ဈေးကြီး နာရီစဉ် ခြင်္သေ့ကြီးနှစ်ကောင်
########################
ပြည်မြို့ ဟာသ
မပြောချင်ဘူး ပြောကိုမပြောချင်တော့ဘူးကွာ
သူငယ်ချင်းဘာတွေညည်းနေတာလည်းဟ
ရော်ခက်ပါ့ကွာ အိမ်မှာမွေးထားတဲ့သားလေးတယောက်ရှိပါ
တယ် ငါတို့က ဆင်းရဲတဲ့သူဆိုတော့ အများကသတ်
မှတ်ပေးလိုက်တာက ဥတစ်လုံး တစ်ကောင်ကြွက်
တဲ့ ပိုက်ဆံရှိတဲ့သူတွေသားဆိုရင်တော့ သားဦးရတ
နာတဲ့ကွာ ပညတ်တွေပေးကြတာ ဘက်လိုက်ကြတ
ယ်ကွာ
အေးကွာလောကနိယာမတွေကြောက်ဖို့ကောင်းတယ်
ဒါနဲ့ကြုံတုန်းသတိပေးရအုံးမယ် ပြည်ဈေးကြီးသွားရ
င်သတိထားနော် ဘိုးဘိုးအောင်နဲ့ ဘိုးတော်ဦးဝိုင်းတို့
လိုဖြစ်နေကြတယ်
မင်းစကားမရှင်းဘူးကွာရှင်းအောင်ပြောပါကွာ
ဒီလိုကွာ ဘိုးဘိုးအောင် ဆိုတဲ့ဝိဇ္ဇာနဲ့ ဘိုးတော်ဦးဝိုင်းဆို
တဲ့ဘုရင်တို့ နန်းတော်ထဲတွေ့ကြတော့ သူ့သူငယ်ချင်း
ဖြစ်တဲ့ ဘိုးတော်ဦးဝိုင်းကို အစွမ်းပြတဲ့အနေနဲ့ { ဝ }ဆိုတဲ့ အက္ခ
ရာလေးကို နန်းရင်ပြင် ပုလ္လင်ရှေ့မှာ ထုံးနဲ့ ဝိုင်းပြတယ်
ပြီးတော့ဖြတ်ခိုင်းတယ်ကွာ တစ်လုံးဖြတ် ၂လုံးပေါ် ၂လုံးဖြတ်
၎လုံးပေါ် ၄လုံးဖြတ် ၈လုံးထပ်ပေါ်ဖြစ်နေတာ နောက်
ဆုံးနန်းတော်ကြီးတစ်ခုလုံး {ဝ}တွေပြည့်နေတာပါပဲ
ပြည်ဈေးကြီးလည်း မိပြန်ပြီ ခါးပိုက်နိုက် တစ်ယောက်
သိပ်မကြာပါဘူး ထပ်ပေါ်လာပြန်မိနဲ့ ဘိုးဘိုးအောင်နဲ့
ဘိုးတော်ဦးဝိုင်းတို့လိုဖြစ်နေပြီကွ ဟားးးးးးးးး
အေးငါလည်းကြားမိတယ်အဲကိစ္စကလည်းခဏခဏပဲ
နော် ဒီလိုဆိုတော့မင်းကိုကျေးဇူးတင်ပါတယ် ခါးပိုက်
နိုက်သတိပေးလို့ ကြေးဇူးဆပ်တဲ့အနေနဲ့မင်းလည်း
သတိတစ်ခုပေးအုံးမယ်
အေးပြောပါအုံးးးးဘာများလည်းသူငယ်ချင်းရဲ့
မင်းလည်း ပြည်မြို့က နာရီစဉ်နားလမ်းလျှောက်သွား
ရင်သတိထား နာရီစဉ်နား စက်ဘီးမစီးနဲ့ နောက်ဆုံး
ကုန်ကုန်ပြောရရင် နာရီစဉ်နား ကွမ်းယာမထွက်နဲ့
အမူးသမားတွေကားမောင်း သိပ်ကြမ်းတာနော်
ဟားးးးးဖြစ်ရလေ နာရီစဉ်ကြီးရယ် တော်သေးတာပေါ့
အခုနာရီစဉ်ဖြစ်သွားလို့ အရင်တုန်းက ထီးတိုင်ဆိုရင်
ဘုရားရှေ့က ခြင်္သေ့ကြီး နှစ်ကောင်တောင်ပြေးမလွတ်
လောက်ဘူးနော်ဟားးး
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
No comments:
Post a Comment