Friday, April 3, 2015

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပိုင်ထူး(ပြည်)



မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ကျော်မင်းဟန်ဦးစီးသည့်တပ်ဖွဲ့ဝင် (၁၈၀)ဦးသည် ၂၀၁၅ ခုနှစ် ၊ဧပြီလ(၃)ရက်နေ့နံနက် (၈း၃၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီးပြည်မြို့ရှိ ‘သီရိခေတ္တရာ’ ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများနေထိုင်သည့် အဆောင်များ ၊ ထမင်းစားဆောင် ၊တရားရိပ်သာများအား သန့်ရှင်းရေးပြုလုပ်ခြင်း ၊ဘိုးဘွားရိပ်သာပတ်ဝန်းကျင်အား ခြုံနွယ်များ ၊ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းတို့ဆောင်ရွက်ခဲ့ကျသည်။

ဆက်လက်၍ ဘိုးဘွားများအတွက် နှစ်ရက်စာ အဟာရကျွေးမွေးမှုအလှူငွေ (၁၁၀၀၀၀)ကျပ်အာထောက်ပံ့ လှူဒါန်းခဲ့သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

ပိုင်ထူး(ပြည်)





No comments:

Post a Comment