အညတရမှတ်တမ်း(၃၂)
သရော်လှောင်ပြောင်တတ်သောဝါသနာ
ကျွန်တော်သည်ကြီးပြင်းလာသောအခါ သရော်စာအရေးကောင်းသည်ဟုစာပေမိတ်ဆွေများကပြောကြသည် ။ သရော်စာများရေးနိုင်စေရန်မည်သို.သောအရာများကစေ.ဆော်ပေးသနည်း ၊ ထိုဝါသနာကိုမည်သို.ရခဲ.သနည်းဟု လည်းအချို.ကမေးမြန်းကြပါသည် ။ မှန်ရာကိုပြောရလျှင် သူတပါးကိုသရော်လှောင်ပြောင်ချင်သောဝါသနာသည်ကျွန်တော်၏ မွေးရာပါဗီဇ ၀ါသနာပင်ဖြစ်သည် ။ သိတတ်စအရွယ်ထဲကကျွန်တော်သည် စကားလုံးများကိုကတ်တီးကပ်ဖဲ.ပြောတတ်သည် ။ မှတ်မှတ်ရရ ကျွန်တော်တတိယတန်းကျောင်းသားအရွယ်က ကျွန်တော်.အမေသည် ပြည်မြို.လမ်းမတော်လမ်းနှင်.စစ်ကဲလမ်းထောင်.တွင် ဆီချက်ခေါက်ဆွဲရောင်းရသည်ဖြစ်ရာ ကျွန်တော်သည် တောက်တိုမယ်ရအဖြစ်အမေ.ကိုကူညီရန် ခေါက်ဆွဲဆိုင်သို.နေ.စဉ်လိုက်ပါရလေ.ရှိသည် ။ ထိုဆိုင်၏အိမ်ပိုင်ရှင်တွင် အဖွားကြီးတစ်ယောက်ရှိသည် ။ထိုအဖွားကြီးသည် ကျွန်တော်.ကိုအလွန်စလေ.နောက်လေ.ရှိသည် ။ ထိုအဖွားကြီးသည်အလွန်စကားများကာ ၊သိပ်ပြီးလဲတင်စီးသဖြင်.ကျွန်တော်ကြည်.လို.မရ ။ တစ်နေ.တွင်ကျွန်တော်မုန်.စားနေသည်ကိုကြည်.ပြီး ထိုအဖွားကြီးက
“ ဘာတွေစားနေလဲဟေ.မောင်ဆိတ် “ ဟု ကျွန်တော်မကြာခနမုန်.စားနေပုံကိုဆိတ်နှင်.တင်စားကာမေးလိုက်၏ ။ကျွန်တော်ကမဆိုင်းမတွပင်
“ စားပါဦးလားဒေါ်သာလိ “ ဟုသူ.ကိုသာသာနှင်.နာနာပြန်နှက်လိုက်၏ ။ အလွန်စကားများသောအဒေါ်ကြီးသည် သူ.ကိုချာတိတ်ကလေးတစ်ယောက်က သာလိကာနှင်.နှိုင်းလိုက်သဖြင်. နာလိုခံခက်ဖြစ်သွားကာ နောက်ဆုံး၌ စပ်ဖြဲဖြဲဖြင်. “ ကောင်လေးကလူကသာငယ်တယ် အလာကြီးပါလားအေ. “ ဟုချီးမွမ်းသလိုလိုကဲ.ရဲ.သလိုလိုမှတ်ချက်ပေးသွားလေ၏ ။ ကျွန်တော်သည်သရော်လှောင်ပြောင်ရာ၌ ကိုယ်.မိခင်ကိုပင်ရှောင်သူမဟုတ် ၊ အကွက်ဝင်လာသည်နှင်. လှောင်ပြောင်တတ်သူဖြစ်သည် ။ ကျွန်တော်စတုတ္ထတန်းကျောင်းသားဘ၀က အမေသည် ရန်ကုန်မြို.ရှိသူ.မိခင်ထံသို.သွားရောက်လည်ပါတ်ရာ ကျွန်တော်.ကိုပါရန်ကုန်သို.ခေါ်သွား၏ ။ ရန်ကုန်သို.ရောက်သောအခါ အမေသည် ရုပ်ရှင်ဝါသနာပါသူတစ်ယောက်ဖြစ်သည်.အတိုင်း သမ္မတရုပ်ရှင်ရုံတွင်ရုပ်ရှင်သွားကြည်.ရာ ကျွန်တော်.ကိုပါခေါ်သွား၏ ။ ထိုစဉ်ကပြနေသောရုပ်ရှင်မှာ Zulu Down ဖြစ်သည် ။ ကြည်.သူများသဖြင်.ရုပ်ရှင်လက်မှတ်ဝယ်မရသောကြောင်. မှောင်ခိုမှလက်မှတ်ဝယ်ကြည်.ရ၏ ။ ထိုအကြောင်းကိုအမေက သူ. အမေအားဤသို.ဖုန်းဆက်ပြော၏ ။
“ ဟုတ်ကဲ. အိမ်အပြန်နဲနဲနောက်ကျမယ်အမေ ၊ အမြင်. ရုပ်ရှင်ဝင်ကြည်.မလို. ၊ လက်မှတ်ကမရလို.ဘလက်က၀ယ်ကြည်.ရတယ် ..”
ကျွန်တော်သည်အမေဖုန်းဆက်နေသည်ကိုနားထောင်ရင်း မှောင်ခိုလက်မှတ်ကို Black ဟုပြောနေခြင်းကိုရယ်ချင်လာသည် ။ တကယ်တော.ထိုခေတ်က မှောင်ခိုလက်မှတ်ကိုအားလုံးကဘလက်ဟုခေါ်ကြပါသည် ။ သို.သော်ကျွန်တော်ရယ်ချင်သည်မှာ အမေသည်မှောင်ခို ကိုမှောင်ခိုဟုမခေါ်ပဲ ဘလက်တွေဘာတွေလုပ်နေ၍ဖြစ်ပါသည် ။ ထို.ကြောင်.အမေဖုန်းဆက်နေစဉ် မှာပင်ကျွန်တော်သည်လက်ခုပ်လက်ဝါးတီးကာရယ်ပြီး
“ ဟားဟားဟား ရယ်ရတယ်ဟေ. အမေက အင်္ဂလိပ်စာလဲမတတ်ပဲနဲ. ဘလက်တွေ ဘလွတ်တွေလုပ်လို. ဟားဟား “ ဟုရယ်မောလှောင်ပြောင်လိုက်ပါသည် ။ အမေသည်လူရှေ.သူရှေ.တွင်လှောင်ပြောင်ခံလိုက်ရသဖြင်.ကျွန်တော်.ကို အတော် ဒေါသဖြစ်သွားပါသည် ။ ထို.ကြောင်.ရုပ်ရှင်ပင်မကြည်.တော.ပဲ အိမ်သို.ပြန်လာကာ ကျွန်တော်.ကို ပြစ်ဒဏ်ခတ်သည်.အနေဖြင်.နောက်တစ်နေ.တွင် ပြည်မြို.သို. လူကြုံဖြင်.ပြန်ပို.လိုက်ပါသည် ။ သို.ဖြင်.ကျွန်တော်သရော်လှောင်ပြောင် မှုကောင်းမှုကြောင်. ရန်ကုန်တွင်စိတ်တိုင်းကျ လည်ပါတ်ခွင်.မရတော.ပဲ ပြည်မြို.သို. ဒိုးရပါတော.သည် ။ဤသို.ဖြင်. ကျွန်တော်၏သရော်လှောင်ပြောင်တတ်သောဝါသနာသည် ငယ်စဉ်ကပင်စတင်ခဲ.ပါသည် ။ ကြီးပြင်းလာသောအခါ ဆယ်တန်းကျောင်းသားဘ၀တွင် ကျောင်းသားအားလုံးကဖိန်.ဖိန်.တုန်အောင်ကြောက်ရသော ဆရာကြီးဦးမြင်.ဇော်ကို တပ်ကြပ်ကြီးမြင်.ဇော်ဟု တစ်ကျောင်းလုံးမြင်သာအောင် ဧရာမစာလုံးကြီး ကျောင်းနံရ့တွင်ရေးသားမှုဖြင်. ကျောင်းထုတ်ခံရလုနီးပါးဖြစ်ခဲ.ပါသည် ။ ထိပ်-နည်းပြဟူသော ကျူရှင်ကြော်ငြာတစ်ခုတွင် ထိပ် ဆိုသောစာလုံးရှေ.၌ “ လက်” ဟူသောစာလုံးကိုသွားရောက်ဖြည်.စွက်ထားရာ ထိပ်နည်းပြ မှ လက်ထိပ်နည်းပြဖြစ်သွားခြင်း ၊ ဦးစံခင်ဆိုသော ဆရာကြီးနာမည်ကို ဦးဖံခင်ဟုဖြစ်အောင်ပြင်ရေးခြင်းစသည်တို.ကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ခဲ.ပါသေးသည် ။ တံတွေးမထွေးရ ဟူသောကြော်ငြာကိုပင် “တွံတေးမထွေးရီ “ ဟုဖြစ်အောင် ပြင်ဆင်ရေးသားပါသည် ။ အရာရာသည်ကျွန်တော်.မျက်စေ.ထဲတွင် ရယ်စရာဖြစ်နေလျက် သရော်လှောင်ပြောင်စရာအကွက်ဆိုက်နေပါသည် ။ ထို.ကြောင်.ပင်ကျွန်တော်သည်ကြီးပြင်းလာသောအခါစာရေးရာ၌ ဟာသ၀တ္တုတိုများ ၊ ထူးကြီးမူးကြီးဆွေးနွေးခန်းစသော သရော်စာများရေးသားရာ၌ ပိုမိုလက်သံပြောင်ဟန်တူပေသည် ။စာဖတ်ရာတွင်လည်းကျွန်တော်သည် ဆရာသော်တာဆွေ ၊ဇ၀န ၊ ကြပ်ကလေး ၊အီကြာကွေးစသော ဟာသစာရေးဆရာကြီးများ၏စာများကို နှစ်သက်စွဲလမ်းစွာဖတ်ရှုဖြစ်ပါသည် ။ အတည်အခန်.ထဲကဆိုလျှင် ကျွန်တော်အကြိုက်ဆုံးစာရေးဆရာမှာ ဆရာကြီးရွှေဥဒေါင်းဖြစ်ပါသည် ။ နိုင်ဝင်းဆွေ ၊တက္ကသိုလ်ဘုန်းနိုင် တို.၏ ၀တ္တုများကိုလည်း ကျွန်တော်နှစ်သက်ပါသည် ။
ဧည်.လမ်းညွှန်စတင်လုပ်ကိုင်ခြင်း
၁၉၉၅ တွင် ဧည်.လမ်းညွှန်သင်တန်းတက်နေရာ ထိုသင်တန်းမပြီးမီမှာပင် ကျွန်တော်သည်ခရီးသွားကုမ္မဏီတစ်ခု၌အလုပ်ရပါသည် ။ တစ်နေ.တွင် ဧည်.လမ်းညွှန်ဝန်ထမ်းများအလိုရှိကြောင်းသတင်းစာတွင်ကြော်ငြာပါလာပါသည် ။ ထို.ကြောင်.ကျွန်တော်သည်အလုပ်ခေါ်သည်.ကုမ္မဏီရှိရာ အမှတ် (၄၇ ) ဗိုလ်ကလေးဈေးလမ်း ရှိ Emperor Travels & Tour Co, ရှိရာ သို. သွားရောက်ပြီးလျှောက်လွှာတင်လိုက်ပါသည် ။ လျှောက်လွှတွင် အင်္ဂလိပ်လို အုပ်လျှောက်လွှတစ်စောင်ထည်.ရေးပေးလိုက်၍လားမသိ ၊ နောက်တစ်နေ.တွင် လူတွေ.အင်တာဗျူးလာဖြေဖို. အကြောင်းကြားလေသည် ။ ထို.ကြောင်.ကျွန်တော်လည်း အင်ပါယာ ခရီးသွားကုမ္မဏီသို.သွားပြီး လူတွေ.အင်တာဗျူးဖြေပါသည် ။ ကျွန်တော်.ကိုစစ်ဆေးသူ အင်တာဗျူးပုဂ္ဂိုလ်သည် ယခုအခါမန္တလေးတွင်နေထိုင်သော ၀ါရင်.ဧည်.လမ်းညွှန် ကိုတင်ထွန်းဖြစ်ပါသည် ။ ကိုတင်ထွန်းသည်ကျွန်တော်.ကိုအင်္ဂလလိပ်လိုအနည်းငယ်မေးမြန်းပြီးသဘောကျသွားသည်နှင်. ကုမ္မဏီပိုင်ရှင် ဦးခင်အောင်ကို အလုပ်ခန်.ဖို.ထောက်ခံတင်ပြလိုက်လေသည် ။ ဤသို.ဖြင်. သူတို.ကုမ္မဏီတွင် ကျွန်တော်နှင်.ကောင်မလေးတစ်ယောက် အလုပ်သင်ဧည်.လမ်းညွှန်အဖြစ်စတင်ခန်.အပ်လိုက်ပါသည် ။ကျွန်တ်ာနှင်.တစ်နေ.တည်းအလုပ်ဝင်သူမှာအခြားမဟုတ် ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းပိုင်ရှင်ဒေါ်တင်တင်ဦး၏ညီမ ၊ နောင်အခါ ဂျာမန်ဘာသာဧည်.လမ်းညွှန်ဖြစ်လာမည်. ခင်မြတ်မော်ဖြစ်ပါသည် ။ ၁၉၉၅ မတ်လ (၁)ရက်နေ.တွင် ကျွန်တော်တို.အလုပ်စ၀င်ရပါသည်။ ထိုစဉ်ကအလုပ်ဝင်ဝင်ချင်း ၊ကျွန်တော်တို.ရသောလခမှာတလ တစ်ထောင်.ငါးရာကျပ် ရပါသည် ။ ဧည်.လမ်းညွှန်အဖြစ်လိုက်ရသောနေ.များတွင်တစ်ရက်လျင် ငွေငါးရာကျပ်ထပ်ပေးပါသည် ။ ထိုစဉ်က တစ်ဒေါ်လာလျှင်မြန်မာငွေ တစ်ရာ.ငါးဆယ်ကျပ်ခန်.ရှိသဖြင်. Guide Fee မှာ Study အဖြစ် တစ်ရက်လျှင်သုံးဒေါ်လာခန်.ရသောသဘောဖြစ်သည် ။ကျွန်တော်တို.ကိုအလုပ်မှနေ.စဉ် နေ.လည်စာထမင်းတစ်နပ်ကျွေးပါသည် ။ ပိုင်ရှင်ဒေါ်မေရီ နှင်. ဦးခင်အောင်ဆိုသောတရုတ်လင်မယားမှာသဘောကောင်းပါသည် ။ သို.သော်မန်နေဂျာ ဦးအောင်ကျော်လင်းမှာ မျက်နှာကျောတင်းပါသည် ။ ကျွန်တော်သည် ဂိုဒ်သင်တန်းမဆင်းမီ အလုပ်ရသွားသဖြင်. စားဝတ်နေရေးအခက်အခဲအတန်အသင်.ပြေလည်သွားပါသည် ။မတ်လ(၁) ရက်နေ.တွင်ကျွန်တော်အလုပ်စ၀င်ပြီး ခုနစ်ရက်အကြာတွင် Summit Park View ဟိုတယ်မှ ကျွန်တော်.ကိုစိတ်ဒုက္ခပေးခဲ.သောဝန်ထမ်းများအား ကျွန်တော်.အစွမ်းပြဖို.အကွက်ဆိုက်လာလေသည် ။ အင်္ဂလန်နိုင်ငံမှ မစ္စတာအန်ဒရူးဆိုသည်.ခရီးသွားကုမ္မဏီပိုင်ရှင်သည် မြန်မာနိုင်ငံသို.ရောက်လာရာ ဟိုတယ် အခန်းများကိုလေ.လာစုံစမ်းကြည်.ရှုစစ်ဆေးလိုသည်ဆိုသဖြင်. ကျွန်တော်ကဂိုဒ်အဖြစ်လိုက်ပို.ရပါသည် ။ Summit Parkview ဟိုတယ်သို.ကျွန်တော် ၊ နိုင်ငံခြားသား ၊ ကုမ္မဏီပိုင်၇ှင် ဦးခင်အောင်တို.ရောက်သွားကြပါသည် ။ ထိုအခါ တစ်ခါကကျွန်တော်၏လုပ်ဖော်ကိုင်ဘက ဟိုတယ်ဝန်ထမ်းများက ကျွန်တော်.ကို ဧည်.သည်တစ်ယောက်အနေနှင်. လေးလေးစားစားဆက်ဆံကြပါသည် ။ ကျွန်တော်.ကိုအလုပ်တွင်အမျိုးမျိုးဒုက္ခရောက်အောင်ချောက်တွန်းခဲ.သောReservation Clerk ညီညီထွန်းသည် ဟိုတယ်အတွင်းခန်းထဲမှထွက်လာကာ ကျွန်တော်.ကိုလက်ဆွဲနှုတ်ဆက်ပါသည် ။ အနည်းဆုံးတော.ကျွန်တော်သည် သူတို.ဟိုတယ်မှလုပ်ထွက်သွားပြီးနောက်ဒုက္ခရောက်မနေကြောင်းပြသနိုင်လိုက်သဖြင်. ၀မ်းမြောက်မိပါသည် ။
သင်တန်းဆင်းသောအခါ Group Tour ကြီးတစ်ခုကိုstudy guide အဖြစ် ကုမ္မဏီမှစီနီယာဂိုဒ်တစ်ဦးနှင်.တွဲဖက်လိုက်ပါရပါသည် ။ ဦးအောင်ကျော်လင်းဆိုသော ဂိုဒ်နှင်.ကျွန်တော်စတင် Tour လိုက်ရပါသည် ။ဦးအောင်ကျော်လင်းသည် အမြဲတမ်းမျက်နှာမှာသုန်မှုန်နေပါသည် ။ကျွန်တော်.ကိုလည်းတစ်ချက်မှမျက်နှာသာမပေးပါ ။ ဘာကိုအလိုမကျနေသလဲမသိပါ ။ အခြားစီနီယာဂိုဒ်ကြီးဖြစ်သော ဦးတင်ထွန်းကသဘောကျရွေးချယ်လိုက်သဖြင်. ကျွန်တော်တို.ကိုမျက်မုန်းကျိုးနေသလားမသိပါ ။ အမြဲပင်အပြစ်ရှာနေတတ်ပါသည် ။ ထိုသို.၇ှိရသည်.ကြားထဲ ပုဂံရှိ ရွှေစည်းခုံဘုရားတွင် အဖေထက်သားတစ်လကြီးနတ်နန်းတွင် အဖေထက်သားကတစ်လကြီးကြောင်း သူကနိုင်ငံခြားသားများကိုရှင်းပြပါသည် ။ အုပ်စုအများကြီးဖြစ်၍ သေသေချာချာမကြားလိုက်သူများလည်းရှိပါမည် ။ ထိုသူများက ဂိုဒ်ရှင်းပြသောအဖေထက်သားက တစ်လကြီးသည်ဆိုခြင်းမှာယုတ္တိမရှိကြောင်း ဂိုဒ်ကွယ်ရာတွင်အတင်းတုတ်နေကြပါသည် ။ ထိုအခါကျွန်တော်ကမနေနိုင်၍ ၀င်ပြောမိပါသည် ။ အဖေထက်သားတစ်လကြီးဆိုသည်မှာ သားက လူ.ဘ၀မှ အရင်ကွယ်လွန်ပြီးနတ်ဖြစ်နေကြောင်း ၊ တစ်လကြာမှအဖေကြီးက လူ.ဘ၀မှ စုတေပြီး နတ်ဘ၀သို.ရောက်လာသဖြင်. လူဖြစ်တုန်းကအဖေကကြီးသော်လည်း နတ်ဘ၀တွင်တော. သားဖြစ်သူကအရင်နတ်ဖြစ်လာသဖြင်. ၀ါစဉ်အရတစ်လကြီးနေကြောင်း ၊သို.ပါ၍အဖေထက်သားတစ်လကြီးသည်ဟုဆိုခြင်းဖြစ်ကြောင်းကိုရှင်းပြလိုက်ရာ ကျွန်တော်.ထံပါးတွင် နိုင်ငံခြားသားများစုပြုံနားထောင်သလိုဖြစ်သွားပါသည် ။ ထိုသို. ကျွန်တော်.အနားတွင် နိုင်ငံခြားသားများစုပြုံနားထောင်နေခြင်းကို ဦးအောင်ကျော်လင်းသည် ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် ကျွန်တော်.ကိုပြသနာရှာပါတော.သည် ။ ကျွန်တော်သည်သူ.နောက်ကတပည်.အဖြစ်လိုက်လာခြင်းဖြစ်၍ နိုင်ငံခြားသားများကို ရှင်းစရာမလိုကြောင်း ၊ သူ.ကိုကျော်၍လုပ်ခွင်.မရှိကြောင်း ။သိပ်တတ်နေပါက သူဆက်မလိုက်တော.ဘူး ၊ ကျွန်တော်ကပဲတာဝန်ယူပြီးလိုက်ပြတော.ဟု ပြောပါသည် ။ ကျွန်တော်ကလည်း ထိုစဉ်က ပထမဆုံးစလိုက်ဖူးသောခရီးစဉ်ဖြစ်နေသဖြင်. သူပြောသလို ဆက်ပြီးတာဝန်မယူနိုင်ပါ ။ ထို.ကြောင်. ဘော င်ကျော်ခြင်းမဟုတ်ကြောင်း ၊ ဂိုဒ်ပြောသောစကားသည် ယုတ္တိမရှိဟုပြောနေသဖြင်. ကိုယ်.ဧည်.လမ်းညွှန်ကြီးဘက်ကမခံချင်သဖြင်.၀င်ရှင်းပြခြင်းသာဖြစ်ကြောင်းပြောပြလိုက်ပါသည် ။ သို.သော် သူသည်ကြေနပ်ပုံမရပါ ။ ကျွန်တော်.ကိုသက်သက်အပြစ်ရှာချင်နေရာမှ အကွက်ကောင်းရပြီဟူသောသဘောနှင်.ကုမ္မဏီသို.ပြန်ရောက်သောအခါ သူဌေးအားပုံကြီးချဲ.ပြီးတိုင်ပါတော.သည် ။ ထို.ကြောင်. ကျွန်တော်.ကို ဂိုဒ်ကြီးနှစ်ယောက် နှင်. ပိုင်ရှင် ဦးခင်အောင် တို.က စစ်ဆေးမေးမြန်းပါသည် ။ ကျွန်တော်ကအဖြစ်မှန်ကိုပြောပြပါသည် ။ ဂိုဒ်ဦးအောင်ကျော်လင်းကကျွန်တော်.ကိုမလိုလားသဖြင်. အမျိုးမျိုးစွပ်စွဲပြောဆိုပါသည် ။ သူဌေးဦးခင်အောင်ကကြားနေပါသည် ။ ဂိုဒ်ကြီးတစ်ယောက်ဖြစ်သော ကိုတင်ထွန်း(မန္တလေး)က ကျွန်တော်.ဘက်မှထောက်ခံပြောဆိုပါသည် ။ ထို.ကြောင်. ဦးအောင်ကျော်လင်းရည်မှန်းသလိုကျွန်တော်.အားအလုပ်မှရပ်စဲရေးအဆိုသည် မအောင်မြင်ပဲသတိပေးသည်. အနေအထားဖြင်.ပြီးသွားပါသည် ။ ကျွန်တော်သည် ဦးအောင်ကျော်လင်းဆိုသောဂိုဒ်နှင်.ထိုတစ်ခေါက်သာ Srudy လိုက်လိုက်ရပါသည် ။ နောက်ထပ် ဘယ်သူနှင်.မှအလုပ်သင်မလိုက်ရတော.ပဲ ဂိုဒ်ကြီးအဆင်.သို. တိုးမြှင်.ခံလိုက်ရပါသည် ။ Tour assignment တစ်ခုကိုစတင်ချပေးပါသည် ။ ဘ၀တွင်ပထမဆုံး ဂိုဒ်လိုက်ရမည်.ခရီးစဉ်ဖြစ်ပါသည် ။ ၁၉၉၅ ဒီဇင်ဘာလထဲတွင်စတင်လိုက်ရပါသည် ။ဧည်.သည်မှာ ဆွစ်ဇာလန်နိုင်ငံမှ လင်မယားနှစ်ယောက်ဖြစ်သည်. Manu & Irene Heralal ဖြစ်ပါသည် ။ ဆွစ်ဇာလန်နိုင်ငံမှလာမည်.ဧည်.သည်ဖြစ်သဖြင်.ကျွန်တော်က ဥရောပတိုက်သားလူဖြူများကိုသာမျှော်လင်.ကြိုဆိုနေရာ ရောက်လာသောအခါ ဧည်.သည်အမျိုးသားမှာ အသားမဲမဲ အိန္ဒိယနိုင်ငံသားဖြစ်နေပြီး ၊အမျိုးသမီးမှာ ဥရောပတိုက်သူလူဖြူတစ်ယောက်ဖြစ်ပါသည် ။ နှစ်ယောက်စလုံး သဘောကောင်းကြပြီးအသက် ၆၀ ခန်.ရှိပါသည် ။ ကျွန်တော်သည်သူတို.ကို ကြိုဆိုခေါ်ဆောင်လာပြီး Strand ဟိုတယ်သို.ခေါ်လာရာ ပထမဆုံးဧည်.သည်ဖြစ်သဖြင်. ရှိုးတို.ရှန်းတန်းဖြစ်ကာအယောင်ယောင်အမှားမှားဖြစ်နေပါသည် ။ ကမ်းနားလမ်းဟိုတယ်သို.လည်း ယခင်ကတစ်ခေါက်မှမရောက်ဖူးသဖြင်. ဘယ်အပေါက်က၀င်ရမှန်းမသိဖြစ်နေပေသည် ။ နောက်ဆုံးတွင်ဖြစ်ချင်ရာဖြစ်ဟုစိတ်ပိုင်းဖြတ်ကာ တွေ.သည်.အပေါက်မှဝင်ချသွားရာ ဟိုတယ်ဘေးဘက် (ယခုပန်းချီပြခန်းရှိသည်.ဘက်မှ) ၀င်ပေါက်ဖြစ်နေပါသည် ။ ဘာပဲဖြစ်ဖြစ် ဟိုတယ်ကိုတော.ရောက်ရှိသွားကာ Check In ကိစ္စအောင်မြင်သွားပါသည် ။
ဆက်ရန်
သရ၀ဏ်(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment