Thursday, June 4, 2015

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့လူထုလှုပ်ရှားမှုအသွင်ဆောင်ရွက် ပြည့်သဲမောင်(ပြည်) 094236 71883




မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု
တိုက်ဖျက်ရေးနေ့လူထုလှုပ်ရှားမှုအသွင်ဆောင်ရွက်

ပြည့်သဲမောင်(ပြည်) 094236 71883
ဇွန်လ(၁၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု
နှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဇွန်လ(၄)
ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ဆိုင်းဘုတ်၊ပိုစတာ၊လက်ကမ်းစာစောင်များ
ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကျသည်။

မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ လူထုလှုပ်ရှားမှု
တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၃၇(ပြည်)မှဒုရဲမှူး ရွှေသာထွန်း
ဦးစီး၍ ပြည်မြို့ရှိ ဈေးများ၊ဘူတာ၊လူစီးကားသည့်နေရာများ၊စာသင်ကျောင်းများ စသည့်နေ
ရာများတွင်  မူးယစ်နွံတွင်း ကျွံဆင်းခြင်း ဘ၀နိဂုံးချူပ်လိမ့်မည်၊မူးယစ်အန္တရာယ် လူ့ရန်စွယ်
ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊စိတ်ဓါတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်
ပေး မူယစ်ဆေးဝါးကိုရှောင်ပါမနှေး ဟူသော မူးယစ်ဆေးဝါးနှင့်ပတ်သတ်ပြီး ဆိုင်ဘုတ်ထောင်
ခြင်း၊ပိုစတာများကပ်ခြင်းနှင့်ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များမျှဝေခဲ့
ကျသည်။

အဆိုပါ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့လူထုလှုပ်ရှားမှု
အသွင်လှုပ်ရှားမှုအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၃၇(ပြည်)မှဒုရဲမှူး ရွှေသာထွန်းနှင့်မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်သာယာဈေးများဌာနမှူး ဒုဦးစီးဦးဖြိုးဝေအောင်
နှင့်စည်ပင်ဝန်ထမ်းများ၊ပြည်မြို့အမှတ်(၁)နယ်မြေရဲစခန်းမှ မြို့မဈေးကြီးရဲကင်းမှူး တပ်ကြပ်
ကြီး ဌေးအောင်နှင့်တပ်ဖွဲ့ဝင်များ၊နယ်ထိန်းတပ်ကြပ်ကြီး အောင်ဆန်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်
များ၊ဈေးမိ ဈေးဖများပါဝင်ဆောင်ရွက်ခဲ့ကျကြောင်းသိရသည်။


ပြည့်သဲမောင်(ပြည်) 094236 71883





No comments:

Post a Comment