Wednesday, May 20, 2015

အပြည်ပြည်ဆိုင်ရာလိမ်တူချစ်သူများအပေါ်ကြောက်ရွံမုန်ုံးတီးသူများအားဆန့်ကျင်သောနေ့ အခမ်းအနားကျင်းပ


အပြည်ပြည်ဆိုင်ရာလိမ်တူချစ်သူများအပေါ်ကြောက်ရွံမုန်ုံးတီးသူများအားဆန့်ကျင်သောနေ့ အခမ်းအနားကျင်းပ
ပြည် မေ ၁၉

မေလ(၁၈)ရက်နေ့ က ။အပြည်ပြည်ဆိုင်ရာလိမ်တူချစ်သူများအပေါ်ကြောက်ရွံ့မုန်းတီးသူများအားဆန့်ကျင်သောနေ့ အခမ်းအနားတခုကို၊ ၊ပဲခူးတိုင်းအနောက်ခြမ်းမှ၊လိမ်တူချစ်သူတွေက ပြည်မြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

“လိမ်တူချစ်သူအနေနဲ့၊ကုလသမဂ္ဂက(၆)မျိုးကိုအသိအမှတ်ပြုပေးထားတယ်၊ဒီနေ့ကိုလဲလိမ်တူချစ်သူတွေအတွက်သတ်မှတ်ပေးထားတယ်၊သူထဲလိမ်တူချစ်သူတယောက်ဖြစ်နေလို့၊ဒီနေ့ပွဲကိုတက်ရောက်တာဖြစ်တယ်))))
Lesbian/Gay တွေ နဲ့အတူသွားလာရင်၊စိတ်မသတ်မသာခံစာရမှု၊ရွံ့ရှာမုန်းတီးမှုတွေ၊နဲ့အနိုမ်ခံ ထားရတာတွေ၊ကိုဆန့်ကျင်တဲ့ အနေနဲ့ လုပ်တာ၊လူသားတယောက်ဖြစ်ရင်လူသားအခွင့်အရေးအပြည့်အ၀ရှိတယ်ဆိုတာကိုလဲပြသချင်တာကြောင့်၊ဒီပွဲလေးကိုပြုလုပ်တာပါ” ဟု ပြည်မြို့နေထိုင်သူ မိတ်ကပ်အလှဖန်တီးရှင် မကဲကဲ မှပြောသည်။

“လိမ်တူချစ်သူတွေကို၊မုန်းတီးရွံရှာကြတဲ့သူတွေကို၊ကုလသမဂ္ဂအဖွဲ့ကြီးက၊Homophobia ရောဂါရနေသူတွေလို့၊သတ်မှတ်ထားတယ်။ဒီနေ့က အဲဒီလူတွေကို ဆန့်ကျင်ရှုံချတဲ့အနေနဲ့ ပြုလုပ်တာဖြစ်တယ်” ဟု Myanmar LGP Right Netwet မှ ကိုအောင်ကိုကို ကပြောသည်။

“ Lesbian ထဲမှာ Tomboy ဆိုတာလဲပါတယ်၊ဂေးဆိုတာကတော့၊အမျိုးသားအချင်းချင်းချစ်ခင်မြတ်နိုးသူဖြစ်ပါတယ်၊ Lesbian ဆိုတာက အမျိုးသမီးချင်း ချစ်ခင်မြတ်နိုးလိုသူလို့အဓိပယ်ရပါတယ်” ဟု (Lesbian )(ဥက္ကဋ္ဌ)Sky Dragon Lasbian Group မှ ကိုငြိမ်းကပြောသည်။
အပြည်ပြည်ဆိုင်ရာလိမ်တူချစ်သူများအပေါ်ကြောက်ရွံမုန်ုံးတီးသူများအားဆန့်ကျင်သောနေ့ ကို မေလ(၁၇)ရက်နေ့မှာသတ်မှတ်ထားခဲ့ပေမဲ့၊ အကြောင်းကြောင်းကြောင့်မေလ(၁၈)ရက်နေ့ကျမှ ပြည်မြို့ ကိုးသောင်းရပ် စတိုင်လ်ဝမ်း ခန်းမကြီးတွင် ညနေ ၅-နာရီမှ ည ၉း၃၀ ချိန်ထိကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီအခမ်းအနားကို၊ပဲခူးတိုင်းအနောက်ခြမ်းက၊လိမ်တူချစ်သူတွေ၊(၂၀၀)ကျော်လောက်တက်ရောက်ခဲ့ကြပြီး၊တေးဂီတဖျော်ဖြေပွဲများကိုအပါထည့်သွင်းတင်ဆက်သွားခဲ့သည်။

K3(Pyay)ဒီမိုကရေစီတူဒေး (ခေါ်) ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment