Sunday, July 12, 2015

သရေခေတ္တရာရှေးဟောင်းဇုံထဲမှာ ဒုတိယ၀န်ကြီးဦးဆောင်ပြီး နိုင်ငံရေးပါတီပေါင်းစုံနဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်း၍အမှိုက်ရှင်းခဲ့ ပြည့်သဲမောင်(ပြည်) 09 4236 71883




သရေခေတ္တရာရှေးဟောင်းဇုံထဲမှာ ဒုတိယ၀န်ကြီးဦးဆောင်ပြီး နိုင်ငံရေးပါတီပေါင်းစုံနဲ့ 
လူမှုရေးအဖွဲ့တွေ စုပေါင်း၍အမှိုက်ရှင်းခဲ့

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် မှော်ဇာကျေးရွာသမိုင်ဝင်ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ပျုမြို့ဟောင်းနေရာတွင် ဇူလိုင်(၁၁)ရက်နေ့ နေ့လည်(၃)အခိန်ခန့်က 
ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်က ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ရဲတပ်ဖွဲ့၊စစ်တပ်၊အမျိုးသမီးရေးရာ၊ ကင်းထောက်အဖွဲ့ ၊ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ ကျောင်းသူ/သားတွေ နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ စုပေါင်းပြီး၊ ရှေးဟောင်းဇန်ု ထဲကနေရာစုံမှာ၊ အမှိုက်ရှင်းလင်းခဲ့ကြပါတယ်။

“ဘယ်လိုပဲလူတန်းစားအလွှာတွေကွဲနေပါစေ၊အရောင်တွေဘယ်လိုပဲကွဲနေပါစေ၊ဒီမိုကရေစီ
 ရွှေနိုင်ငံ သစ်ဆီကိုသွားနေတဲ့အသင်းအဖွဲ့တွေအားလုံးရှေးဟောင်းအမွေအနစ်တွေ ချစ်မြတ်နိုး၊ ထိမ်းသိမ်းတဲ့ နေရာမှာတော့အားလုံးကတော့တူကြပါတယ်”ဟု ရှေးဟောင်းအမွေ အနစ်ထိမ်းသိမ်း
 စောင့်ရှောက် ရေးအဖွဲ့မှကိုကျော်သူစိုး ကပြောသည်။
“အခုက ဒုတိယအကြိမ်ဖြစ်တယ်။ပထမတုံးက၊ကမ္ဘာ့ရှေးဟောင်းအမွေအနစ်အဖြစ်သတ်မှတ်ခံရတဲ့ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့တုန်းကလဲအခုလို စုပေါင်းပြီးလုပ်ခဲ့ပါသေးတယ်လို့” ယဉ်ကျေးမှုဝန်ကြီး 
ဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်ကပြောသည်။

ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အနေနဲ့၊အခုလိုစုပေါင်းလုပ်တာဖြစ်တယ်၊ဒီမှာ၊နိုင်ငံရေးပါတီပေါင်းစုံ၊
အရပ်ဖက်အဖွဲ့အစည်းတွေ၊ကျောင်းသားတွေ၊အစိုးရ၀န်ထမ်းတွေအစုံပါ ပါတယ် ၊အခုဟာ ကိုကြည့်ရင် ဘယ်လောက်ပဲ၊ကဏ္ဍတွေကွဲနေပါစေ၊အားလုံးရဲ့ရင်ထဲမှာ၊ဒီရှေးဟောင်းအမွေ အနစ်တွေကို တန်ဖိုး ထားထိမ်းသိမ်းတယ်ဆိုတဲ့၊ရည်ရွယ်ချက်ဦးတည်ချက်ကတော့။တူတယ်ဆိုတာကိုသက်သေပြနေတာဖြစ်
တယ၊်ဒါကြောင့်ပါတီအမှတ်တံဆိပ်တွေနဲ့လာပြီးလုပ်အားပေးတာပါ”ဟုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စား
လှယ် ပြည်ခိုင်ဖြိုးပါတီမှကိုကျော်ကျော်လင်းကပြောသည်။
ဒီဟာကရှေးဟောင်းအမွေအနှစ်ကိုထိမ်းသိမ်းတာ၊အားလုံးမှာတာဝန်ရှိတယ်ဆိုတာကိုပြသချင်လို့အခုလို၊
လုပ်တာဖြစ်ကြောင်း၊ပါတီရဲ့အကျိုးစီးပွားအနေနဲ့လာလုပ်တာမဟုတ်ဘူးတိုင်းပြည်ရဲ့ယဉ်ကျေးမှုအမွေအနစ်
၊ရေရှည်တည်တံ့စေဖို့အတွက်၊ပါတီအနေနဲ့လာလုပ်ရတာဖြစ်တယ်ဦးသိန်းအောင်ပြည်ခရိုင်အတွင်းရေးမှုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပြောသည်။

“ကျွန်တော်တို့ကတော့ ကိုယ့်အရပ်ဒေသအတွက်လုပ်တာပါ။ဝန်ကြီးလာမှဒီလိုလုပ်တာမဟုတ်ပါဘူး၊
ရွာကလူငယ်တွေ စုပေါင်းပြီးတစ်ပတ်တစ်ခါလောက်တော့ သန့်ရှင်းရေးလုပ်ဖြစ်ပါတယ်” ဟုမှော်ဇာ
ကျေးရွာနေ ပြည်သူတစ်ဦးကပြောသည်။

ဘားကန့်ဖွင့်ပွဲမှာလဲ လူငယ်တွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးတတ်စေဖို့ ကို
ရည်ရွယ်၍ ဒုဝန်ကြီးကဟောပြောစည်းရုံးခဲ့ပြီး၊ညနေ(၃)နာရီထိုး မှာ၊ရှေးဟောင်းဇုံထဲနေရာဇုံမှာ၊လူ
(၁၀၀၀) ခန့် နဲ့ ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09 423671883











No comments:

Post a Comment