Friday, July 31, 2015
ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂) ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်
ပြည်မြို့ အကျဉ်းထောင်မှ အကျဉ်းသား ၄၃ ဦးလွတ်မြာက်ခဲ့ရာ အမှတ် (၁၂)
ထောက်လှမ်းရေးတပ်မှ တပ်မှူးဟောင်း နှင့် လယ်သိမ်းခံလယ်သမား ၃ဦးလည်းပါဝင်
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့အကျဉ်းထောင်မှ ဇူလိုင်လ (၃၀)ရက်နေ့ နံနက်တွင် အကျဉ်းသား ၄၃
ဦးလွတ်မြောက်ခဲ့ရာ အမှတ် ၁၂ ထောက်လှမ်းရေးတပ်မှတပ်မှူးဟောင်းတစ်ဦးနှင့်
လယ်သိမ်းခံတောင်သူလယ်သမား ၃ ဦးလည်းပါဝင် ခဲ့ကြောင်းသိရသည်။
အဆိုပါ လွတ်မြောက်သည့်အထဲတွင်
အမျိုးသားသယံဇာတဖွံဖြိုးတိုးတက်ရေးကုမ္ပဏီ(NRDC)မှ
ကျွန်းစိုက်ခင်းမြေများနှင့်ပက်သတ်၍သစ်တောဥပဒေများဖြစ်သည့် ၄၃(က)၊ ၄၀(ဂ)
တို့ဖြင့် တရားစွဲဆို ထောင်ဒဏ်ကျခံခဲ့ရသည့် ပြည်ခရိုင်၊
ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်ကြာအင်ကျေးရွာမှ ထောင် ၃ နှစ်
ချခံနေရသည့် ကိုမောင်လင်း ထောင်ဒဏ် ၂ နှစ် ၃ လကျခံနေရသည့် ကိုတင်လှ၊
ကိုအောင်တင်ဝင်း တို့လည်းလွတ်မြောက်ခဲ့ကြောင်း သိရသည်။
“ ကျွန်တော့်အနေနဲ့ကတော့ လွတ်ပေါက်စေ့မှလွတ်ချင်တဲ့အနေထားပဲ
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး လွှတ်လိုက်တာကျတော့
တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့အနေထားကိုတွေ့ရတယ် ကျွန်တော်က
လျော့ရက်တွေနဲ့ဆိုရင် ထောင် ကိုးလလောက်ကျန်သေးတယ်
တစ်စုတစ်ဝေးထဲလွတ်လာတဲ့အပေါ်မှာတော့ ၀မ်းသာမိပါတယ်” ဟု ကိုမောင်လင်း မှသမဂ္ဂဂျာနယ်သို့ ပြောသည်။
ပြည်အကျဉ်းထောင်မှ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၇ ဦး၊ အထူး ၁၊
အားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးခဲ့ပြီး
ယင်းတို့အထဲမှပြည်အကျဉ်းထောင်မှ ယခင် အမှတ်(၁၂) ထောက်လှမ်းရေးတပ်မှူး
ဗိုလ်မှူးနေစိုးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ဆီကတော့အထူးအနေနဲ့ နှစ်ကြီးသမား ဆယ်နှစ်လောက်တော့ရှိမယ်ထင်တယ်။သိပ်မမှတ်မိဘူး။ထောက်လှမ်းရေးဗိုလ်မှူးတစ်ဦးပါတယ်။
သူကပြည်မှာကျနေတာ။ သူ့မိသားစုကိုအကြောင်းကြားပေးထားတယ် ကျန်တာကတော့
စာရင်းအတိုင်းလွတ်မြောက်ပါပဲ” ဟု
ပြည်အကျဉ်းထောင်မှဝန်ထမ်းတစ်ဦးမှ သမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါလွတ်ငြိမ်းချမ်းသာမှုအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ အကျဉ်းထောင်အသီးသီးများတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသူ/သား ၆၉၆၆-ဦးတို့အားနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေး၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိရေး၊လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် ၂၀၁၅-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံခြားသား အကျဉ်းသား(၂၁၀)-ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။
မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်...
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
No comments:
Post a Comment