Wednesday, February 25, 2015
ပြည်မြို့သား ကာတွန်းဆရာ သုံးဦး၏ သုံးပွင့်မဆိုင် ကာတွန်းများစာအုပ် မကြာမှီထုတ်ဝေဖြန့်ချီမည်
ပြည်မြို့သား ကာတွန်းဆရာ သုံးဦး၇ဲ့
လက်၇ှိမြန်မာနိုင်ငံရေး၊စီးပွါးရေး၊လူမှုဆက်ဆံရေး အစ၇ှိတဲ့
နယ်ပယ်ပေါင်းစုံကို သူတို့အမြင်၊သူတို့အတွေးနဲ့ ရေဆွဲထားတဲ့
သုံးပွင့်မဆိုင်ဆိုတဲ့ ကာတွန်းပေါင်းချုပ်စာအုပ်ဟာ မတ်လအတွင်းမှာ
ထွက်၇ှိလာတော့မယ်၊ရောင်းဈေးကတော့
၂၀၀၀ကျပ်လောက်၇ှိမယ်၊မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်ပီပြင်စွာ
ကျင့်သုံးနိုင်ရေးမှာ ထောက်ပြ၊ဝေဖန်၊သရော်ထားတဲ့ ကာတွန်းပေါင်းများစွာကို
ကာတွန်း တာတီး(ပြည်)၊ကာတွန်းကာဠု(ပြည်)၊ကာတွန်းလူကြီးတို့ရဲ့ လက်ရာများနဲ့
ဝေေ၀ဆာဆာ ထွက်ရှိလာတော့မယ်၊နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်က လွတ်လပ်ရေးရဖို့
ကလောင်လက်နက်နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့
ကာတွန်းဆရာတွေဟာလည်းတော်လှန်ရေးသမားစစ်စစ်တွေပါ၊အခု မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီအရေးမှာ ပြည်မြို့သားကာတွန်ဆရာတွေဟာလည်း
သူတို့ရဲ့ကလောင်လက်နက်နဲ့ ဘယ်လို တိုက်ပွဲဝင်ထားတယ်ဆိုတာ သူငယ်ချင်းတို့
လေ့လာဖက်၇ှုကြပါဦးလို့....
No comments:
Post a Comment