Monday, June 22, 2015

“အနည်းဆုံး အခကြေးငွေနှုန်းထား ဇွန် ၂၄ တွင် ကြေငြာမည်”


“အနည်းဆုံး အခကြေးငွေနှုန်းထား ဇွန် ၂၄ တွင် ကြေငြာမည်”
အနည်းဆုံးအခကြေးငွေနှုန်းထားကို လာမည့် ဇွန်လ၂၄ ရက်တွင် ကျင်းပမည့်အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
ယခု ဇွန် ၂၂ မှ ၂၃ ရက်ထိ ကျင်းပနေသည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ်မူတည်၍ အမျိုးသားကော်မတီအစည်းအဝေးတွင် နှုန်းထားကို ကြားချသတ်မှတ်
သွားမည်ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ပြောသည်။
ယင်းသတ်မှတ်နှုန်းထားကို အလုပ်ရှင်၊ အလုပ်သမားများမှ ရက်ပေါင်း ၆၀ အတွင်းကန့်ကွက်နိုင်ပြီးကန့်ကွက်မှုမရှိပါက နိုင်ငံတော်သမ္မတထံတင်ပြပြီး
အတည်ပြုသွားမည်ဟု သိရသည်။

7Day News Journal
(ဓာတ်ပုံ- ထက်အာကာ)

No comments:

Post a Comment