Monday, July 13, 2015
ဘောတံတားမှလေညှင်းခံသွားတဲ့လူငယ်ခြောက်ဦးမှ တစ်ဦးရေနစ်သေဆုံး
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ကမ်းနားလမ်းမှ ဘောတံတားပေါ်တွင် ဇူလိုင် ၇၊ရက်နေ့ ည(၉)နာရီချိန်ခန့်တွင် လူငယ်ခြောက်ဦး လေညှင်းခံရင် ထိုအထဲမှ အာကြီး(ခ)ကျော်မင်းထွန်း ဆံတော်ရပ်ကွက် ရှားရုံလမ်းနေထိုင်သူ ဆိုသူမှ ပူပြင်းလှ၍ရေဆင်းချိုးမည်ပြုကာ ဧရာဝတီမြစ်ရေထဲရေဆင်းချိုးခဲ့ကြောင်းသိရသည်။
အဆိုပါအာကြီး(ခ)ကျော်မင်းထွန်း ဆိုသူ(၂၆)နှစ် အားရေဆင်းမချိုးရန်ကျန်သည့်သူငယ်ချင်းများမှတားမြစ်ခဲ့သော်လည်း ၄င်းမှ ရေထဲခုန်ဆင်းသွားကာ ကူးခတ်ရင်း ၀ါး(၃)ပြန်ခန့်အရောက်တွင် ငါရေနစ်နေတယ်ကယ်ကြပါအုံးလို့ကေ၏အ်ာသံကြား၍ ပါရှိလာသည့်သူငယ်ခြင်းများထဲမှ တစ်ဦးက ဆင်းကယ်ရာ မမှီတော့ပဲ အသံတစ်ခါသာကြားလိုက်ရပြီးပျောက်ကွယ်သွားကြောင်းသိရသည်။
“ညကသူငယ်ချင်းတွေလေညှင်းလာခံတာ။ရေဆင်းမချိုးနဲ့လို့တားတယ်။မရဘူးဝုန်းဆိုပြီးခုန်ဆင်းသွားတာ။ခဏနေတော့ ငါ့ရေနစ်နေတယ်လာကယ်ပါအုံး အသံကြားလို့သွားကယ်တာ အနားမရောက်ခင်မှာ နစ်သွားတယ်။ကျွန်တော်လည်းဆက်မကယ်နိုင်တော့ ကမ်းပေါ်မနည်းတက်လာခဲ့ရတယ်။ကျွန်တော်လည်းကံကောင်းလို့မသေတာ။သွားကယ်ရင်းခြေကုန်လက်ပန်းကျသွားတယ်နီးရာကမ်းမနည်းပြန်ကူးလာရတယ်။”ဟု ရေနစ်သွားသူနှင့်ပါလာသော လူငယ်တစ်ဦးကသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါရေနစ်သွားမှုများ ညတွင်းချင်းသိရပေမယ့်မိသားစုများမှ သက်ဆိုင်ရာအကြောင်းကြားဖို့မေ့လျှော့နေခဲ့ပြီး ဇူလိုင် ၈၊ရက်နံနက်တွင် ပြည်မြို့ အမှတ်(၁)ရဲစခန်းအားသွားရောက်အကြောင်းကြားခဲ့ကြောင်းသိရသည်။
“ညကထူပူနေလို့ သွားအကြောင်းမကြားဖြစ်ဘူး။ခုမနက်သွားပြောထားတယ်။ ကလေးအခြေအနေက ဒီနားတစ်ဝိုက်မှာရှိမယ်မထင်တော့ဘူး။ရေကအရင်ထက်တက်လာတော့ရှာဖို့မလွယ်ဘူး။ရေစီးထဲမျှောလောက်ပြီး ရေငုတ်သမားတွေနဲ့ရှာဖို့စီစဉ်ထားပါတယ်။ဘာဆက်လုပ်ရမယ်ဆိုတာမသိတော့ဘူး။”ဟု သေဆုံးသူ ၏ ဦးလေးဖြစ်သူ ဦးအောင်ခိုင် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
ရေနစ်သူ အာကြီး(ခ)ကျော်မင်းထွန်း(၂၆)နှစ်အား ရေနစ်နေစဉ် ပါရှိလာသောသူငယ်ချင်းများထဲမှ နှစ်ဦးမှာ ရေထဲဆင်းကယ်ခဲ့ရာ ပထမတစ်ဦးမှာလက်ပန်းကျ၍ကမ်းသို့ပြန်တက်ခဲ့ရပြီး ဒုတိယတစ်ဦးမှာလည်း အနားသို့မှီသ၍လိုက်လန်သွားရောက်ဆယ်ယူခဲ့သော်လည်း ကယ်ဆယ်နိုင်ခြင်းမရှိကြောင်းသိရသည်။မိသားစုများမှလည်းမြန်မာ့ရိုးရာနည်းများဖြစ်သော ထိုရေနစ်သူအားပြန်လည်ဆယ်ယူရန်အတွက် အုန်းငှက်ပွဲနှင့်ဆိုင်ရာများအားတင်မြှောက်၍ ခေါင်းအုံးမြစ်ထဲမျှောရာ ရေနစ်သည့်အလောင်းရှိရာတွင် အဆိုပါခေါင်းအုံးရပ်တန့်သွားရာတွင် ရေငုတ်ဆယ်ယူပါက တွေ့ရှိနိုင်ကြောင်းလည်းသိထားသဖြင့် ယခုနည်းဖြင့်ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။ မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
No comments:
Post a Comment