Friday, June 26, 2015
ကိုယ့်အားကိုယ်ကိုးကျေးရွာနှစ်ရွာမီးလင်းရေးဆောင်ရွက်
ကိုယ့်အားကိုယ်ကိုးကျေးရွာနှစ်ရွာမီးလင်းရေးဆောင်ရွက်
ပြည်၊ဇွန်၊၂၇
ပဲခူးတိုင်းသေကြီး ပြည်မြို့နယ်တွင်းဗျည်းအုပ်စု၊ကြို့ရသာရွာနှင့်ဇလေ့တင်ရွာရှိ လိုတိုင်းရအောင်စေတီတော်ပရ၀ုဏ် ထရန်စမော်မာရှေ့တွင် “ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ”ကို ဇွန်၊၂၇ ရက်နေ့နံနက် ၉၊နာရီချိန်တွင်ကျင်းပပြုလုပ်သွားကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးစက်မှုလက်မှုနှင့်လျှပ်စစ်ဝန်ကြီးဌာနမှတာဝန်ရှိသူများသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ကျေးရွာလျှပ်စစ်မီးလင်းရေးတာဝန်ရှိသူများမှ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေးဖွင့်ပွဲဆိုင်းဘုတ်အား စက်ကလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားအား ဆရာဦးဦးစိန် ဓမ္မာရုံတော်ကြီးအတွင်းဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
“မီးဖို့တင်ရည်ရွယ်တာမဟုတ်ပါဘူး။လျှပ်စစ်မီးရရှိလာတာနဲ့ လူမှုရေး၊စီးပွားရေး၊ပညာရေးအစ မီးရရှိပြီဆိုရင်ပြောမကုန်အောင်မီးရဲ့အကျိုးကျေးဇူးတွေရှိတယ်။မီးရရှိလာတဲ့အတွက် စက်မှုလက်မှုလုပ်ငန်းတွေလည်းထွန်းကားလာမယ်။နည်းပညာပိုင်းတွေပါ သိရှိလာမှာဖြစ်ပြီး မီးလင်းပြီးတဲ့ကျေးရွာတိုင်း သိသာစွာတိုးတက်ပြောင်းလည်းလာမှုများမြင်တွေခဲ့ရပါတယ်။”ဟု ပဲခူးတိုင်းဒေသကြီး စက်မှုလက်မှုနှင့်လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီးဦးဘေဘီလုံ မှပြောသည်။
မြန်မာနိုင်ငံတွင်း ကျေးရွပေါင်း ခြောက်သောင်းကျော်ရှိရာတွင် ယခုကျေးရွာပေါင်းနှစ်သောင်းကျော်လျှပ်စစ်မီးများရရှိနေပြီဖြစ်ကြောင်းသိရသည်။
“ကျေးရွာရဲ့သမိုင်းမှတ်တိုင်တင်နိုင်ခဲ့တဲ့နေ့ပါ။အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။အဖက်ဖက်ကကူညီပံ့ပိုးသူတွေလည်းကျေးဇူးအထူးတင်ပါတယ်။ငယ်ငယ်က ရေနံဆီအားကိုးခဲ့ရတဲ့ရွာပါ။နှစ်ပေါင်းငါးဆယ်ကြာပြီးမှအခုလိုအလင်းရောင်လျှပ်စစ်မီးရရှိခဲ့ရတာပါ။ထင်းနဲ့မီးသွေးသုံးစရာမလိုတော့လို သစ်တော်ပြုန်းတီးမှုကိုပါကာကွယ်ပြီးသားဖြစ်ပါတယ်။အသေးစားစက်မှုလက်မှုလုပ်ငန်းတွေဖော်ဆောင်နိုင်တော့မှာဖြစ်လို့ ကျွန်တော်တို့ကျေးရွာတွေ အမြန်ဆုံးတိုးတက်ပြောင်းလည်းလာတော့မှာဖြစ်လို့ အတိုင်းမသိဝမ်းသာမိနေပါတယ်။” ဟု ဒေသခံမြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဦးအောင်မြင့်(အောင်.ဓာတုဗေဓ) မှပြောသည်။
အဆိုပါကျေးရွာနှစ်ရွာတွင် အိမ်ထောင်စု(၁၄၀)ခန် လူဦးရည်(၄၀၀)ကျော်ရှိသည်။၎င်းရွာများအတွက် 200.KVA ရှိ ထရန်စမော်မာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီး စက်မှုလက်မှုနှင့်လျှပ်စစ်ဝန်ကြီးဌာမှတာဝန်ရှိသူများ၊သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်နှင့်မြို့နယ်လျှပ်စစ်ဌာနမှလူကြီးများ၊ဒေသဆိုင်ရာ ခရိုင်/မြို့နယ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ရပ်မိရပ်ဖများ၊ကျေးရွာသူကျေးရွာသားများနှင့်စိတ်ပါဝင်စားသူ ၂၀၀.ခန့်တက်ရောက်ခဲ့ပြီးအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင်နေ့လည်စာများဖြင့် တည်ခင်းဧည့်သွားကြောင်းသိရသည်။
ဒီမိုကရေစီတူဒေးဂျာနယ်သို့ ပေးပို့ထားပြီးဖြစ်ပါတယ်။ k3(pyay)
ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
No comments:
Post a Comment