Thursday, February 12, 2015

ဗိုလ်ချုပ်အောင်ဆန်း(ခ)ဦးအောင်ဆန်း သာဓုခေါ်ပါ

ဗိုလ်ချုပ်အောင်ဆန်း(ခ)ဦးအောင်ဆန်း သာဓုခေါ်ပါ
***********************************************

ဒီကနေ့မှာ ကျရောက်တဲ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာ
ကွယ်လွန်သွားသူ ဦးအောင်
ဆန်း(ခ)ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်တန်ဖိုး
မဖျက်နိုင်သူကြီး ဖခင်ကြီးလို့ခေါ်ထိုက်သူ အာဇာနည်
သူရဲကောင်းကြီးလို့ တင်စားထိုက်သူအတွက်
မွေးနေ့ သူရှိမယ်ဆိုရင် အသက်(၁၀၀)ပြည့်တဲ့နေ့ပေါ့
ထို့ကြောင့်လည်း တစ်နိုင်ငံလုံးမှာ သူ့အတွက် နှစ်(၁၀၀)ပြည့်
အခမ်း
အနားတွေကို တစ်နိုင်ငံလုံး ကျင်းပပြုလုပ်သံကြားရပါ
တယ် အခမ်းအနားပွဲကြီးတွေလုပ်နိုင်ဖို့ ငွေကြေးမပြည့်
စုံတဲ့ ကျွန်တော်ဟာ ဦးအောင်ဆန်း အတွက် တခုခုလုပ်
ပေးချင်နေခဲ့တယ် ကျွန်တော်အမျိုးမျိုးစဉ်းစားတယ်
တမလွန်က အဖဗိုလ်ချုပ်အောင်ဆန်း အတွက် အမှန်
တကယ် အကျိုးထိရောက်မှု့ရှိစေချင်ပါတယ် ထို့ကြော
င့်လည်း ဒီစာလေးကို ရေးသင့် မရေးသင့်စဉ်းစား
နေခဲ့ရပါတယ် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်း
ရေးလမ်းကြောင်းပေါ်မှာ ကျွန်တော်နဲ့သဘောထား
တိုက်ဆိုင်သူတွေရှိနိုင်ကြသလို သဘောထား မတိုက်
ဆိုင်နိုင်တဲ့သူတွေလည်း များစွာရှိနေမယ်ဆိုတာကို
ကျွန်တော်သိပါတယ် ယခုလိုရေးသားပေးရခြင်းမှာ
လည်း နာမည်ကြီးချင်လို့ တော့မထင်ပါနဲ့ ထို့ကြောင့်
ဦးအောင်ဆန်း အဖအောင်ဆန်း ဘဘအောင်ဆန်း
အတွက် ကျွန်တော် သူ့ရဲ့နှစ်(၁၀၀)ပြည်တဲ့ ဖေဖော်ဝါရီ(၁၃)
ရက်နေ့မှာ မနက်(၉း၀၀)နာရီမှ စတင်၍ ဗိုလ်ချုပ် အောင်
ဆန်းအား ရည်စူးပြီးတော့ ပြည်မြို့ပေါ်ရှိ ဘုရားများမှာ
အလှူဒါနပြုပေးခဲ့တယ် ရေအလှူ/မီးအလှူတွေ
ပုတီးတွေစိပ်ပေးခဲ့တယ် တရား
တွေရှု့မှတ်ပေးခဲ့တယ် ယနေ့တနေ့တာကို ကျွန်တော်
ဗိုလ်ချုပ်အောင်ဆန်းအတွက် အချိန်ပေးခဲ့ပါတယ်
ဗိုလ်ချုပ်ကို ကျတော်အချိန်ပေးခဲ့တာ တစ်နှစ်မှ ဒီတစ်
ရက်ထဲပါ ကျတော်တို့ မြန်မာပြည်သူ ပြည်သားတွေ
အတွက် သူအချိန်ပေးခဲ့တာ နှစ်နဲ့ချီရှိခဲ့ပါတယ် ဒီတော့
ပြုပြီးသမျှ ဒါနကုသိုလ် ဆောက်တည်ခဲ့သော သီလကု
သိုလ် ပွားများအားထုတ်ခဲ့သော ဘာဝနာကုသိုလ် အား
လုံးတို့ကို တရားဒါနကုသိုလ်နဲ့ ကျတော် တတ်နိုင်သမျှ
ကျေးဇူးဆပ်ပြီး ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ ပြည့်မှာ ကျေးဇူး
ဆပ်နိုင်သမျှ ကျေးဇူးဆပ်ပါတယ် ရှိရာအရပ် ရောက်ရာ
ဘုံဌာန ဘုံဘဝက ကျွန်တော်ယနေ့ပြုတဲ့ ဒါန သီလ ဘာဝနာ
တွေကို
အဖဗိုလ်ချုပ်အောင်ဆန်းရေးးးးးး
အမျှ........အမျှ.......အမျှ.........ယူပါ ဦးအောင်ဆန်းရေ...
သာဓု....သာဓု.....သာဓု....ပါအဖရယ်...ကျွန်တော်ပေး
ဝေပြီးသော အမျှတမ်းများ ရရှိပြီးတဲ့နောက်မှာ အဖဗိုလ်
ချုပ်အောင်ဆန်းသည် တဆင့်ထက် တဆင့် မြင့်သ
ထက်မြင့်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်...
အဖဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့်အတွက်
ကုသိုလ်တော်

အောင်ဆန်း ဇာနည်
############

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြခုများတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စု သား....။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တဆယ့်ကိုး.....

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့သား.....

ကျွန်တော်တို့ ငယ်ငယ်က စာထဲမှာ သင်ရတဲ့ကဗျာလေးပါ
ဖခင်ဗိုလ်ချုပ် မွေးတဲ့နေ့မှ သေတဲ့အထိ သူ၏ဖခင် သူ၏ မိခင်
တွေဒီကဗျာလေးထဲပါတယ် အမှတ်တရအနေနဲ့ ယနေ့မှာကျရောက်
တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ သူရှိမယ်ဆိုရင် ယနေ့အသက်(၁၀၀)
ပြည့်တဲ့နေ့ တမ်းတခြင်းအမှတ်တရအဖြစ်နဲ့ သင်ပေးလိုက်ပါတယ်။

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019






No comments:

Post a Comment