Tuesday, March 10, 2015

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း (ပြင်ပ)မှ ဆုတောင်းပွဲများ....ရွှေတောင်-မတ်-၁၀

ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း (ပြင်ပ)မှ ဆုတောင်းပွဲများ
##############################
##########

ရွှေတောင်-မတ်-၁၀

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့ သရက်တောရပ်ကွက်
ရန်ကုန်/ပြည်ကားလမ်းဘေးရှိ
ထွက်ရပ်ပေါက်ဝိဇ္ဖာဘိုးတော်အောင်မင်းခေါင်းကိုယ်တိုင်
ပန္နတ်ရိုက်တည်းထားခဲ့သော လေးကျွန်းစင်္ကြာ ပြည်တော်ဝင်
အောင်မင်းခေါင်စေတီတော်မြတ်ကြီးတွင် မတ်လ(၁၀)ရက်နေ့ နံနက်(၉)နာရီ
(၉)မိနစ်အချိန်တွင် အောင်
သပြေပန်းများကိုင်ဆောင်ထားသော ရွှေတောင်မြို့နယ်အတွင်းရှိ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့များမှ အင်အား(၃၀)ကျော်ခန့်က
လက်ပံတန်းမြို့တွင်း ပိတ်ဆို့ခံ
နေလျှက်ရှိသော ဒီမိုကရေစီပညာရေးပင်မ သပိတ်စစ်ကြောင်း ကျောင်းသား/သူ
များအတွက် လိုရာပန်းတိုင်ကို အဆင်ပြေချောမောစွာ ရောက်ရှိစေရန်အတွက် ဆီး
မီး/နံ့သာများဖြင့် ၀တ်ပြုဆုတောင်းပွဲတစ်ခုကို ကျင်းပခဲ့ကြောင်းသိရသည်။

"ကျောင်းသားတွေအတွက် ဒါဟာ ပထမဦးဆုံးခြေလှမ်းကို ကျွန်တော်တို့ဦးစွာ
စတင်ခဲ့ခြင်းဖြစ်ပါတယ်
ပထမဦးဆုံးကျောင်းသားတေါလိုရာခရီးအမြန်ချောမောစွာရောက်ရှိ
နိုင်ရန်အတွက် ဒုတိယက ကျောင်းသားတွေတောင်းဆိုချက်တွေ
အမြန်ဆုံးရရှိနိုင်ရန်အတွက် ကျွန်တော်တို့ ရွှေတောင်မှ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပူးပေါင်းပြီး
ဒီဆုတောင်းပွဲကို ပြုလုပ်တာပါ ကျောင်းသားဆိုတာ ကျွန်တော်တို့
သားသမီးတွေပဲ ပြည်သူနဲ့ ကျောင်းသားတစ်သားထဲကျနေရမယ် အခုဆုတောင်းပွဲက
ကျွန်တော်
တို့ အတွက်ပထမခြေလှမ်းဖြစ်တယ် နောက်တဆင့်အနေနဲ့ ကျောင်းသားတွေ ဘေးမျာ
ဝိုင်းရံဖို့ရှိသေးတယ်" ဟု ရွှေတောင်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ဦးဝင်းနိုင်
မှပြောသည်။

အဆိုပါဆုတောင်းပွဲတွင်လက်ပံတန်းမြို့ရှိ ပိတ်ဆို့ခံနေရသော
ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း ကျောင်းသား/သူများအတွက်
အစစအရာရာအောင်မြင်
စေရန်အတွက် ဘိုးတော်အောင်မင်းခေါင်ကိုယ်တော်တိုင် အောင်မြေနင်းပြီး
အောင်မြင်ခဲ့သော အောင်မြေနင်းဂါထာတော်များကို(၉)ကြိမ်တိုင်တိုင်
ရွတ်ဖတ်ပူဇော်
ခဲ့ပြီး အောင်စည်တော်များ၊အောင်မောင်းများ၊အောင်ကြေးစည်များ(၉)ကြိမ်တီးခတ်ပြီး
ဝတ်ပြုဆုတောင်းပွဲကို  နံနက်(၉း၃၅)မိနစ်အချိန့်တွင်
ပြီးမြောက်ပြီးနောက်ပိုင်းအ
ဆိုပါအင်အားများကဆက်လက်ဦးဆောင်ပြီး
ပိတ်ဆို့ခံကျောင်းသား/သူများ ကပ်သုံးပါးမှ ကျော်လွှားနိုင်ရန်အတွက်
ထောင်ချောက်ညွှတ်ကွင်းမိနေတဲ့ သားကောင်တောင် လွတ်ရတယ်ဟု ဒေသခံများယုံကြည်
ထားသည့် သမိုင်းရှိခဲ့သော ရွှေတောင်မြို့နယ်အတွင်းရှိ
စည်ကြီးကုန်းအုပ်စု/ညောင်ဝိုင်းရွာအနီးရှိ
ဆရာတော်ကြီးဘုန်းကြီးကျောင်းတွင် တည်ထားကိုးကွယ်လျှက်ရှိ
သော ကပ်ကျော်စေတီတွင် ပင့်သံဃာ(၃)ပါးပင့်ဖိတ်ကာ ကျောင်းသားများအတွက်
နံနက်(၉း၄၀)အချိန်ခန့်မေတ္တာသုတ်ပရိတ်တော်များ၊မောရသုတ်ပရိတ်တော်များ၊
တစက္ကသုတ်ပရိတ်အစရှိသောပရိတ်တရားတော်များအပြင် ငုံးမင်းပရိတ်တော်များကိုပါ
ဆရာတော်အရှင်သူမြတ်များမှ ရွတ်ဖတ်ပူဇော်ခဲ့ပြီး ဆုတောင်းပွဲအခမ်းအနားကို
နံနက်(၁၀း၃၀)အချိန်ခန့်တွင် ပြီးမြောက်သွားကြောင်းသိရသည်။ မတ်-၇ ရက်တွင်
အဖွဲ့အစည်းပေါင်း ၂၃-ဖွဲ့သည် ကျောင်းသားအရေးကို
ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက်
နိုင်ငံတော်သမ္မတထံသို့ မေတ္တာရပ်ခံထားရှိပြီး လက်ပံတန်းတွင်
ပိတ်ဆို့ခံကျောင်းသား/သူများမှ ဆက်လက်ဆွေးနွေးညှိနိုင်းမှု့များဖြင့်သာ
ပြဿနာများကို ပြေလည်စေ
လိုကြောင်းသိရသည်။အဆိုပါဒီမိုကရေစီပင်မသပိတ်စစ်ကြောင်း
ထွက်ခွာခွင့်ရရန်လွန်ခဲ့သော တပတ်အတွင်း ပဲခူးတိုင်းအနောက်ပိုင်းရှိ
ခရိုင် မြို့နယ် ကျေးရွာအသီးသီးတွင်လည်း
 ယခုဆုတောင်းပွဲနည်းတူ ဆုတောင်းပွဲများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

            K3(pyay)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

No comments:

Post a Comment