Sunday, February 1, 2015

ဗိုလ်ချုပ်ရာပြည့်မွေးနေ့ ဂုဏ်ပြုလမ်းလျှောက်သူ မိုင်ရှစ်ရာကျော်ခရီးပေါက်

By ဇော်မင်းထိုက်  

ပြည်

 ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင် ဆန်း၏ နှစ် (၁၀၀)ပြည့်မွေးနေ့ အတွက် တစ်ကိုယ်တော်ဂုဏ်ပြု လမ်းလျှောက်သူသည် ပြည်မြို့ သို့ ဇန်နဝါရီ ၂၉ ရက်က ရောက် ရှိကာ ဖြတ်သန်းသွားခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်ရာပြည့်မွေးနေ့ဂုဏ်ပြုလမ်းလျှောက်နေသူ (ဓာတ်ပုံ−ဇော်မင်းထိုက်)

တစ်ကိုယ်တော်လမ်း လျှောက်သူ ဦးအောင်သူသည် ဇန်နဝါရီ ၁ ရက်က မြိတ်မြို့မှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ရောက်သည်အထိ မိုင်ပေါင်းရှစ်ရာကျော် လမ်း လျှောက်ခဲ့ကာ အောင်လံမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။
‘‘ပြည်သူတစ်ယောက်အနေ နဲ့ ဗိုလ်ချုပ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုလှုံ့ဆော်တဲ့အနေနဲ့ လျှောက်ဖြစ်တယ်။ တစ်ရက် မိုင် ၃၀ ကျော်လောက်လျှောက် ဖြစ်တယ်။ အောင်လံမရောက်မီ လမ်းခုလတ်တစ်နေရာရာမှာ ည အိပ်ဖြစ်တယ်’’ဟု ဦးအောင်သူက ပြောသည်။
မြိုတ်မြို့မှ နတ်မောက်မြို့ အထိ ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်မွေးနေ့ဂုဏ်ပြုလမ်းလျှောက် သူအား ဖြတ်သန်းရာမြို့နယ်များ မှ နိုင်ငံရေးအင်အားစုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ ဝင်များက   လိုအပ်သည့်ကူညီ စောင့်ရှောက်မှုများပေးလျက်ရှိ ကြောင်း သိရသည်။
http://www.7daydaily.com

No comments:

Post a Comment