ပါးစပ် ပါက စားမည်
#############
ဟေးးးမျောက်ကြီး
ပြောလေဂါက်သီးရဲ့
တခြားဟုတ်ပါဘူးကွာ
တလောက တစ်ရက်
ထဲ မီး သုံးနေရာလန့်တယ်
လောင်တယ်ကြား
သေးတယ်
အေးးးလေကွာအဲဒါဘာဖြစ်တုန်း
အဲဒါကဘာမှမဖြစ်ဘူး ပြည်သတင်း
ကသတင်းရေးတဲ့သူတွေရော ပြည်
မြို့ပေါ်က သတင်းထောက်တွေရော
အကုန်အဲဒိနေရာရောက်နေခဲ့ကြ
တယ်လေ
အေးလေအဲဒါဘာဖြစ်လည်း
ဘာဖြစ်ရမလည်း ဒီလောက် တရုတ်
ဆေးဗူး တွေရော ဆေးရွက်ကြီးတွေရော
ပျက်စီး ဆုံးရှုံးတာ အားလုံးဘယ်
လောက် ဆုံးရှုံးမယ်လို့မှန်းလည်း
ခက်ပါတကောကွာ အားလုံးတန်ဖိုးငွေကျရင်
စုစုပေါင်း သိန်း ၁၀ လောက်တော့အနည်း
ဆုံးဆုံးရှုံးမှာပေါ့ မင်းကဘာလို့
အဲလောက်ထိစစ်မေးနေရတာတုန်းဟ...
တခြားမဟုတ်ဘူး ကိုယ့်လူရေ ငါတို့ အ
ထက်ကိုတင်ပြတဲ့ မီးသတ်ကြေး
နန်းဖတ်လိုက်ရတော့ အတော်ကွာ
နေတယ်
ဟေမင်းကလည်းအဆန်းလုပ်လို့
မီးတစ်ခုလောင်ရင် မီးသတ်ကပြောစကား
ပဲ မှတ်တမ်းတင်ရတာလေကွာ
အေးထားကွာ အခု ကြေးနန်းမှာ
န၀ဒေးပွဲရုံတန်းက ဂိုထောင် မီးလောင်
တာ ဆေးရွက်ကြီးအထုတ်ကြီးတွေ
ရေတွက်လို့တောင်မရဘူး ဆေးဗူး
တွေရော ရေတွက်လို့မရဘူး မှန်ကွဲ
တွေတင်မနည်းဘူး ဒါကို တန်ဖိုးဆုံး
ရှုံးငွေ ၇၅၀၀ တဲ့ သိန်း ၇၅၀၀ မဟုတ်
ဘူးနော် ငွေကျပ်၇၅၀၀တဲ့.....
ဟာ ဟုတ်ပါ့မလားကွာ မီးသတ်ကား
တွေတွင် ၁၂စီးလောက်လာရ
တာလေကွာ မီးသတ်ကားဆီဖိုး
ရေဖိုး တွက်ကြည့်ပါအုံးကွာ
ဟာဟေ့ကောင် မင်းပါးစပ်က စားပဲ
စားနိုင်လွန်တယ်ကွာ....
ဘာကွ....
မှားလို့ပါကွာ သူများအတင်းပြော
ပဲပြောနိုင်လွန်းတယ်ကွာလို့ ပြော
တာပါကွာ ဟဲဟဲ.....
ပြည်သတင်းလူငယ်(ပြည်သတင်း)
No comments:
Post a Comment