“IT၊ Accounting နှင့် Finance အခန်းကဏ္ဍများသည်
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်အရေးပါပြီး မြန်မာနိုင်ငံသားများ အနေဖြင့်
အဆိုပါအခန်းကဏ္ဍ အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များ အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် လေ့လာမှုများ
ပြုလုပ်ရန် လိုအပ်ပါသည်။”
IT၊ Accounting နှင့် Finance ဘာသာရပ်များကို
သြစတေးလျအဆင့်မြင့် တက္ကသိုလ်များထဲတွင် ပါဝင်ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့် ၄% တွင်ရှိသော
James Cook University (JCU) ၏ စင်ကာပူ Campus တွင်လေ့လာသင်ယူနှိင်ပါသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး၊
စီးပွားရေးနှင့် အိုင်တီဘာသာရပ်ကိုစိတ်ဝင်စားသူ များသည် Pre-University Foundation
Program ကို ၈လကြာတက်ရောက်ရမည်ဖြစ်သည်။ Pre-University Foundation Program ပြီးဆုံးပြီး
အိုင်တီဘာသာရပ်ကိုတက်ရောက် လေ့လာလိုသူများ သည် Bachelor of Information Technology
(Computing and Networking, Interactive Technologies and Games Design) ကို နှစ်နှစ်ကြာတက်ရောက်ရမည်ဖြစ်သည် ။
တက်ရောက် အောင်မြင်သူများသည် ကွန်ပြူတာ ဆိုင်ရာလုပ်ငန်းများ၊ web designer ၊ ပရောဂျက်မန်နေဂျာ၊
network designer နှင့် IT researcher တို့အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်သည်။
အဆိုပါ Pre-University Foundation
Program ပြီးဆုံးပါက Bachelor of Business (Accounting/Finance) ကို အထူးပြုဘာသာရပ်များအဖြစ်
နှစ်နှစ်ကြာတက်ရောက်ရမည်ဖြစ်ပြီး၊ အောင်မြင်ပြီးဆုံးပါက စာရင်းအင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုနယ်ပယ်များ တွင်
public accounting practice ၊ financial and management accounting ၊system
accountant ၊financial officer ၊ management consulting၊ auditor နှင့် policy
advisor များအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ ဘွဲ့ကြိုတန်းတွင် သြစတေးလျနိုင်ငံရှိ
JCU Campus သို့ Semester ၂ ခု အထိ အပိုကြေးပေးရန်မလိုအပ်ပဲ သွားရောက်သင်ယူနိုင်ရန်လဲ
စီစဉ်ထားပါသည်။
မြန်မာနိုင်ငံမှ
အသိအမှတ်ပြု ဘွဲ့တစ်ခုရရှိထားပြီး အဆင့်မြင့်စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို ထပ်မံတက်ရောက်လိုသူများသည်
Master of Business Administration၊ စာရင်းအင်း စိတ်ဝင်စားသူများအတွက် Master of
Professional Accounting ၊ စာရင်းအင်းနှင့် စီမံခန့်ခွဲမှုဘာသာရပ်ကို ပူးတွဲလေ့လာလိုသူများအတွက်
Master of Professional Accounting & Business Administration တို့ကို ၁၆လအတွင်းလေ့လာ
ရယူနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး
ဆွေးနွေးပွဲအား မတ်လ ၂၁ ရက် ပြည်မြို့ရှိ ဧရာဦးခန်းမ တွင် ညနေ ၄ နာရီမှ ၆ နာရီအထိ
ကျင်းပသွားမှာဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ရန် SR Worldwide Education ဖုန်း
၀၉-၅၄၂၈၈၄၈ နှင့် ၀၉-၅၄၃၈၈၄၈ တို့ကို ဆက်သွယ်စုံးစမ်းနိုင်ပါတယ်။
No comments:
Post a Comment