Wednesday, May 6, 2015
မီးကြွင်းမီးကျန်မှတဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂၀)လုံး မီးကူးစက်လောင်ကျွမ်း ပြည့်သဲမောင်(ပြည်) 09 4236 71883
မီးကြွင်းမီးကျန်မှတဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂၀)လုံး မီးကူးစက်လောင်ကျွမ်း
ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်ခုံကျေးရွာတွင်
(၅.၅.၂၀၁၅) ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် မီးကြွင်းမီးကျန်မှ
တဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂၀)လုံး မီးကူးစက်လောင်
ကျွမ်းကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပန်းတောင်မြို့နယ် ထုံးဘိုနယ်မြေရဲစခန်း အနောက်မြောက်
ဘက်(၅)မိုင်ခန့် လှည်းကူးအုပ်စု သရက်ခုံကျေးရွာနေ ဦးဥာဏ်ထွန်း
((၈၉)နှစ် (ဘ)ဦးငွေထက် တောင်သူ လုပ်သူ၏နေအိမ်မီးဖိုချောင်မီးဖို
မီးကြွင်းမီးကျန်မှတဆင့် ၄င်းပိုင်နေအိမ်(၃)ပင်ပတ်လည်၊ သက္ကယ်မိုး၊
ပျဉ်ကာ၊ပျဉ်ခင်း အားမီးကူစက်လောင်ကျွမ်းခဲ့သည်ဟုရဲမှတ်တမ်းအရ
သိရသည်။
ထို့နောက် ဦးဥာဏ်ထွန်း နေအိမ်မှတဆင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်
(၂၀)လုံး မီးကူး စက် လောင်ကျွမ်းခဲ့ရာ(၉၇၀၀၀၀၀)ခန့် မီးလောင်ဆုံးရှုံး
ခဲ့ကြောင်းနှင့်အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဆို၏။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဥသျှစ်ပင် ၊ထုံးဘို၊ကွင်းလှ၊ကျားအိုမှ
မီးသတ်ကားများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုများရောက်ရှိ၍ ဝိုင်းဝန်းမီးငြမ်းသတ်ခဲ့ကျသဖြင့် နေ့လည်(၁)နာရီအချိန့်တွင် မီးငြိမ်းသွား
ခဲ့ပြီး မီးဘေးသင့် ဒုက္ခသယ်ကျား(၃၇)ဦး ၊ မ(၄၇)ဦး အားသရက်ခုံကျေးရွာ
ဘုန်းကြီးကျောင်းအတွင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိကြောင်း
သိရသည်။
ထို့ကြောင့် မီးပေါ့ဆစွာသုံးစွဲသူဦးဥာဏ်ထွန်းအားအရေးယူပေးပါရန် ရဲတပ်ကြပ်ကြီးတင်ဝင်းမှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ထုံးဘို
နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၅ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်ထားရှိကာ
အမှုအား ဒုရဲအုပ်ဇော်မင်းဦး မှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်း ရရှိသည်။
သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883
ဓါတ်ပုံ ဖိုးအေး(ပန်းတောင်း)
No comments:
Post a Comment