သီဟလွင် - ပြည် (မြစ်မခ)
ပဲခူတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်မိုးညိုမြို့နယ်အတွင်းရှိပဲစိုက်ခင်းများအား ကြွက်များ သောင်းကျန်း ဖျက်ဆီးနေသောကြောင့်သီနှံများဆုံးရှုံးကာ တောင်သူများချေးယူထားသော စိုက်ပျိုးစားရိတ် ချေးငွေ
ပြန်ဆပ် ရန် အခက်အခဲကြုံနေရသည်ဟု ဒေသခံတောင်သူများထံမှ သိရှိရသည်။
မိုးညိုမြို့နယ်အတွင်း မြောက်လုပ်ကုန်း၊ ကျောက်ဝ၊ ကရင်ချောင်၊ဆုံကုန်း၊ပတ္တော်၊ ရွာယာယာ၊ ထန်းပင်ကုန်း စသည့် ကျေးရွာအုပ်စုများအတွင်းတည်ရှိသော ကျေးရွာပေါင်း (၅၀)ကျော်မှ မတ်ပဲခင်း တစ်သောင်းကျော်အား
ဒီဇင်ဘာလယ်မှ ယခုရိတ်သိမ်းချိန်ထိ ကြွက်များ ဖျက်ဆီးခံရသောကြောင့်သီးနှံများဆုံးရှုံလျှက်ရှိကြောင်း ကိုလည်း သိရသည်။
“မတ်ပဲခင်းတွေ အကုန်လုံး ကြွက်ဖျက်ဆီးတော့ ရိတ်စရာတောင် မလိုတော့ဘူး။အားလုံးပြောင်သလင်း ခါသွားတာ တောင်သူတွေ ဘာမှမရလိုက်ဘူး။ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတော့ ဘဏ်ချေးငွေတွေ ဆပ်ဖို့ အခက်အခဲဖြစ်နေတယ်”ဟုမြောက်လုပ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးစန်းဝေက ပြောသည်။
ယခုနှစ်မှ ထူးထူးခြားခြား အဆိုပါဒေသများအတွင်းရှိကြခတ်ဝါးရုံပင်များအားလုံး အပွင့်များပွင့်လာခြင်းကြောင့်
ကြွက်များအလွန်ကျွံ ပေါက်ဖွားလာပြီး တောင်သူများနှိမ်နင်း၍မနိုင်သောကြောင့် ကြွက်များ အလုံးအရင်းဖြင့် ၀င်ရောက်ကာသီးနှံစိုက်ခင်းများ ဖျက်ဆီးပစ်ကြခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက
ပြောဆိုသည်။
မိုးစပါးစိုက်ပျိုးစဉ်အခါကလည်း မိုးနှောင်းမိုးခေါင်သောကြောင့်စပါးများခြောက်သွေ့ကာ နှစ်စဉ်တစ်ဧကလျှင် စပါးတင်း(၅၀)ထွက်ရာမှ (၁၅)တင်းသာထွက်ရှိသောကြောင့် ဆုံးရှုံးမှုများခဲ့ပြီး ယခုတစ်ခါတွင်လည်း မတ်ပဲ
တစ်ဧကလျှင် တင်း(၂၀)ခန့်ထွက်ရှိသော်လည်း ယခုအခါ ကြွက်များကြောင့်တစ်ဧကလျှင်တစ်တင်းခန့်သာ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
“၉၆ ကတည်းက ဘဏ်ချေးငွေဆပ်တာတစ်ခါမှမပျက်ဖူးဘူး ဒီနှစ်မှာတော့စပါးလည်းမရပဲလည်း မရဆိုတော့ အတော်တော် အခက်အခဲဖြစ်တယ်။”ဟု ဒေသခံတောင်သူကိုတင်မြင့်က ပြောသည်။
သဘာဝဘေးအန္တရယ်များကြောင့် တောင်သူများ၏ လယ်ယာများ သီးနှံများပျက်ဆီးလျှင်စိုက်ဘဏ် ချေးငွေ ကိစ္စ တောင်သူများအတွက် ဖြေရှင်းဆောင်ရွက်နိုင်ရေးအကြောင်းအရာနှင့် ပတ်သက်၍ (၁၂) ကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သော်လည်း အဖြေ မထွက်သေးကြောင်း ယခု
တောင်သူများလည်း တင်ပြစာများပို့လာသောကြောင့် ဆွေးနွေးရန် ပို၍ကောင်းသွားကောင်းမိုးညိုမြို့နယ် ပြည်သူ့လွှန်တော်ကိုယ်စားလှယ်ဦးနန်းဦးကပြောသည်။
ဝါးပင်အပွင့် ပွင့်ခြင်းကို အဆိုပါမြို့နယ်အတွင် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ခန့်ကလည်း တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီးကြွက်များဖျက်ဆီးမှုမှာ ထိုစဉ်က ယခုကြုံရသည်ထက်ပိုမိုဆိုးရွားခဲ့ကြောင်းကိုလည်း သိရသည်။
http://myitmakhamediagroup.com
No comments:
Post a Comment