ဒီနေ့ကျောင်းဆင်းချိန်
မြို့သစ်(၂)လမ်းဘက်ကိုရောက်သွားတယ်၊လမ်းမှာတွေ့လိုက်ရတာက
(၉)တန်းလောက်ပဲ၇ှိမယ့်
ကျောင်းသူလေတွေကိုတွေ့တယ်၊နှစ်ဦးကတစ်ယောင်လုံခြည်ကိုတစ် ယောက်
လိုက်ဆွဲပြီးဖြေချတဲ့ပုံစံမျိုးဆော့ကစားတာကိုတွေ့လိုက်ရတယ်၊ဒါမျိုးကအရင်တုန်းကဆို
ယောက်ျားလေးတွေ
လောက်ပဲ ဆော့ကစားကြတာ မျိုးမဟုတ်လား
၊ခုဆိုအရာရာပြောင်းလဲ လာပြီလေ၊
ဘယ်လိုအပြုအမူမျိုးမဆို မိန်းကလေး
ယောက်ျားလေးခွဲခြားလို့
မရတော့ဘူး၊ ဆေးလိပ်၊ အရက်၊အနှိပ်ခန်း၊ ကလပ်စသည်၊စသည်ပါပဲ၊အားလုံးရင်ဘောင်တန်း
တစ်ပြေးညီဖြစ်နေပြီ၊အခုဆိုလိုချင်တာကလည်း မိန်းမ၊ယောက်ျား
ခွဲခြားပြီး မည်သူသာစေ၊ နာစေခွဲခြင်းမဟုတ်ပါ၊အရှက်တရားဆိုတဲ့ စကားလေးကို
အမျိုးမျိုးတွေးဆကြည့်ခြင်းသာဖြစ်ပါတယ်၊
ဒါနဲ့ပတ်သတ်လို့
အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့ဝထ္တုတိုလေးတစ်ပုဒ်ကို
သတိရမိတယ် ၊နွားနို့ပို့တဲ့ ကုလားကြီးတစ်ယောက်အကြောင်းပါ၊အသားကမဲ၊သွားကကျဲ၊မုတ်ဆိတ်ထူ
ပျစ်နဲ့ ရုပ်ဆင်းအင်္ဂါချို့တဲ့ သူပါ၊သူနွားနို့ကိုဝယ်တဲ့ ဖောက်သည်အိမ်တွေက
ကလေးတွေငိုတာတို့၊ဆိုးနွဲ့တာ တို့ကို မိဘတွေက
ကုလားကြီးကိုပြပြီးချောက်တယ်၊ကုလားကြီးလာနေပြီပေါ့၊ကုလားကြီးက
ဘာလုပ်လိမ့်မယ် စသည်ဖြင့်ပေါ့၊
ကုလားကြီးကလည်း
သူ့ရဲ့ဖောက်သည်တွေဆိုတော့ မျက်နှာလိုမျက်နှာရငြား ရေလိုက်၊ငါးလိုက်ကလေး
ကလေးတွေကို စနောက်ပေးတယ်ပေါ့၊တစ်နေ့တော့
သူနွားနို့ပို့တဲ့အိမ်ကိုရောက်သွားတယ်၊
အဲဒီအိမ်က ကလေးက
ငိုနေတယ်၊ကုလားကြီးကလည်း ဘာရယ်ညာရယ်မဟုတ်အငိုတိတ်အောင် အနားသွားပြီး
စတယ်၊ကလေးကလန့်ပြီးတက်သွားတယ်၊အဲဒီမှာကလေးမိဘတွေက
ကုလားကြီးရဲ့ရုပ်ဆင်းအင်္ဂါနဲ့ ပတ်သတ်ပြီး
ပတ်ပတ်စက်စက်ပြောဆိုတယ်။ ၊ရိုင်းပြစွာဆက်ဆံခြင်းကိုခံလိုက်ရတယ်၊ အဲဒီနေ့ကစပြီး
ကုလားကြီးကိုနွားနို့ပို့တာမတွေ့ရတော့ပဲ သူရဲ့သားကိုသာတွေ့ရပြီး
ကုလားကြီးအကြောင်းမေးကြည့် ကုလားကြီးဟာ ၇ှက်လို့သေသွားပြီ ဆိုတဲ့
ကလေးပြောစကားလေးနဲ့ ပိတ်ပြီးရေးတာကို မှတ်မိနေတယ်၊
မူရင်းဝထ္တုရေးသူကို
သေချာမမှတ်မိတဲ့ပေမဲ့အခုစကားပြောကလည်း မူရင်းဝထ္တုရဲ့ရည်ရွယ်
ချက်မပျောက်လောက်ဖူးတော့ထင်ပါတယ်၊အကယ်၍ ဇာတ်ကျောရိုးမှားယွင်းခဲ့ရင်လည်း
ကျွန်တော် မှတ်မိသလောက် ပြန်ရေးချခြင်းသာဖြစ်ပါတယ်၊
ကျွန်တော်ကတော့
ကုလားကြီး၇ှက်လို့သေသွားတာ၊အ၇ှက်ကြီးရင်သေတက်တာကို ခံစားလို့ရတဲ့အတွက်
ပြောရခြင်းပါ၊ အရှက်မှာ ကာယအိနြေ္ဒအတွက် ၇ှက်ရခြင်းထက်
ကိုယ်ကျင့်သိက္ခာအ၇ှက်က ပိုပြီးသေစေနိုင်တယ်လို့
ထင်တယ်(၇ှက်တက်ရင်ပြောတာပါ)ကုလားကြီးက သူတို့အပေါ်စေတနားထား၊သူ့အတွက်လဲ
အဆင်ပြေ
အောင် လုပ်ခဲ့ပေမယ့်စေတနာကိုစော်ကား ခံလိုက်ရတဲ့အ၇ှက်ကြောင့်သေသွားတာမျိုးလဲ
ဖြစ်နိုင်ပါတယ်၊
ဒီနေ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ ဆုတ်ယုတ်လာတာကြောင့်
စောင့်ထိန်းသင့်တာတွေ မစောင့် ထိန်းမ၇ှက်မကြောက်
ပြုလုပ်လာကြတာတွေ့ရတယ်၊အထူးသဖြင့် On Line ပေါ်မှာအများဆုံး၊ပြီးရင်
အပြင်လောကမှာပါ ကူးစက်လာပါတယ်။
အွန်လိုင်းမှာ သတင်းတွေ ၊ အတင်းတွေရေးတင်လာကြတယ်။ စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း ကိုမစောင့်ထိန်းဘဲ အရှက်တရားမ၇ှိပြုလုပ်နိုင်ကြတယ်၊ တရားရုံးကအမိန့်မချရသေးဘဲ ၊ အပြစ်၇ှိလားမ၇ှိလား ချေပခွင့်တောင် မလုပ်ရသေးဘူး၊
တရာခံစစ်စစ်ကြီး ဖြစ်အောင်ရေး ၊ထည်သင့်တဲ့ ဓါတ်ပုံလား၊မထည့်သင့်လားမတွေး
ကောက်တင်လိုက်တာတာတွေလဲတွေ့လာရတယ်။
ကိုယ်တင်လိုက်လို့ကာယကံ၇ှင်တွေ၊ မိသားစုဝင်ဆွေမျိုး တွေ ဘယ်လိုနစ်နာသွားနိုင်လဲမစဉ်းစား၊ သူတို့အခွင့်ရေး၊လူ့အခွင့်ရေးတွေ
ဘယ်လိုဆုံးရှုံးသွားနိုင်လဲမတွေး၊ ဒီလိုတင်လိုက်လို့
ကိုယ်ရဲ့စိတ်ဓါတ်အဆင့်ဘယ်လိုရောက်သွားလဲ၊ ဘယ်လို၇ှက်ဖို့ကောင်းလဲဆိုတာမသိတော့၊ကိုယ့်
ခံစားချက်ကြောင့်
သူတစ်ပါးကို
ထိခိုက်သွားစေတာဟာ၇ှက်စရာတစ်ခုပါပဲ၊ခံစားချက်ကိုရှေ့တန်းတင်ပြီး
ပုဂ္ဂိုလ်ရေးဆန်စွာ ပြုမူပြောဆိုရေးသားမှုတွေဟာလည်း ၇ှက်စရာတစ်ခု
ဆိုတာသိစေချင်တယ်၊ အားလုံးတွေးဆ ဆင်ချင်နိုင်ကြမှ
ကိုယ်ကျင့်သိက္ခာ၊စိတ်ဓါတ်အားကောင်းသူတွေဖြစ်လာမှာပါ။
ပြည်လူငယ်(၂)
No comments:
Post a Comment