Friday, June 19, 2015

--သင့်ရဲ့ကုန်ပစ္စည်းကိုလက်ခံဖို့ဆိုတာ---

--သင့်ရဲ့ကုန်ပစ္စည်းကိုလက်ခံဖို့ဆိုတာ---

လူတွေဟာသူတို့စိတ်မ၀င်စားတာကိုလျစ်လှူရှုတတ်ကြတာသဘာဝပါပဲ။အခြေခံအားဖြင့်လူတွေရဲ့ဦး နှောက်ဟာ ဘာတွေကိုဂရုပြုအာရုံစိုက်ပြီး ဘာတွေကိုလျစ်လျူရှုမလဲဆိုတာရှိပြီးသား။သူတို့စိတ်မ၀င်စား တာကိုသွားပြောရင်တော့သင့်ကိုသူတို့ကဂရုစိုက်မှာမဟုတ်တဲ့အပြင်ပိုပြီးတော့တောင်မြန်မြန်ဆန်ဆန်လျစ် လျူရှုသွားမှာပါ။
ဥပမာ ဟယ်ရီပေါ်တာလိုဝတ္ထုဇာတ်လမ်းတွဲတွေ ထွက်လာရင်ကြော်ငြာစရာမလိုအောင်ဝယ်မယ့်သူရှိပြီး သားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝတ္ထုမှာပါလာမယ့်ဇာတ်လမ်းကိုစိတ်ဝင်စားနေပြီးသားလေ။ စီးပွားရေးလုပ် တဲ့အခါမှာလည်းအဲလိုပါပဲ လူအများစိတ်ဝင်စားတဲ့အရာ လူအများလိုအပ်မယ့်ကုန်ပစ္စည်းတွေနဲ့ထိုးဖောက် ရင်မြန်မြန်ဆန်ဆန်ပေါက်တတ်ပါတယ်။

လူအများစိတ်ပါဝင်စားမှုမရှိတဲ့ကုန်ပစ္စည်းကိုရောင်းဝယ်ဖောက်ကားရင်တော့ အရှုံးပေါ်ဖို့များပါတယ်။ ဥပမာ သက်သတ်လွတ်သမားတွေကို အမဲသားစားခြင်းရဲ့အကျိုးကျေးဇူးတွေသွားပြောနေလို့လဲအလကားပါပဲ။ သင်မောတာပဲအဖတ်တင်ပါမယ်။ သူတို့သင်ရောင်းတဲ့အသားတွေကိုဝယ်စားမှာမဟုတ်ပါဘူး။ သင်ဘယ်လို ပဲသက်သေသာဓကတွေပြပြ၊ သင်ဘယ်လောက်ပဲအဟောအပြောကောင်းကောင်းသူတို့လက်ခံဖွယ်နည်းပါ တယ်။ လူတိုင်းမှာ အစွဲတွေရှိတတ်ပါတယ်။ လူတစ်ယောက်ရဲ့အစွဲကိုချွတ်နိုင်ဖို့ဆိုတာလွယ်တာမဟုတ်ပါ ဘူး။ အဲဒါကြောင့် စီးပွားရေုးလုပ်ရင် သူများလက်မခံတာကိုဇွတ်အတင်းထိုးရောင်းမယ့်အစား သူတို့လိုချင် တာကိုသင်ဖြည့်ဆည်းပေးရင် သင့်လုပ်ငန်းအောင်မြင်ပါလိမ့်မယ်။

လူတစ်ယောက်ရဲ့လက်ခံနိုင်မှုဟာလည်း အရာဝတ္ထုနဲ့အချိန်အခါပေါ်မူတည်ပါတယ်။ အချိန်အခါပေါ်မူတည် ပြီးတော့ လူတစ်ယောက်ရဲ့လက်ခံနိုင်မှုပြောင်းလဲပါတယ်။ ကျွန်တော်ဆိုရင် အသစ်ထွက်လာတဲ့ စီးပွားရေး ဆိုင်ရာစာအုပ်အကြောင်းကိုအမြဲစိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဒါပေမယ့် ထုတ်ဝေသူက မနက် ၃နာရီမှာ စာအုပ်အသစ်အကြောင်းပြောဖို့ ကျွန်တော့်ကိုဖုန်းခေါ်ရင်တော့ ကျွန်တော် နှစ်သက်မှာမဟုတ်ပါဘူး။ ကျွန်တော် စီးပွားရေးဆိုင်ရာစာအုပ်တွေကိုဘယ်လိုပဲစိတ်ဝင်စားပါစေ အိပ်ရေးပျက်ခံပြီးတော့ အဲဒီအ ကြောင်းမသိချင်တာအမှန်ပါ။

သင့်ရဲ့ဖောက်သည်တွေကိုတစ်ခုခုအသိပေးချင်ရင်တော့ မီဒီယာကအရေးပါလာပါပြီ။ သင်အသိပေးတဲ့ပုံစံ ဟာသင့်ဝယ်ယူသုံးစွဲသူတွေအပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ သင်ဟာ သူတို့ကိုသာရည်ရွယ် ပြီးအသိပေးတဲ့ပုံစံဖြစ်နေရင်တော့ ပိုပြီးထိရောက်မှုရှိပါတယ်။ ဥပမာ အားကစားပစ္စည်းကိုကြော်ငြာရင် အားကစားဂျာနယ်မှာထည့်ပြီးကြော်ငြာတာမျိုးပေါ့။
ဥပမာတစ်ခုကြည့်ပါရစေ။ ခင်ဗျားတို့ရဲ့ email box ထဲမှာ junk mail တွေဝင်ဖူးပါသလား။ တစ်ခါပို့ရင် email ရာထောင်ချီပြီးရောက်တဲ့ ကြော်ငြာမျိုးလေ။ အဲလို junk mail တွေကို လက်ခံရရှိသူ ၉၉% လောက် ကဖွင့်မကြည့်ကြတာအမှန်ပါ။ သင့်ရဲ့ချည်းကပ်မှုပုံစံကိုပြောင်းလိုက်ပါ။ ဒါဆိုရင်တဖက်လူရဲ့လက်ခံနိုင်မှု လည်းပြောင်းသွားပါလိမ့်မယ်။

အဲလို junk mail တွေပို့နေမယ့်အစား သင်အသိပေးချင်တာတွေကို စာအိတ်နဲ့သေချာပို့ရင် အလုပ်ရှုပ်ပါ တယ်ဆိုတဲ့ CEO တွေတောင်မှ သင့်စာအိတ်ကိုဖွင့်ဖောက်ကြည့်မိမှာပါ။ ဘာလို့လဲဆိုတော့ စာအိတ်နဲ့ပို့တာ ကုန်ကျမှုများတယ်၊ ပိုခက်ခဲတယ်၊ အင်အားပိုစိုက်ထုတ်ရလို့ပါပဲ။ အဲဒါတောင်မှ သင်ပို့လိုက်တာတွေဟာ သူတို့စိတ်ဝင်စားတာတွေမဟုတ်ရင်တော့ သူတို့ရဲ့စိတ်ဝင်စားမှုချက်ချင်းပျောက်သွားမှာပါ။
ဒါကြောင့် သူများစိတ်မ၀င်စားတာကို ဇွတ်အတင်းလုပ်နေမယ့်အစား သူတို့စိတ်ဝင်စားတာတွေကိုလေ့လာ ပြီး ဖြည့်ဆည်းပေးမယ်ဆိုရင် သင့်လုပ်ငန်းပိုမိုအောင်မြင်မှာပါ။

စီးပွားရေးသတင်း

ကျော်စောလွင်
၂၉.၃.၂၀၁၅

တင်ဆက်.ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment