အရန်မီးသတ်တပ်စု(၁၈)မီးသတ်ရုံးဆောက်လုပ်ရန်နှင့်
မီးသတ်ကားပြုပြင်ထိန်းသိမ်းရန်
အလှူငွေများ လိုအပ်လျှက်ရှိနေ
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့
ဆင်စုရပ်ကွက်
အရန်မီးသတ်တပ်စု(၁၈)မီးသတ်ရုံးဆောက်လုပ်ရန်နှင့်
မီးသတ်ကားပြုပြင်ထိန်းသိမ်းရန်အတွက်
အလှူငွေများ
လိုအပ်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ ဆင်စုရပ်ကွက်ရှိ အရန်မီးသတ်တပ်စု(၁၈)နှင့်
မီးဘေးကြိုတင်ကာကွယ်တားဆီးရေကော်မတီသည်
လွန်ခဲ့သော(၆)နှစ်ခန့်က၊(၂၀၀၉)ခုနှစ်မှစ၍ဖွဲ့စည်း
ပုံပျက်၍
မီးသတ်ကားမှာ အသုံးပြုမရတော့ကြောင်း။
ထို့ကြောင့် မီးဘေးကြိုတင်ကာကွယ်တာဆီးရေးကော်
မတီနှင့်မီးသတ်တပ်ဖွဲ့ ပြန်လည်ဖွဲ့စည်းရန်၊မီးသတ်ကား
အား
ပြုပြင်ထိန်းသိမ်းခြင်းတို့ပြုလုပ်ရန် ဆင်စုရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့်ရပ်မိ
ရပ်ဖလူကြီးမင်းများ တွေ့ဆုံ
ညှိနှိုင်းဆွေးနွေး၍(၈.၅.၂၀၁၅)ရက်နေ့တွင် ဆင်စု
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌
ဆင်စုရပ်ကွက် အရန်မီး
သတ်တပ်စု(၁၈)မီးဘေးကြိုတင်ကာကွယ်တား
ဆီးရေးကော်မတီကို
ပြန်လည်၍စတင်ဖွဲ့စည်း
ခဲ့သည်။
အဆိုပါ မီးသတ်တပ်ဖွဲ့နှင့်မီးဘေးကြိုတင်ကာကွယ်ရေး
ဆပ်ကော်မတီကို
ပြန်လည်ဖွဲ့စည်းရခြင်းမှာ လွန်ခဲ့သော
၂၀၁၀ခုနှစ်ခန့်က ဆင်စု
အ.မ.က ကျောင်းမီးလောင်မှု
တစ်ကြိမ၊်၂၀၁၃ခုနှစ်ခန့်ကရွှေဘုံသာဘုန်းကြီးတွင်
မီးလောင်မှုတစ်ကြိမ်ရှိခဲ့ပြီး
ဆင်စုရပ်ကွက် မီးသတ်ကား
မှာ ရပ်ကွက်ကာကွယ်ဖို့အတွက်မီးမငြိမ်းသတ်နိုင်ခဲ့ပါ။
ထို့အပြင် ဆင်စုရပ်ကွက်တွင် မြ၀တီဓါတ်ဆီအရောင်း ဆိုင်ကြီးရှိခြင်း၊နေအိမ်အချို့တွင်ဓါတ်ဆီရောင်းချခြင်း
လုပ်ငန်းများလုပ်ကိုင်နေသောကြောင့်၊ရပ်ကွက်
အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်
ရပ်ကွက်တွင် ကောင်းမွန်သောမီးသတ်ကား၊
တပ်ဖွဲ့ ၀င်၊မီးသတ်ရုံးအဆောက်အဦးတို့
လိုအပ်
သည်မှာအမှန်တကယ်ပင်ဖြစ်ပါသည်။
ထိုပြန်လည်ဖွဲ့စည်းထားသော အရန်မီးသတ်တပ်စု
(၁၈)မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီသည်
လုပ်ငန်းကြီး(၃)ရပ်ကို ဆုံးဖြတ်ချက်ချမှတ်ပြီးအကောင်
အထည်ဖော်ရာမှာ
(၁)မီးသတ်ရုံးအဆောက်အဦးဆောက်
လုပ်ရန်(ပထမဦးစားပေး)၊(၂)မီးသတ်တပ်ဖွဲ့ဝင်များ
စုဆောင်း၍သင်တန်းပို့ချရန်၊(၃)မီးသတ်ယဉ်ပြုပြင်ထိန်း
သိမ်းမွမ်းမံရန်
ဖြစ်ပါသည်။မီးသတ်ရုံးအဆောက်အဦး
ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်တွက်ချက်ရာ
တွင်ခန့်မှန်း
(၂၇၁၄၅၀၀ိ/)ကျပ်ခန့် ကုန်ကျမည်ဖြစ်ကြောင်း
သိရသည်။
ထို့ကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီမှ
(၃၁.၅.၂၀၁၅)ရက်နေ့မှစပြီး
ကော်မတီလူကြီး
များ၏ အသိမိတ်ဆွေများထံမှအလှူခံခဲ့ရာ
အလှူငွေ
(၁၇)သိန်းကျပ်ခန့်ရရှိပြီး၊(၂၂.၆.၂၀၁၅)ရက်နေ့
တွင် မီးသတ်ရုံးအဆောက်အဦးအား စတင်
အကောင်ထည်ဖော်နေပြီး
ကျန်လုပ်ငန်းစဉ်များ
လုပ်ဆောင်ရန်လိုအပ်နေသော အလှူငွေများအား
ဆင်စုရပ်ကွက်နေ
ပြည်သူ/ပြည်သားများ၊ပြည်မြို့ရှိ
စေတနာရှင်အလှူရှင်များ၊မြို့မိ မြို့ဖများ၊ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်များ တို့မှ အလှူငွေ
နည်းများမဆိုကုသိုလ်ယူ ထည့်ဝင်လှူဒါန်းပေး
ကြပါရန်။ ဆင်စုရပ်ကွက်
အရန်မီးသတ်တပ်စု
(၁၈)မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီ
မှ တိုက်တွန်းနှိုးဆော်အပ်ထားပါကြောင်း
၊
ယခင်လှူဒါန်းထားသောအလှူရှင်များအားလုံး
ကိုလဲအထူးကျေးဇူးတင်ရှိပါကြောင်း ၊ အလှူရှင်
များလှူဒါန်းငွေစာရင်းများကို
တိတိကျကျ ဆောင်
ရွက်ကာအလှူရှင်များ၏အမည် လှူဒါန်းငွေကိုလဲ
တိကျအောင်ဆောင်ရွက်ထားပါကြောင်းနှင့်မည်
သူမဆို
စာရင်းဇယားများပွင့်ပွင့်လင်းလင်းမေး
မြန်းနိုင်ကြောင်း
အရန်မီးသတ်တပ်စု(၁၈)မီးဘေး
ကြိုတင်ကာကွယ်ရေးကော်မတီလူကြီးများထံက
သိရသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
ဆက်သွယ်လှူဒါန်းနိုင်သောဖုန်းနံပါတ်များမှာ…………..
ဦးသိန်းထွန်း 09 5310150
ဦးတင့် 09 250928260
ဦးခင်မောင်ဝင်း 09 259283556
ဦးမျိုးအောင် 09 5370629
ဦးခင်ဝမ်း 09 5310392
No comments:
Post a Comment