Monday, July 13, 2015

ဒန်ဆာအကများဖြင့်ကြေငြာစွဲဆောင်မှုများကြောင့် လမ်းသွားသူများနှင့်ယာဉ်ကြောပိတ်မှုများဖြစ်နေ



ပဲခူးတိုင်း၊ပြည်မြို့၊မြို့လယ်ခေါင် လူစည်ကားရာနေရာတွေမှာ၊ဖုန်းကုပ္မဏီတွေမှ လမ်းပေါ်တက်ပြီးဖြေဖျော်ပွဲတွေ၊ကိုပြုလုပ်နေသောကြောင့်၊လူတွေနှင့် ယဉ်တွေသွားလာဖို့ခက်ခဲနေကြကြောင်းသိရသည်။

 ပြည်သူပိုင်လမ်းဘေးပလက်ဘောင်းများကျော်လွန်ကာဖုန်းအရောင်း ကုပ္မဏီမှဝန်ထမ်း တွေက ဒန်ဆာအကများဖြင့်ကခုန်ပြီးစေပြီး၊အပြိုင်အဆိုင်၊ကြော်ငြာကြသည့်အနေဖြင့်၊ပြုလုပ်လာတာကြောင့်၊လာရောက်ကြည့်ရှုသူတွေ နဲ့ လမ်းပိတ်ပြီး၊ကားတွေ၊လူတွေသွားမရအောင်၊လမ်းကြပ်မှုတွေဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

“ဒါကအပေါ်ပိုင်းကလူကြီးတွေကိုပေးကန်းပြီး၊လုပ်ထားတာလို့ထင်တယ်။၊ရပ်ကွပ်အုပ်ချုပ်ရေးမှုးတွေတောင်မသိဘူး၊လမ်းကစတီလ်းတိုင်တွေနဲ့ကျဉ်းရတဲ့ကြားထဲမှာ၊အခုလိုလမ်းပေါ်တက်ကတာတွေက၊စည်းပျက်ကမ်းပျက်ဖြစ်နေတယ်။လူကြီးတွေကိုတင်ပြတယ်။ဒီနေ့အထိလုပ်နေကြတုန်းပဲ”ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ မှဦးအေးချို မှသမဂ္ဂဂျာနယ်သို့ပြောသည်။

 ယခုလိုဖုန်းဟန်းစက်များကို ဒန်ဆာအကများ၊ဖျော်ဖြေသီဆိုမှုများမှာ ပြည်မြို့ပေါ်တွင် ၂၀၁၅ခုနှစ် ၄၊လပိုင်းလောက်မှစတင်ပေါ်ပေါက်လာခဲ့ပြီး ဇူလိုင်လအတွင်းမှာပိုမိုဆိုးဝါးစွာ လမ်းပိတ်ခြင်းများကြောင့် လူသွားလမ်းနှင့်ယဉ်ပိတ်ဆို့မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

 “နိုင်ငံရေးပွဲတွေလုပ်ရင်တော့ ခွင့်ပြုမိန့်မပေးတာကများတယ်။(၊ငြိမ်းစုစည်)ဥပဒေ နဲ့ ပုဒ်မ(၁၈/၁၉)တွေ နဲအရေးယူပြီး၊အခုလိုပွဲ့မျိုးကြတောာ့ခွင့်ပြုထားကြတယ်။နိုင်ငံရေးလုပ်တော့၊ဟိုလမ်းမသွားရဘူး၊ဒီလမ်းမသွားရဘူး၊လမ်းပိတ်ဆို့မှုဖြစ်တယ်ဆိုပြီး၊တရားစွဲတယ်၊အခုသူတို့လုပ်တာကြတော့၊အထက်လူကြီးကခွင့်ပြုထားတာလို့ နယ်ထိမ်းတွေကပြောတယ်၊အခုဆိုဒီမှာလမ်းတွေ တအားပိတ်ဆို့နေပြီ”ဟု နိုင်ငံရေတက်ကြွလှုပ်ရှားသူ ဦးကျော်ဆွေမှသမဂ္ဂဂျာနယ်သို့ပြောသည်။

ဖုန်းဆိုင်တွေ၊အပြိုင်အဆိုင်ဖြစ်လာသောကြောင့် ဖုန်းရောင်းသည့်တစ်ဆိုင်နှင့်တစ်ဆိုင်၊အပြိုင်အဆိုင်၊ကြာ်ငြာလာခဲ့ကြပြီး၊ဆိုင်မှဝန်ထမ်းတချို့နှင့်ကုပ္မဏီက၀န်ထမ်းတွေကို၊ဆိုင်ရှေ့တွေမှာ ထွက်စေပြီးမြေကြီးပေါ်မှာ၎င်း၊ဆင်မြငှ်င့်တွေပေါ်မှာ၎င်း ဒန်ဆာအကများဖြင့် ကပြစေပြီး၊စွဲဆောင်ခဲ့ကြသောကြောင့်၊ရပ်ကြည့်သူတွေနှင့် လမ်းပိတ်ဆို့မှုတွေ၊မကြာခဏဖြစ်နေခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်မေလပိုင်းမှာ ၊နာမည်ကြီး၊ဖုန်းကုပ္မဏီတခုမှဧရာဝတီမြစ်ကမ်းနားသဲသောင်ပြင်မှာ၊ယခုလို၊ရှိုးပွဲကြီးတခုပြုလုပ်ခဲ့ပြီး၊သက်ဆိုင်ရာရပ်ကွပ်အုပ်ချုပ်ရေးမှုးရုံးများသို့အသိပေးခြင်းမရှိဘဲ ပြုလုပ်သွားခဲ့ရာဝေဖန်ပြောဆိုမှုတွေရှိနေခဲ့ကြောင်းသိရသည်။  မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019

No comments:

Post a Comment