သို့  ဦးဥာဏ်ဝင်း
ဝန်ကြီးချုပ်
တိုင်းဒေသကြီး အစိုးရအဖွဲ့ 
အကြောင်းအရာ ။ ။ လေလံတင်ရောင်းချမည့် အစီအစဉ်အား သနားခံတင်ပြခြင်း။
ပဲခူးတိုင်ဒေသကြီး အစိုးရအဖွဲ့ ၏ တိုင်းအဆင့်ဌာနကြီးတစ်ခုဖြစ်သော ပဲခူးတိုင်ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ သည် တိုင်ဒေသကြီး အတွင်းရှိ (၂၈) မြို့နယ်၏ စည်ပင်သာယာရေး
လုပ်ငန်းများအား ထိန်းညှိကွပ်ကဲ၊စီမံခန့် ခွဲရသည့် ဌာနကြီးတစ်ခုဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲသည် ပြည်မြို့ မယ် စည်ပင်သာယာရေူး အဖွဲ့ 
မှ ထိမ်းသိမ်းစောင့်ရှောက်လျှက်ရှိသောမြို့ နယ်စီပင်သာယာအဆောက်ဦးနှင့် မြေနေရာအား
လေလံတင်ရောင်းချရန် စီစဉ်လျက် ရှိသော်ကို ပြည်သူလူထုနှင့် အတူတွေမြင်နေရပါသည်။
အဆိုပါမြို့ နယ် စည်ပင်သာယာရေး အဆောက်အဦးနှင့်မြေနေရာသည် ၁၉၈၃/၈၄ ခုနှစ်က မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ မှဆောက်လုပ်ပိုင်ဆိုင်ခဲ့ ပြီးယခင်အစိုးရလက်ထပ်တွင် ပဲခူးတိုင်း(အနောက်ပိုင်း) တိုင်းခွဲစည်ပင်ရုံးအဖြစ်ပြောင်းလည်းတည်ရှိလာခဲ့ ခြင်းဖြစ်သည်။
တစ်ချိန်တစ်ခါက ခေတ္တရာဧရာခန်းမအဖြစ်လည်းကောင်း၊သက်ကြီးကောလိပ်အဖြစ်
လည်းကောင်း၊ သဟာယ တင်းနစ်ကွင်းအဖြစ်လည်းကောင်း၊ပြည်ဟိုတယ်အဖြစ်
လည်းကောင်း သမိုင်အစဉ်လာ ရှိခဲ့ ပြီး ပြည်မြို့၏ အဓိက အချက်ချာကျသောနေရာ
တွင် ကျယ်ဝန်သော ဧရိယာအဖြစ် တည်ရှိနေပါသည်။ ထို့အပြင် ပြည်မြို့ ၏အထင်
ကယအဆောက်အဦးများဖြစ်သော ဘူတာရုံ၊ဗဟိုမီးသတ်၊ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်၊
ဗိုလ်ချုပ်ခံအဆောက်အဦး၊မင်္ဂလာထွန်းသီရိရုပ်ရှင်ရုံ၊ဆက်သွယ်ရေးစာတိုက်၊ ပြည်ခိုင်
ဖြိုးပါတီရုံး၊ဧရာဝတီမြစ်ကမ်းနှာဖူး၊ကမ်းနားလမ်း၊စည်ပင်သာယာရေးပန်းခြံ၊ညဈေးတန်း
နှင့် မြို့ လယ်လမ်းမတော်တို့ နှင့် နီးကပ်စွားတည်ရှိဝန်းရံထားသောကြောင့် ကာလ
တန်ကြေးဖြင့်တန်ဘိုးဖြတ်ဖို့ ရာ အလွန်ပင် ခတ်ခံလွန်းပါသည်။
သို့ ပါ၍စီးပွားရေးလုပ်ငန်းရှင်တို့  မျက်စိကျစရာနေရာ တစ်ခုဖြစ်ခဲ့ ပြီး ၀ယ်ယူရရှိသူ
သည် လည်းကောင်၏အခွင့် အရေးအရ လုပ်ပိုင်ခွင့်ရရှိသွားပြီးဖြစ်ပါသည်။ဥပဒေဘောင်
အတွင်းရှိ အဆိုပါအဆောက်အဦးအားတည်ဆောက်ခြင်းပြုပြင်ခြင်း၊ မွမ်းမံခြင်းများဆောင်
ရွက်ရာတွင် အထပ်မြင့်အဆောက်ဦးဖြစ်လည်းကောင်း ၊ဘာသာရေးနှင့် အသင်းဖွဲကို
အကြောင်းပြုသောအဆောက်အဦးဖြစ်လည်းကောင်း၊ ခေတ်ရှေ့ လွန်ဆန်းပြာသည့်
အဆောက်ဦးဖြစ်လည်းကောင်း၊ကစားကွင်းအကြောင်းပြု လောင်းကစားဂိမ်းအဆောက်
အဦးဖြစ်လည်းကောင်း၊ အရက်ဘီယာရောင်ချသော ဆိုင်ခန်းအမျိုးသမီးများနှင့် ဝန်ဆောင်
မှုပေးသည့်အကြောဖြေခန်းစသည်ဖြင့် ရာဇ၀တ်မှုပိုမိုဖြစ်ပွားစေနိုင်သည့် အဆောက်အဦး
ဖြစ်လည်းကောင်း ရည်ရွယ်ဆောက်လုပ်လာလျှင် တားဆီးရန်ခတ်ခဲလာနိုင်ပါသည်။
ဆောက်လုပ်ပြီးစီးသည့်နောက်အထက်ဖော်ပြပါလုပ်ငန်းများဆောက်လုပ်လာခဲ့ လျှင် မြို့ ၏
သာယာမှု ကျက်သရေရှိမှုကို လျှော့နည်းလာရုံသာမက သရေခေတ္တရာ ပျူ မြို့ ဟောင်း၏
အတိတ်သမိုင်းပုံရိပ်ကို ကျဆင်းစေမည်ဖြစ်ပါသည်။
အလျဉ်သင့် ၍တင်ပြရလျှင် ပြည်မြို့ ၏သာယာလှပခဲသော ဧရာဝတီမြစ်ကမ်းနှာဖူးမှာ
ယခုချိန်တွင် အလှပပြောက်ကွယ်လျှက်အကြီးတန် အရုပ်ဆိုးသည့်မြင်ကွင်းများကို
ကြုံတွေနေ့ ရသည်မှာ ပြည်မြို့ သူမြို့ သားများ၏ခံစားချက်ပင်ဖြစ်ပါသည်။ပြည်ဧရာဝတီ
ဆိပ်ကမ်းသာယာလှပမှု ယခင်အစိုးရလက်ထပ်(ဂရံ)ရရှိအောင်ဆောင်ရွက်နိုင်သော
ခရီုနီလူတစ်စု၏ စီးပွားရေးစားကျက်ထံတွင် ရုပ်လုံးမလှဖြစ်ခဲ့ ရပါသည်။ဧရာစတီဖြစ်
ကမ်းနဘေးရှိအခြားသော မြို့ ကြီးများနှင့် နှိုင်းယှဉ်လျှင် ပြည်သမိုင်းရိုင်းခဲ့  ရပြီးဖြစ်ပါ
သည်။ ယခုအခါ မြင့် မားကြီးမာသောဂုဏ်ဒြပ်တို့ နှင့် ပြည်စုံကြွယ်ဝနေသည့် ပြည်စီပင်
သာယာ အဆောင်အဦှးနှင့်မြေနေရာအား ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ် အများစု
အုပ်ချုပ်သည် အရပ်သာအစိုးရလက်ထက်ကျမှ ဆုံးရှုံးရမည်ကို ကျွန်တော်တို့  အလွန်ပင်
ဆိုးရွံ့ လှပါသည်။
ပြည်မြို့တွင်နေထိုင်သော လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့်  မြို့ နယ်စီပင်ကော်မတီဝင် (၄)ဦးတို့ သည်ပြည်မြို့  သူမြို့ သားများဖြစ်ကျပါသည် ၊ပြည်မြို့မှ နေ ပြည်မြို့ မှာကြီး ပြင်၍
ပြည်မြို့  သူမြို့  သားတို့ ၏ ကိုယ်စားလှယ် အဖြစ် ခံယူထားကျသူများဖြစ်ပြီး အထက်ကို
လည်း မလွန်ဆန်နိုင်၊အောက်ကိုလည်းငုံ့ မကြည့်ရဲသည့်အဖြစ်မျိုး ကြုံတွေ့ ခံစားနေရလျှင် စည်းရုံးရေနှင့်တကွ တစ်ဦးချင်း၏ပုံရိပ် ပါတီ၏ပုံရိပ်၊ကောမတီ၏ပုံရိပ် တို့ကျဆင်းစေမည်
ဖြစ်ပါသည်။
တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အနေဖြင့် လည်း ခေတ်မှီခန့် ညားသည့် 
အဆောက်အဦးမရှိခြင်း တိုင်ရုံးဝန်ထမ်းများနေရာလုံလောက်မှူ မရှိခြင်း (၂၈) မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ /ကော်မတီအစည်းအဝေးကျင်းပရန်နေရာမရှိခြင်း၊
အခြား ပြည်တွင်းပြည်ပဧည်သည်များ၊လုပ်ငန်းရှင်များနှင့်  တွေ့ ဆုံးဆွေးနွေးပွဲများ
တွင် ကျယ်ဝန်းသိနေရာမရှိခြင်း၊အဆောက်ဦးခန့် ညာထည်ဝါမှုမရှိခြင်း ဒိစတြိတ်
ရုံးဟောင်းဖြစ်နေခြင်း စသည့်အခတ်ခဲများ တွေ့ ကြုံနေရသည်ကိုလည်း သိရှိနေ
ရပါသည်။
သို့ ပါ၍မြို့ နယ်စီပင်သာယာရေးအဖွဲ့ ရုံးအဆောက်အဦးနှင့်မြေနေရာအား ရောင်းချ၍
ရရှိသောငွေကြေးအားတိုင်းစည်ပင်အဆောက်အဦးအဖြစ် ဆောက်လုပ်ခြင်းအဖြစ်
လည်းကောင်း၊ပိုငွေများကို တိုင်းအတွင်းရှိအခြားမြို့နယ်များသို့  ခွဲဝေပေးခြင်းဖြင်
လည်းကောင်း၊သိရှိနေရပါသည်။
ပြည်မြို့ နယ်စီပင်သာယာရေးအဖွဲ့ ရုံးအဆောက်ဦးနှင့်မြေနေရာသည် ယခင်န၀တ
အစိုးရလက်ထက် ပဲခူးတိုင်း(အနောက်ပိုင်း) တ၀တတိုင်းခွဲဥက္ကဌ ဗိုလ်ချုပ်စိုးနွယ်
လက်ထက်တွင် အများပိုင်နေရာမှ တိုင်ခွဲစသည်ပင်ရုံးဆောက်လုပ်ရန် ခွင့်ပြု့ ခံခြင်း
ဖြစ်ကြောင်း သိရှိခဲ့ ရပါသည်။
သို့သော်အများပိုင် (သို့ မဟုတ်) မြို့နယ်စီပင်သာယာရေးအဖွဲပိုင်နေရာမဟုတ်ဘဲ
ပဲခူးတိုင်းဒေသကြီး စီပင်သာယာရေးအဖွဲ မှ အမည်ပေါက် ပိုင်ဆိုင်မှုရှိနိုင်ပါသည်၊ မည်သို့ ပင်ဖြစ်စေကာမူပြည်မြို့ ၏ အဓိကအချက်အချာကျသော သမိုင်းရှိခဲသော
ဤနေရာနှင့် အဆောက်အဦးအား ပြည်မြို့ ပေါ်တွင် ဌာနဆိုင်ရာတစ်ခု၏ ပိုင်ဆိုင်မှု
အဖြစ်သာမြင်ကြပါသည်။တစ်ဦးတစ်ယောက်ပိုင်ဆိုင်သွားပြီး နောက်ဆက်တွဲဖြစ်ပေါ်
လာမည့် အကျိုးဆက်များကို မလိုလားကြပါ။
သို့ ဖြစ်ပါ၍ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့ နယ်ဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ
နှင့် မြို့ မိမြို့ ဖများအားလုံးတို့ သည် အဆိုပါအဆောက်အဦးနှင့်  မြေနေရာအား
ရောင်းချပြီးမှ ရရှိသောငွေကြေးဖြင့်  တိုင်းရုံးအသစ်ဆောက်လုပ်ခြင်းထက် ပိုမိုသာလွန်ကောင်းမွန်သောအခြေနေမျိုးကို ဖန်တီးဆောင်ရွ၇်ပေးပါရန်နှင့် တိုင်ဒေသကြီးအစိုးရ၏ပိုင်ဆိုင်မှု၊တိုင်ဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ၏
ထိမ်းသိမ်းမှုအောက်တွင်သာရှိနေစေရန် အတွက် ပြည်မြို့ သူမြို့ သားများ၏ ဆန္ဒနှင့် အညီ ဆောင်ရွက်ပေးပါရန် လေးစားစွားဖြင့်  မေတ္တာရပ်ခံအသနားခံစာ
တင်ပြအပ်ပါသည် ။
မှတ်ချက်။ ။၃၁.၃.၂၀၁၅ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များရုံး၌
ကျင်းပသောအစည်းအဝေးမှ တက်ရောက်သူများ၏ လက်မှတ်နှင့်တကွ ပေး
ပို့ တင်ပြအပ်ပါသည်ဟုပါရှိသော တိုင်းဒေကြီးအစိုးရအားပေးပို့သည် အသနားခံစာအား ပြည်မြို့သူ/မြို့သားများနှင့် လူကြီးများသိရန်ရေးသားဖော်
ပြလိုက်ပါသည်။
ပြည့်သဲမောင်(ပြည်) 09 4236 71883
No comments:
Post a Comment