Sunday, June 28, 2015

ကုန်ဈေးနူန်းမြင့်မားသွားသော်လည်း ရာသီချိန်သီးနှံဈေးဆယ်စခန့်ကျဆင်းလျှက်ရှိနေ


ကုန်ဈေးနူန်းမြင့်မားသွားသော်လည်း ရာသီချိန်သီးနှံဈေးဆယ်စခန့်ကျဆင်းလျှက်ရှိနေ

ပြည်ခရိုင်အတွင်းထွက်ရှိသော ပြည်တွင်းပို့ကုန်သီးနှံများဖြစ်တဲ့ ဗူးသီးနှင့်သခွားသီးဈေးနူန်းများယခင်ထက်အဆမတန်ကျဆင်းလျှက်ရှိကြောင်းသိရသည်။နှစ်စဉ်ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းမှာပြီးခဲ့သည့်မိုးရာသီမှာစိုက်ပျိုးလျှက်ရှိသော ဗှုးနှင့်သခွားသီးများကို ယခင် ရန်ကုန်၊မန္တလေးမြို့များအပါအ၀င် တခြားမြို့ကြီးများမှ ဈေးကောင်းပေးဝယ်ယူခဲ့ရာ ဒေသခံများအဆင်ပြေချောမွေ့ခဲ့သဖြင့် ယခုနှစ်မှာလည်း ဗှုး၊သခွား၊ပြောင်း၊ခရမ်းများအပြင်ရာသီချိန်သီးနှံများ သဲကုန်းမြို့နယ်အတွင်းယခင်ထက် စိုက်ပျိုးသူများပြားလာ၍ အထွက်နှုန်းအဆမတန်များပြားလာခြင်းများကြောင့် ရန်ကုန်၊မန္တလေးအစရှိသည့်ဝယ်လက်ဒိုင်ကြီးများက ဈေးနူန်းလျော့ချကာ ကောက်ယူခဲ့ခြင်းများကြောင့် စိုက်ပျိုးသူဒေသခံများ ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်းသိရသည်။
ကျွန်တော်ဆီကနေ ရန်ကုန်၊မန္တလေးနဲ့အခြားမြို့တွေကတဆင့်ပြန်လာဝယ်ကြတာများတယ်။ရန်ကုန်ဒိုင်နဲ့မန္တလေးဒိုင်တွေကိုတိုင်ကျတော့အပါအ၀င်ဒီနယ်ကဒိုင်လေးတွေဆီမှာဈေးလျော့ကောက်ကျတာ ကျွန်တော်တို့လည်းအခုထိုင်နေရတယ်။အလုပ်မဖြစ်တော့ဘူး။စိုက်ပျိုးသူတွေလည်းအကုန်ဆုံးရှုံးနစ်နာကုန်ကြတယ် ဟု ဆင်မြီးဆွဲမြို့ ဦးဝတင်သီးနှံရောင်း/၀ယ်ရေးဒိုင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
 သဲကုန်းမြို့နယ် ဘွတ်တောအုပ်စုတွင်း ဘွတ်တော၊ကျားတက်၊ရွာလှ၊ညောင်ကုန်း ကျေးရွာများတည်ရှိပြီး ကျားတက်ကျေးရွာတွင် အိမ်ခြေ တစ်ရာခန့်ရှိရာ ခုနှစ်ဆယ်ခန့်မှ ရာသီချိန်သီးနှံများစိုက်ပျိုးခဲ့ရာ တွင် ယခုနှစ်မိုးရာသီဗှုးသီးဈေးနှင့်သခွားသီးဈေးများကျဆင်းနေမှုကြောင့် ကျေးရွာတချို့တွင် ဗှုးသီးများဓားဖြင့်ခုတ်ထစ်ပြီးလမ်းဘေးပုံထားမှုများဖြစ်သည်အထိရှိခဲ့သည်။ဗှုးစဉ်တစ်စဉ်တွင် ဧက၀က်(နှစ်ယောက်စိုက်)ကို ရင်းနှီးမှုအစအဆုံးမြုပ်နှံငွေမှာ ၁၈-သိန်းမှ သိန်း-၂၀ခန့်ထိရှိကြောင်းသိရသည်
တစ်ခါမှမကြုံဘူး၊မကြားဘူးတာတွေပါ။ရန်ကုန်၊မန္တလေးမြို့ကလာကောက်ယူတဲ့ဒိုင်ကြီးတွေဆီကိုတိုက်ရိုက်ရောင်းတာ ဗူးသီးတစ်လုံး သုံးဆယ်ပဲမေးမယ်ပြောတယ်။အနာအစာအလုံးမချောတာတွေလည်းပယ်ပစ်မယ်တဲ့။အရင်က ဗူးသီးတစ်လုံး လေးရာကျော်ကောက်ယူလို့ တစ်နယ်လုံးအကျိုးဖြစ်ထွန်းလာတယ်။အဲဒါကြောင့်ခုနှစ်အကုန်လုံးနီးပါးလိုက်စိုက်ပျိုးကြတယ်။စိုက်ပျိုးသူများလာပြီး၊အသီးတွေအရမ်းထွက်အားကောင်းလွန်းတော့ ကောက်ယူတဲ့ဒိုင်တွေမကောက်နိုင်အောင်များသွားလို့အခုလိုဈေးကျသွားတာ။ကျတော်တို့အများကြီးဆုံးရှုံးသွားတယ်ဗျာ။”ဟု သီးနှံစိုက်ပျိုးသူ သဲကုန်းမြို့နယ်၊ဘွတ်တောအုပ်စု ကျားတက်ကျေးရွာမှ ကိုရန်လင်းထွန်းကပြောသည်။
ယခုနှစ်မိုးရာသီတွင်ထွက်ရှိသော ဗှုးသီးနှင့်သခွားသီးတို့သာဈေးနူန်းများကျဆင်လျှက်ရှိပြီး ယခင် ဗှုးသီးချော တစ်လုံးကို ၅၀၀-ကျပ်မှ ၆၀၀-ထိဝယ်ယူရောင်းချလျှက်ရှိရာ ယနေ့တွင် ၅၀-ကျပ်မှ ၇၀-ကျပ်အထိသာဝယ်ယူရောင်းချလျှက်ရှိသည်။သခွားသီးတစ်လုံးကို ယခင် ၁၀-ကျပ်မှ ၁၂-ကျပ်အထိဝယ်ယူရောင်းချလျှက်ရှိရာ ယနေ့တွင် ၅-ကျပ်ဖြင့်သာဝယ်ယူရောင်းချနေမှုကြောင့်ခြံစိုက်သီးနှီးစိုက်ပျိုးသူများစိုက်ခင်းများဖျက်လိုက်ရသည်အထိရှိနေသည်။
                                                                                                        မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019 



No comments:

Post a Comment