ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မှာ အသက်၁၅-နှစ်ရွယ်အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးမှုအား ဇွန်-၁ရက်နေ့တွင် မိဘများမှ ပြည်မြို့မရဲစခန်းတွင်အမှုဖွင့်ခဲ့တာဖြစ်ပြီး မဇင်မာ ၁၅-နှစ် ပြည်ဘူတာဝန်း ဆံတော်ရပ် ပြည်မြို့နေသူ နှင့် မသဇင်ထွန်း ၁၅-နှစ် ပြည်ဘူတာဝန်း ဆံတော်ရပ် ပြည်မြို့နေထိုင်သူနှစ်ဦးတို့အား မိဘများမှလိုက်လံရှာဖွေရာယနေ့ထိ ထူးခြားမှုမရှိသေးကြောင်းသိရသည်။
“ကျွန်မတို့ သားအမိနှစ်ယောက် ပြည်ရာက်တာ ၁၆-ရက်လောက်ပဲရှိသေးတယ် သမီးက ၁၅-နှစ်ပဲရှိသေးတယ် ပျောက်ပြီးချင်း အမှုဖွင့်တော့ ရဲကအမှုတန်းမဖွင့်ပေးဘူး မမိုးမိုးတို့လာမှဖွင့်ပေးမယ်လို့ပြောတယ် ကျွန်မသမီးလေးအတွက်ဆိုးရိမ်နေမိပါတယ် ကူညီပေးကြပါအုံးဆရာတို့ရယ် သမီးလေးဓါတ်ပုံနဲ့ ရဲတွေက မာဆတ်(အနှိပ်ခန်း)တွေထိလည်းလိုက်ရှာတယ် မတွေ့ဘူးတဲ့ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး” ဟု ပျောက်ဆုံးသွားသူ မဇင်မာ၏မိခင် ဒေါ်ခင်စန်းမြင့် မှသမဂ္ဂဂျာနယ်သို့ ပြောသည်။
အဆိုပါ အမျိုးသမီးငယ်နှစ်ဦးအား မေ-၂၂ ရက်နေ့က အသက်
၁၅-နှစ်အရွယ်အမျိုးသမီးကလေးငယ်နှစ်ဦးအား မြို့သစ်(ကားကြီးဝန်း)နားမှာ
ဟင်းဝယ်ခိုင်းရာမှ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ပြီး
ရဲစခန်းသို့သွားရောက်အမှုဖွင့်ခဲ့ရာမှာလည်း
နှောင့်နှေးမှုများဖြင့်ကြုံတွေခဲ့ရကြောင်းသိရသည်။
“ကျွန်မသမီးတို့ကို ကားနဲ့ခေါ်သွားတယ်ကြားတယ် ဥသျှစ်ပင် ပန်းတောင်းဘက်ကိုခေါ်သွားတယ်ကြားလို့ ရဲစခန်းမှာ အမှုဖွင့်ပြီး အဲဒိအကြောင်းလေးတွေပြောပြတာ အမှုမဖွင့်ပေးဘူး အချိန်တွေဆွဲထားတယ် အမှုတော့ခုဖွင့်ပြီးသွားပါပြိ ကျန်တာတော့ခုထိထူးခြားမှုမရှိသေးပါဘူး ကျွန်မတို့မှာ ကလေးနှစ်ယောက်နဲ့ဒုက္ခရောက်နေပါတယ်” ဟု ပျောက်ဆုံးသူ မသဇင်ထွန်း၏မိခင် ဒေါ်မိုးမိုး မှသမဂ္ဂဂျာနယ်သို့ပြောသည်။
ပြည်မြို့တွင် ၂၀၁၅ ခုနှစ်အတွင်း ယခုလို လူပျောက်မှု ၅-မှုရှိခဲ့ရာ ပထမ၃-မှုမှာ ပြန်လည်ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ပြီး အမှုပိတ်ထားခြင်းများပြုလုပ်ပြီးဖြစ်ကြောင်း ယခုလာရောက်ဖွင့်သည့် ၁၅-နှစ်ရွယ်အမျိုးသမီးငယ် ၂-ဦးအမှုဘဲရှိတော့ပြီး ထိုအမှုအား လူပျောက်အမှတ်စဉ် ၄/၂၀၁၅ နှင့် ၅/၂၀၁၅ ဖြင့် ပြည်မြို့မရဲစခန်း ဒုရဲအုပ် လှိုင်မိုးဝေမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ပြည်မြို့မရဲစခန်း တာဝန်ရှိသူများထံမှသိရသည်။
မောင်ပန်ကာ(ပြည်)
သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူးငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉

No comments:
Post a Comment