Sunday, February 8, 2015

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဗိုလ်ချုပ်ကျောက်ရုပ်တည်ဆောက်ဖို့ အတွက် အာဏာပိုင်အဖွဲ့အစည်းကခွင့်မပြုပေမဲ့ ဒေသခံတွေက ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရ

ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်ဗိုလ်ချုပ်ကျောက်ရုပ်တည်ဆောက်ဖို့ အတွက်အာဏာပိုင်အဖွဲ့အစည်းကခွင့်မပြုပေမဲ့ ဒေသခံတွေက ဆက်လက်လုပ်ဆောင်
သွားမှာဖြစ်တယ်။

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့တွင် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်ကျောက်ရုပ်ကို ပေါင်းတည်မြိ့ ပြည်-ရန်ကုန်ကားလမ်းဘေးရှိ-ပေါင်းတည် သာယာရွှေတည်ပန်းခြံ-နေရာတွင် ပြုလုပ်ရန် ရည်ရွယ်ထားခဲ့ပေမဲ့၊လုံခြုံရေးကို အကြောင်းပြပြီး၊ပန်းခြံထဲမှာ၊ရုပ်ထုတည်ဆောက်ဖို့ ခွင့်မပြုနိုင်လို့ ဆိုပြီး၊ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကအကြောင်းပြန်လာခဲ့တာကြောင့်၊ဒေသခံတွေက၊အရေးယူခံပြီး၊ရုပ်ထုကို၊ထုလုပ်သွားကြမှာဖြစ်ပါတယ်။

အဲဒီ ဗိုလ်ချုပ်အမှတ်တရ ကျောက်ရုပ်ကို ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ၊ ပြုလုပ်နိုင်ရန်အတွက် ပေါင်းတည်မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများ၊မြို့မိမြို့ဖများက ၃-၁-၂၀၁၅ ရက်နေ့မှ ၅-၁-၂၀၁၅ ရက်နေ့ထိ (၃)ရက်တိုင်တိုင် မြို့တွင်းသို့ ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အကြိုလှုံ့ဆော်ပွဲ ယိမ်းကားဖြင့် မြို့တွင်းနှင့် နီးစပ်ရွာကျေးရွာများသို့ လှည့်လည်အလှူခံခဲ့ကြပြီး ဗိုလ်ချုပ်ကျောက်ရုပ် ပြုလုပ်ရန်အတွက် (၃၅)သိန်းခန့် အကုန်အကျခံရန် ခန့်မှန်းထားကြပါတယ်

“ကျွန်တော်တို့ကို အကျဥ်းဦးစီးဋ္ဌာနက လုံခြုံရေးအတွက်ဆိုပြီးအကြောင်းပြပြီး ခွင့်ပြုမပေးခဲ့တာပါ။ လုံခြုံရေးအတွက်ဆိုတော့ အဲဒီအကျဉ်းဦးစီးဋ္ဌာနနဲ့ ပန်းခြံကြားမှာ အရက်ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီအရက် ဆိုင်ကျတော့ လုံခြုံရေးအတွက်စိတ်ချရပြီး ကျွန်တော်တို့ ဗိုလ်ချုပ်ကျောက်ရုပ်ပြုလုပ်မယ့်နေရာကျမှ လုံခြုံရေးအတွက်အကြောင်းပြတယ်။ရှေ့မှာလဲ ရဲစခန်းကြီးတခုလုံးရှိနေတာပဲ၊ သူတို့သက်သက် မပေးချင်လို့လုပ်တာဖြစ်တယ်လို့ ကိုချိုကြီး( အတွင်းရေးမှုး၊ကုသိုလ်ဖြစ်ဆေးခန်း-ပေါင်းတည်)၊ကရှင်းပြပါတယ်။
အခု(၂၅)ရက်နေ့က ကျွန်တော်တို့ စည်ပင်ကိုထပ်ပြီး စာတင်ထားပါတယ်။ ဒါပေမယ့် သူတို့ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျွန်တော်တို့ကတော့ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့မှာ ဗိုလ်ချုပ်ကျောက်ရုပ်လုပ်ဖို့ ပဏ္ဍက်ဝင်ရိုက်မှာပါ။သူတို့ အရေးယူမယ်ဆိုလည်း ကျွန်တော်တို့ ပေါင်းတည် ပြည်သူ့အကျိုးဆောင်ကွန်ရက်ကိုပဲ အရေးယူပါ။ကျွန်တော်တို့ပဲ အဖမ်းခံပါမယ်။လို့ ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေးကော်မတီဝင်-ကိုချစ်ကို(ပြည်သူ့အကျိုးဆောင်ကွန်ရက်-ပေါင်းတည်မြို့)ကရှင်းပြပါတယ်။

ပေါင်းတည်မြို့မှာ၊အာဇာနည်ကျောက်တိုင်၊လွှတ်လပ်ရေးကျောက်တိုင်တွေ တည်ရှိပြီး၊ဗိုလ်ချုပ်ရုပ်တု မရှိသေးတာကြောင့် ဒေသခံတွေက၊နောင်လာနောင်သားတွေ၊သတိရတသဖို့၊အတုယူစေဖို့ကို ရည်ရွယ်ပြီး၊အခုလို ဗိုလ်ချုပ်ရုပ်တု တခုကိုတည်ဆောက်ဖို့ကိုစိတ်အားထက်သန်နေကြတာဖြစ်ပေမဲ့လဲ၊ယခင်က စည်ပင်သာယာ ပန်းခြံဆိုပြီးဆိုင်းဘုတ်လဲတပ်ထားပြီး၊အခုထိလဲ၊စည်ပင်က ၀န်ထမ်း၊တွေကို၊ပန်းခြံထဲမှာအိမ်ဆောက်ပြီး၊နေထိုင်ခိုင်းထားပြီး၊အရက်ဆိုင်တဆိုင်ကိုလဲ ၊လခ နဲ့ ငှားစားထားတာကြောင့်၊စည်ပင်ပိုင်တယ်ဆိုပြီးဒီဇင်ဘာလ(၁)ရက်နေ့က ၊စည်ပင်ကို စာတင်လိုက်တယ်၊(၂၁)ရက်နေ့မှာ စည်ပင်ပိုင် မဟုတ်ဘူး၊အကျဉ်းဦးစီးက ပိုင်တယ်လို့၊အကြောင်းပြန်လို့ ၊နောက်ထပ်၊အကျဉ်းဦးစီး ဋ္ဌာန ကို ဇန်န၀ါရီလ(၁၄)ရက်နေ့မှာ ထပ်ပြီး တင်ပြခဲ့ရာ၊ပေါင်းတည်အကျဉ်းဦးစီးဋ္ဌာနမှ ၁၉-၁-၂၀၁၅ ရက်နေ့နေ့စွဲ ပါ စာအမှတ်၃၂၀၂/၁/ထောက်၃ ဖြင့် ခွင့်ပြုမိန့်မပေးနိုင်ကြောင်း တရားဝင်စာထုတ်၍ အကြောင်းပြန် ခြင်းကြောင့်၊ပရဟိတအဖွဲ့ပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ရာပြည့်ကော်မတီအဖွဲ့ဝင်များ က၊ဗိုလ်ချုပ်မွေးနေ့၊မှာ၊အရေးယူခံပြီး၊ပန်းခြံထဲမှာဝင်ရောက်ပြိးပဏ္ဍက်၊စိုက်ထူသွားကြမှာဖြစ်ပါတယ်၊

မင်းညို(DVB)




No comments:

Post a Comment