Wednesday, February 4, 2015
အဆိုတော်ခင်ဝမ်း ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့် အမှတ်တရပွဲ ကျင်းပ
ပြည်မြို့သား အဆိုတော် ခင်ဝမ်း ကွယ်လွန်းခြင်း ၁၅နှစ်ပြည့် အမှတ်တရ လွမ်းဆွတ် အောက်မေ့ဖွယ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်က ဇာတိ မြေ ပြည်မြို့၌ အဆိုတော် ခင်ဝမ်း ချစ်သူဒေသခံများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
‘‘ကိုခင်ဝမ်း ကွယ်လွန်ခြင်း (၁၃)နှစ်ပြည့်တဲ့နှစ်ကစပြီး ပြည် မြို့မှာ သူ့မိသားစုဝင်တွေနဲ့ အ မှတ်တရပွဲကို တခမ်းတနားလုပ် ဖြစ်ခဲ့တယ်။ အခုတစ်ကြိမ်နဲ့ဆို သုံးနှစ်ရှိပြီ။ အခုတော့ ကိုခင်ဝမ်းရဲ့ဇနီးလည်း မနှစ်ကဆုံးသွားရှာပြီ။နောက်နှစ်တွေမှာလည်း ခင်ဝမ်းရဲ့အနုပညာတွေကို ချစ်တဲ့ပြည် ဒေသခံတွေအနေနဲ့ ဆက်လက်ပြုလုပ် သွားမှာပါ’’ဟု ပွဲစီစဉ်သူ ဦးမော်စီက ပြောသည်။
ပြည်မြို့၊ ကမ်းနားလမ်း၊ လှိုင်းဧရာ စားသောက်ဆိုင်တွင် ပြုလုပ်သည့် ခင်ဝမ်း (၁၅)နှစ်ပြည့် အလွမ်း အောက်မေ့ဖွယ်ပွဲ၌ မိသားစုဝင်များမှာ ခရီးလွန်နေသော ကြောင့် တက်ရောက်မလာသည် ကို တွေ့ရကြောင်း၊ The Wheel တေးဂီတအဖွဲ့နှင့်အတူ မဇ္ဈိမ လှိုင်းတေးဂီတအဖွဲ့မှ သူငယ်ချင်းများ၊ တေးသံရှင်များက ခင်ဝမ်း သီဆို ခဲ့သော တေးသီချင်းများကို ပရိ သတ်လေးရာကျော်နှင့်အတူ သီဆိုခဲ့ကြကြောင်း၊ ခုံနေရာမရသ ဖြင့် ပြန်သွားကြသော ခင်ဝမ်း ချစ်သူ များကိုလည်း စိတ်မကောင်းဖြစ်မိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ပြည်မြို့သား ခင်ဝမ်းသည် တေးသီချင်းများ သီဆိုမှုတွင်သာ မက စိတ္တဇပန်းချီ၊ မော်ဒန်ကဗျာ အနုပညာဖန်တီးမှုများတွင် ထူး ချွန်သူဖြစ်ပြီး ပြည်မြို့အတွက် ဂုဏ်ယူဖွယ်ရာ ဘက်စုံထူးချွန် သော အနုပညာပါရမီရှင်တစ်ဦး ဖြစ်သည်။ ယခုပွဲမှာ သူကွယ် လွန်ခဲ့သည်မှာ (၁၅)နှစ်ပြည့်သော် လည်း ခင်ဝမ်း၏ အနုပညာကိုချစ်ခင်သူများက သတိရအောက်မေ့ ရှိနေသည်ကို အထင်ရှားတွေ့ ရသည့် ပွဲလည်း ဖြစ်ခဲ့သည်။
No comments:
Post a Comment