ယခင်သုဿန်အဟောင်း
ကန်တော်ဦးသုဿန်မြေနေရာတွင် ဌာန (၉)ခုအတွက် ရုံးဆောက်ရန် မြေနေရာရှင်းလင်း
ပြည့်သဲမောင်(ပြည်)
09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊
ရွာဘဲရပ်ကွက်ရှိ ယခင်သုဿန်အဟောင်း ကန်တော်ဦး သုဿန်နေရာတွင် ရုံးမရှိသေးသော ဌာနဆိုင်ရာ
ဌာန (၉)ခုအား ရုံးဆောက်လုပ်ပေးရန်အတွက် မြေနေရာရှင်းလင်းခြင်းလုပ်ငန်းများ
လုပ်ဆောင်
နေကြောင်း သိရသည်။
အဆိုပါနေရာတွင် စည်ပင်သာယာမှ ရုံးဆောက်လုပ်ရန်အတွက်
မြေစာရင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များမှ မြေနေရာ
များတိုင်းကာ
ခြံစည်းရိုးခတ်ခဲ့ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အပြီး ရုံးကိုဆောက်
လုပ်ရမည်ဟု သိရ သည်။
" ကျွန်တော်တို့ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ဖွဲ့စည်းထားတာ မကြာသေးပါဘူး။ လက်ရှိရုံးကိုတော့ ကမ်းနားလမ်းက ယခင်ပြည်ဟော်တယ်ဟောင်းနေရာမှာ
ဖွင့်ထားပြီး အခုအဲဒီနေရာက
ရွှေ့ပြောင်းပေးရတော့မှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရုံးအပါအ၀င်
ဌာန
(၉)ခုမှာရှိတဲ့ ရုံးတွေအတွက် ဒီနေရာကိုချပေးထားတာပါ"
ဟု ပြည်ခရိုင်ကျေး
လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမျိုးညွန့်က
ပြောသည်။
ယခင်က ၄င်းမြေနေရာတွင် ကျူးကျော်တဲများရှိပြီး
ခြံစည်းရိုးခတ်သတ်မှတ်ပြီး
သည့်နောက် အချို့နေအိမ်များသည် ပြောင်းရွှေ့သွားပြီး ကာရံထားသည့်
ခြံများသာကျန်ခဲ့သည်။ အဆိုပါရုံး ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး ယခင်နေ
ထိုင်သူများကလည်း
ပြောင်းရွှေ့မိန့်ကျလာပါက ပြောင်းရွှေ့ပေးမည်ဖြစ်ပြီး ထပ်မံကျူးကျော်ဝင်ရောက်ခြင်းများမရှိဟုသိရသည်။
" အရင်တုန်းကတဲတွေတော်တော်များတယ်။စည်ပင်က
နေရာသတ်မှတ်
ခြံစည်းရိုးခတ်ပြီးတဲ့ နောက်မှာတော့ ပြောင်းတဲ့သူတွေကလည်း ပြောင်းသွားကြ
တယ်။
သူတို့နေတုန်းက ခတ်ထား တဲ့ ခြံစည်းရိုးတွေသာကျန်တယ်။ လက်ရှိနေ
ထိုင်တဲ့သူတွေကလည်း ပြောင်းရမယ်ဆိုတာသိပါ
တယ်။ဒါပေမယ့် နေလို့ရတဲ့
အချိန်အထိ နေနေကြတာ။ ဒါနဲ့ပတ်သက်လို့ ပြဿနာတက်တာ မရှိပါဘူး။
လက်ရှိ
အခုလုပ်နေတဲ့ ဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးနေရာအတွက် ရှင်းလင်းနေတာပါ။
ကျွန်တော်တို့အနေနဲ့ကတော့ ညွှန်ကြားလာရင် လက်ရှိတဲတွေ
ကို ဖယ်ရှား ပေးခိုင်းရမှာပါ။ ဒါနဲ့ပတ်သက်လို့လည်း
ဘာပြဿနာမှ မရှိပါဘူး" ဟု ရွာဘဲရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးဝင်းကြိုင်ကပြောသည်။
၎င်းမြေနေရာတွင် မြို့နယ်စီမံကိန်းဦးစီးဌာန၊
စည်ပင်သာယာဦးစီးဌာန၊ အမှတ် (၁၀)ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊
တိုင်းရင်းဆေး၊
ပြည်ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
တပ်ဖွဲ့တို့ရုံးစိုက်ရာနေရာဖြစ်ပြီး ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနက (၆)လအတွင်း အပြီးရုံးဆောက်လုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပြည့်သဲမောင်(ပြည်)
09 4236 71883
No comments:
Post a Comment