Monday, July 20, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ရထားလမ်းရေကျော်ပြီး၊လမ်းပျက်စီးသွားခဲ့၍ ရထားတွေခေတ္တရပ်တံ့ထား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ရထားလမ်းရေကျော်ပြီး၊လမ်းပျက်စီးသွားခဲ့၍ ရထားတွေခေတ္တရပ်တံ့ထား


ဇူလိုင်လ(၁၅)ရက်နေ့၊ညနေ(၄)နာရီခန့်က၊ပဲခူးတိုင်းသဲကုန်းမြို့နယ် သဲဖြူ ချောင်းရေ အရှိန်ပြင်းစွာ ကျလာမှုကြောင့် တံတားအမှတ်(၄၃) မိုင်တိုင် ၂၁ /၂၂တွင် သဲဖြူချောင်းတံတားကြို့းပျက်သွားသောကြောင့်၊ရထားတွေခေတ္တရပ်တံ့လိုက်ရပါတယ်။ တောင်ကျရေမှတဆင့် တဲ့ ချောင်းရေများထဲသို့စီးဝင်ကာ ချောင်း၏မြောက်ဘက်ခြမ်းကိုရေလမ်းကြောင်းပြောင်း၍ ကမ်းပါးကိုထိုးချလိုက်ခြင်းကြောင့်၊တံတားအောက်ရှိသဲမြေများရေစီးထဲမျောပါပြီး၊မီးရထားသံလမ်း၊ကအောက်ဖက်ကိုနိုမ့်ကျ၍ ရထားသံလမ်းပြုတ်သွားသောကြောင့်၊ထိုနေ့ညနေ၊၀င်လာသည့် ရန်ကုန်၊ပြည် အမြန်ရထား၊စာပို့(လော်ကယ်)ရထားတွေကို၊သဲကုန်းဘူတာမှာ အရေးပေါ်ခေတ္တခဏရပ်တံ့ထားလိုက်ရပြီး၊ မီးရထားဋ္ဌာနမှ အမြန်ပြုပြင်၍ ယာယီပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြောင်းသိရသည်။

“ရေက ရထားသံလမ်းဘောင်တောင်ကျော်သွားတာ တကယ်ဆိုခုလိုသဲအိတ်တွေဖို့နေမယ့်အစား တံတားကိုဒိထက်ပိုမြင့်လိုက်ရင်အဆင်ပြေမှာပါ။ရေထွက်ပြွန် ပေါက်အပြင်ကိုကျော်တက်လာတယ်။ပြီးတော့သဲဖြူချောင်းကိုဖြတ်ဆောက်ပြီးဖောက်ထားတဲ့ ရထားသံလမ်းဖြတ်တံတားကိုထပ်မြှင့်ရမယ်။ဒါဆိုဒီလိုပြဿနာမဖြစ်ဘူး။ခုတော့ သဲအိတ်ပဲထပ်ဖို့နေတာတွေ့နေရတယ်။”ဟု အုတ်တွင်းကုန်းကျေးရွာနေထိုင်သူ တစ်ဦးမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

ဇူလိုင်လ ၁၅၊ရက်နေ့ညနေမှာဖြစ်ပေါ်ခဲ့သည့် ထိုသံလမ်းပျက်စီးမှုအား ယာယီပြုပြင်မှုများပြုလုပ်၍ ထိုနေ့ ည(၉)နာရီကျော်မှ ရပ်တန့်ထားသော သဲကုန်းဘူတာရှိမီးရထားများအား ဆက်လက်ထွက်ခွာစေခဲ့သည်။ထိုသို့ရထားဖြတ်သန်းစဉ် လမ်းပျက်နေရာရောက်သည့်အခါ ပုံမှန် ၃၀-မိုင်နူန်းမောင်းနှင်ခဲ့ရာ လက်ပျက်ယွင်းမှုကြောင့် ထိုနေရာတွင် ၅-မိုင်နူန်းသာမောင်းနှင်ဖြတ်သန်းခဲ့ရကြောင်းသိရသည်။ထိုသို့အမာခံပြင်ဆင်မှုများကို ဇူလိုင် ၁၆-ရက်နေ့ညနေချိန်ထိဆက်လက်ပြုပြင်လုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။

“ကျွန်တော်ရောက်တာသုံးနှစ်ရှိပြီ ၂၀၁၄ခုနှစ်လောက်ကခုလိုတစ်ကြိမ်ဖြစ်တယ်။အခုတစ်ကြိမ်ဖြစ်တယ်။ရထားအားလုံးခေတ္တခဏသဲကုန်းဘူတာမှာရပ်တန့်ထာတယ်။ဖြစ်ဖြစ်ခြင်းယာယီလမ်းပုံစံမျိုးလုပ်ခဲ့တာပါ။အခုအမာခံသေချာသဲအိတ်ဖို့ခင်းတာတွေလုပ်နေပါတယ်။”ဟု မြန်မာ့မီးရထား အငယ်တန်းအင်ဂျင်နီယာ(၁) သံလမ်း ဦးအောင်ဆွေမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

ထိုမီးရထားသံလမ်းပေါ်တွင် ပြည်မှရန်ကုန်သို့ဖြတ်သန်းသွားလျှက်ရှိသော အမြန်ရထား၊စာပို့ရထား၊ကားရထားနှင့်ကုန်တင်သောရထားများအသုံးပြုလျှက်ရှိပြီး ထိုသဲဖြူချောင်းရထားဖြတ်သံလမ်းတံတားလေးတွင် နှစ်စဉ်မိုးရွာသွန်းမှုများသည့်အခါတိုင်း ရေလျှံခြင်းများဖြစ်ပေါ်လျှက်ရှိသည်။ယခုနှစ်မိုးရေပိုမိုကြီးမာမှုကြောင့် ရထားသံလမ်းများပျက်စီးလျှက်ရှိကြောင်းသိရသည်။  မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)

No comments:

Post a Comment