Sunday, March 8, 2015

ရှေးဟောင်းကုန်းတော်များဖျက်ဆီးသည်ဟုဆိုကာ သရေခေတ္တရာအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌ ထုတ်ပယ်ခံရ ပြည့်သဲမောင်(ပြည်)09 4236 71883


ရှေးဟောင်းကုန်းတော်များဖျက်ဆီးသည်ဟုဆိုကာ သရေခေတ္တရာအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌ ထုတ်ပယ်ခံရ

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ သရေခေတ္တရာအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဌဦးထိုင်ထိုင်သည်
ပျူမြို့ဟောင်းအတွင်း ရှေးဟောင်းကုန်းတော်များ ဖျက်စီးခဲ့
သည်ဟုဆိုကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း
၎င်းအဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်များက ပြောသည်။

“ကြံခင်းလုပ်ရင်းက ရှေးဟောင်းအမွေအနှစ်တွေထိသွာတယ်။
ရှေးဟောင်းက လည်းစာနဲ့ အကြောင်းကြားထားတယ်။ အဖွဲ့ရဲ့
ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့အတွက် အစည်းအဝေး
ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်လိုက်တယ်” ဟု အဖွဲ့ဝင်တစ်ဦးက
ဆိုသည်။
သရေခေတ္တရာအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၃ခုနှစ်
သြဂုတ်လ ၃၀ ရက်တွင် အဖွဲ့ဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး
စိုက်ပျိုးရေးလုပ်ငန်းရှင် ဦးထိုင်ထိုင်က ဒုဥက္ကဌ(၂)အဖြစ် ပါဝင်ဆောင်
ရွက်ခဲ့သည်။
၎င်းသည် ဖေဖော်ဝါရီ ၂၂ ရက်ကသရေခေတ္တရာ ရှေးဟောင်းဇုန်
တောင်ခွေးရဲကျေးရွာအုပ်စု တောင်ဖြူတိုက် အတွင်းရှိ ယာမြေများ
ကို ကြံစိုက်ပျိုးရန် ထွန်ယက်ခဲ့သည့်အတွက် ရှေးဟောင်းကုန်း (၇)ခု
ပျက်စီး ခဲ့ရသည်။
အကြောင်းအရာကိစ္စကို ရှေးဟောင်းသုတေသနက အကြောင်းကြား
သဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် သရေခေတ္တရာအမွေအနှစ်စောင့်
ရှောက်ရေးအဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်ကာ ဒုဥက္ကဌဦးထိုင်ထိုင်
ကို ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။
“ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ၊ အစိုးရ ပုဂ္ဂလိက ဘယ်
ဌါနဆိုင်ရာဘဲဖြစ်ဖြစ် ရှေးဟောင်းပစ္စည်းဖျက်စီးမယ်ဆိုရင် ကန့်ကွက်
ရမှာဘဲ” ဟုလည်းအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကမ္ဘာ့အမွေအနှစ်ကုန်းတော်များဖျက်စီးသည့်အတွက် ထုတ်ပယ်ခံလိုက်
ရသူ ဒုဥက္ကဌကို ဥပဒေအရထပ်မံ အရေးယူသင့်သည်ဟုလည်း သရေခေ
တ္တရာအမွေအနှစ်စောင့်ရှောက်ရေး အဖွဲ့ဝင်များက ထောက်ပြသည်။
အကြောင်းအရာကိစ္စနှင့်ပတ်သတ်ပြီး ဦးထိုင်ထိုင်က “ အဖွဲ့ကိုထိခိုက်
တယ် ဆိုပြီးအများက ဆုံးဖြတ်ရင် ကျနော်နှုတ်ထွက်ပေးမှာပါ။ အခု
ကျနော့်ကို ဘာမှ ဖြေရှင်းခွင့်မပေးဘူး။ ခေါ်ယူဆုံးမခြင်းလည်း
မရှိခဲ့ဘူး” ဟုဆိုသည်။
ယာမြေများကို တာဝန်ခံက ထွန်ယက်ခဲ့ခြင်းဖြစ်ပြီး တစ်စုံတစ်ရာမခိုင်းစေ
ခဲ့ကြောင်း “ထုတ်ပယ်စာ”ရောက်လာသည့်အတွက် “ဖြေရှင်းစာ”ပြန်ပို့ထား
သည်ဟု ၄င်းက ပြောသည်။
ဖြစ်စဉ် အား တစ်စုံတရာ အရေးယူဆောင်ရွက်ပေးရန် အတွက်
မြေပုံကြမ်းရေး ဆွဲပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံမှတဆင့် ခရိုင်
အုပ်ချုပ်ေ၇းမှူးထံ တင်ပြထားသည်ဟု လည်း ဦးကျော်မျိုးဝင်းက
ပြောသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

No comments:

Post a Comment