သိမ်းစီးခံလယ်သမားတွေကို၊ပေါက်ခေါင်းတရားရုံးက၊ဒုတိယအကြိမ်၊ထောင်ချ
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၊အင်ငါးခွသကြားစက်အတွက်၊သိမ်းယူထားတဲ့လယ်တွေ ကို သကြားစက်ကပြန်လည်စွန့်လွှတ်လိုက်ပေမဲ့၊စက်ရုံဝန်ထမ်းတွေ ကပြန်မပေးဘဲ၊အဆင့်ဆင့်ရောင်းချထားတာကြောင့်၊နဂို အသိမ်းခံလယ်သမားတွေထံပြန်မရောက်ပဲ၊တောင်သူ(၁၉)ယောက်ကို၊ပိုက်နက်ကျူးလွန်မှုတွေနဲ့၊တရားစွဲခံထားရပြီး၊ဒီနေ့၊ဇူလိုင်လ(၁၆)ရက်နေ့မှာ၊တောင်သူ(၅)ယောက်ကို၊ပေါက်ခေါင်းမြို့နယ်တရားရုံးက၊အလုပ်နှင့်ထောင်ဒဏ်(၃)လစီအမိန့်ချလိုက်ကြောင်းသိရသည်။
ထိုလယ်မြေများကို ၁၉၉၇-ခုနှစ် အင်ငါးခွသကြားစက်ပေါ်လာသောအခါ ဦးပိုင်မြန်မာ့ကြံမှသိမ်းယူခဲ့တာဖြစ်ပြီး ဦးပိုင်မြန်မာ့ကြံမှဒေသခံတောင်များထံပြန်ပေးလိုက်ပြီဟုကြားသိရသော်လည်း ယနေ့ထိတောင်သူများထံရောက်ရှိနေခြင်းမရှိပါ။
“မြေကွက်ထဲကိုဝင်လို့ဆိုပြီးတစ်မိသားစုလုံးကို တရားစွဲထောင်ချနေတာ၊ယောက်င်္ကျားက၊ပထမထောင်ကြပြီးပြီ၊အခုဒီနေ့က သားကိုထောင်ချလိုက်တာ၊နောက်ထပ်၊အမှုရင်ဆိုင်နေရတာက၊ကျွန်မယောက်ကျားရယ်၊ဒီနေ့ထောင်ကြတဲ့သားရယ်၊ကျမရယ်၊(၃)ယောက်လုံးပဲ၊အဲဒါဒိအမှု ကလည်းရင်ဆိုင်နေရတုံးပဲဖြစ်တယ်တရားရုံးကမတရားဘူး။အိမ်မှာကျွန်မနဲ့ကလေးနှစ်ယောက်ပဲကျန်းတော့တယ်။ကျွန်မပါထောင်ချခံရရင်ကလေးတွေဘယ်လိုလုပ်မလည်း။”ဟု လွှစင်ကုန်းကျေးရွာနေထိုင်သူ ဒေါ်ကြည်မှသမဂ္ဂဂျာနယ်သို့ပြောသည်။
“ တရားစွဲဆိုထားသူတရားလိုဒေါ်အေးအေးဝင်မှ ၊ပုံစံ(၇)လက်ဝယ်ကိုင်ပြီး၊တရားစွဲတာ။သူ့တို့ကို ပြစ်မှုအမှတ်(၂၂၂၀/၂၀၁၄)ပြစ်မှုပုဒ်မ(၄၄ရ)နဲ့တရားစွဲထားတာ။သူတို့ကို ဥပဒေကြောင်းအရ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၃)လအမိန့်ချလိုက်တာပါ။အဲဒီလိုအမိန့်ချလိုက်တာက ပုဒ်မ(၄၄၇)အတွက် အပြင်းဆုံးပြစ်ဒဏ်ဖြစ်တယ်၊သတင်းဓါတ်ပုံရိုက်ချင်ရင်၊တရားရုံးကို လျှောက်ထားပြီးမှ ရိုက်ခွင့်ပြုနိုင်မယ်။” ဟု မြို့နယ်တရားသူကြီး။ဒေါ်တင်ကြူကြူဝင်းမှသမဂ္ဂဂျာနယ်သတင်းထောက်ကို ရုံးခန်းမှာခေါ်ယူတွေ့ဆုံပြောဆိုနေချိန် တရားခံတွေကိုမေးမြန်းခွင့်မရအောင်တရားရုံးအချုပ်ထဲမှ ပြည်ထောင်သို့လျှင်မြန်စွာပို့လိုက်ကြသည်။
၂၀၁၄-ခုနှစ်တွင် အင်ငါးဂွသကြားစက်ကသိမ်းထားတဲ့ မြေ ဧက(၃၀၀)ကျော် ကို ပြန်လည်စွန့်လွှတ်လိုက်ပြီဟူ၍ ပေါက်ခေါင်း၊မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၀၁၄-ခုနှစ်မှာတရားဝင်ပြောထားခဲ့ပြီး စက်ရုံတာဝန်ခံ ဦးသန်းဋ္ဌေး၊ဦးတင်ထွန်း တို့က ၊ပြန်မပေးပဲ။ရောင်းစားထားလိုက်သောကြောင့်၊လယ်သမားတွေ ကိုယ်လယ်ကိုယ်ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့ကြရာတွင်၊၂၀၁၄-ခုနှစ် (၃)လပိုင်းတွင် ဦးထွန်းရီတစ်ဦးကို ပုဒ်မ(၄၄၇/၄၂၇/၅၀၆)တွေနဲ့တရားစွဲပြီးထောင်(၉)လ၊ချမှတ်ခံရပြီး ဇူလိုင်လ-၁၆ရက်နေ့ မှာတော့ လယ်သမား(၅)ယောက်ကိုထောင်(၃)လစီထပ်မံချလိုက်ကြောင်းသိရသည်။ထို့နောက်တွင်လည်းလက်ရှိ အမှုရင်ဆိုင်ရန်တောင်သူ(၁၃)ဦးကိုလည်း အထိုအမှု ထိုပုဒ်မ ထိုလယ်ကွက်တစ်ခုတည်းဖြင့်အမှုရင်ဆိုင်နေဆဲဖြစ်ကြောင်းသိရသည်။ထိုအမှုကိစ္စနှင့်ပတ်သက်ပြီး အယူခံဝင်သွားမည်ဖြစ်ကြောင်းသိရသည်။ မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်..
တင်ဆက် ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
No comments:
Post a Comment