သတ်တပ်ဖွဲ့များ ၊အစိုးရအဖွဲ့များ အသီးသီးက ရေဘေးသင့်ပြည်သူ
များအတွက် အလှူခံခြင်း တတ်စွမ်းသမျှလှူဒါန်းခြင်း အသက်ကယ်
ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့တာကိုလဲ မှတ်တမ်းတင်ဂုဏ်ပြုအပ်
ပါသည်။

ထိုသို့ ရေတက်ချိန်ရေလွမ်းမိုးချိန်ပြီးပြန်တော့လဲ ပြန်လည်ထူထောင်
ရေးအတွက် ဆက်လက်ကျိုးစားရပါအုံးမည့်အပြင် ယခုအချိန်အထိ
စားဝတ်နေရေးခက်ခဲနေသော ရပ်ကွက် ကျေးရွာများလည်းရှိနေပါ
သေးတယ်။ထို့ကြောင့် ပြည်မြို့ ဆံတော်အရံမီးသတ်တပ်ဖွဲ့(မထသ)
အဖွဲ့ဝင် 171 ပန်းသေးစားဖွယ်စုံ မှသြဂုတ်(၈.၈.၂၀၁၅)ရက်နေ့ ဆိုင်
ရောင်းရငွေနှင့်ဆံတော်ရပ်ကွက်နေပြည်သူများ၊ဦးတင့်ခိုင်+ဒေါ်ခင်သန်း
ရီ န၀ဒေးပွဲရုံတန်း၊ကိုဝင်းဇော်+မဝင်းမြင့် သမီး ပိုးနှင်းဖြူ ဝင်းဝင်းဦးထုပ်
ဆိုင်(၃/၄)ကြားဈေးကြီးမှလှူဒါန်းသော အဝတ်အထည်များ၊ ဆန်၊မုန့်၊
ရေသန့်၊မာမားခေါက်ဆွဲ၊ငါးသေတ္တာဗူးများအား သြဂုတ်လ( ၉)ရက်နေ့
တွင် ရွှေတောင်မြို့နယ် ကျောက်ထရံအုပ်စု မိုးပုလဲရွာ အိမ်ခြေ(၃၇)လုံး ကို၎င်းလည်းကောင်း၊ရွှေဟင်္သာအုပ်စု စစ်ကုန်းကျေးရွာရှိ အိမ်ခြေ(၈၀)
လုံးကို၎င်းကောင်းသွားရောက်လှူဒါန်းခဲ့ပါသည်။

အဆိုပါ ကျေးရွာများသို့သွားလာရန်ခက်ခဲပြီးအန္တရာယ်ရှိတဲ့အတွက်
အလှူရှင်များက လာရောက်လှူဒါန်းမှုနည်းပါးကြောင်း ကျေးရွာသူရွာ
သားများကပြောသည်။၎င်းရွာများသို့ ပြည်မြို့မှရွှေတောင်မြို့သို့ကားဖြင့်
(၁၀)မိုင်ခရီး၊ရွှေတောင်မြို့မှရွှေနတ်တောင်သို့(၇)မိုင်ခရီး၊ရွှေနတ်တောင်
မှကျောက်ထရံအုပ်စုသို့(၇)မိုင်ခရီး၊ထိုမှတဆင့်နွားလှည်းဖြင့်၎င်းကောင်း
လှေဖြင့်၎င်းကောင်း ခြေလျှင်ဖြင်း၎င်းကောင်း ကားတတန်၊နွားလှည်းတ
တန်၊ခြေလျှင်တတန်၊လှေတတန်ဖြတ်ပြီးမှ မြတ်ကြောင်းနှစ်သွယ်အကြား
ရှိအဆိုပါရွာများသို့သွားရောက်လှူဒါန်းမှုပြုလုပ်ခဲ့ရပြီးနောက်ထပ်အလှူရှင်
များလည်းလိုအပ်နေသေးကြောင်းသိရပြီး ဆံတော်မီးသတ်တပ်ဖွဲ့မှရေဘေး
သင့်ပြည်သူများအားကယ်ဆယ်ရေးလှူဒါန်းမှုပြုလုပ်လာသည့်နေရာများအ
နက် ယခုလှူဒါန်းသော ကျေးရွာများသည်သွားလာရေးခက်ခဲပြီး လှူရသည်
မှအလွန်ပိတီဖြစ်ကြောင်း ပြောမဆုံးဖြစ်ရသည်ဟုဆို၏။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 4236 71883














No comments:

Post a Comment