Sunday, February 8, 2015

ကျောင်းသားသပိတ်စစ်ကြောင်းအား ပြည်တက္ကသိုလ်ရှေ့တွင် ကြိုဆိုရေးသပိတ်စခန်းဖွင့်ရန်စီစဉ်သူ ကျောင်းသားတစ်ဦး ကိုရဲကဖမ်းဆီး ပြည့်သဲမောင်(ပြည်) 09 4236 71883


ကျောင်းသားသပိတ်စစ်ကြောင်းအား ပြည်တက္ကသိုလ်ရှေ့တွင် ကြိုဆိုရေးသပိတ်စခန်းဖွင့်ရန်စီစဉ်သူ ကျောင်းသားတစ်ဦး ကိုရဲကဖမ်းဆီး

ပြည့်သဲမောင်(ပြည်) 09 4236 71883
မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်နေသည့် ဒီမိုကရေစီ ပညာရေး
 ကျောင်းသား သပိတ်စစ်ကြောင်းအား ပြည်တက္ကသိုလ်ရှေ့တွင် ကြိုဆိုရေး
သပိတ်စခန်းဖွင့်ရန်စီစဉ်သူ ကျောင်းသားတစ်ဦး ကိုရဲတပ်ဖွဲ့ကဖမ်းဆီး
လိုက်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ(၈) ရကနေ့် ညနေ (၅)နာရီ အချိန်ခန့်တွင် ပြည်ခရိုင်  ပြည်မြို့
ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ်ကျောင်းရှေ့တွင်ကြိုဆိုရေးသပိတ်စခန်း
ဖွင့်ရန်ပြည်တက္ကသိုလ်ဒုတိယနှစ်အင်္ဂလိပ်စာ ကျောင်းသား ကိုသန့်ဇင်ထက်က စီစဉ်ခဲ့သည်။ထိုသို့စီစဉ်ခဲ့သည့် အတွက် လုံခြုံရေးရယူထားသောရဲတပ်ဖွဲ့ဝင်
များရောက်ရှိလာပြီး ဖမ်းဆီးလိုက်သည်။

“ရဲယူနီဖောင်းဝတ်တွေနဲ့အရပ်ဝတ်တွေလက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး
သန့်ဇင်ထက်ကို  အတင်းဆွဲခေါ်သွားတယ်။ ဘာဖမ်းဝရမ်းမှလဲ မပြဘူး ။အတင်းဆွဲပြီး ကားပေါ်တင်ကာသဲကုန်းစခန်းကိုပို့ဖို့ပြညအမှတ်(၁)ရဲစခန်းက စခန်းမှူးကပြော သံကြားလိုက်တယ်” ဟု လက်ဖက်ရည်ဆိုင်အတူထိုင်နေတဲ့ ကိုသန့်ဇင်ထက် သူငယ်ချင်း တစ်ဦးကဆိုသည်။

ကိုသန့်ဇင်ထက်သည် ယခင်က သဲကုန်းမြို့နယ် အောင်ကုန်းကလယ်သမားေ
တွနဲ့အတူဆန္ဒပြခဲ့စဉ်က ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲဆိုခံထားရသူ ဖြစ်ပြီး
ဒီအမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းဖမ်းဆီးစဉ်က ပါဝင်ခဲ့သူ ပြည်အမှတ်(၁)
စခန်းမှူး ရဲအုပ်မျိုးဝင်းက ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သည် ကျောင်းသားသပိတ်
စစ်ကြောင်းကို ထောက်ခံဝန်းရံသည့်အနေဖြင့် ဖော်ဖ၀ါရီလ (၉)ရက်နေ့ မနက်(၁၀း၃၀)နာရအချိန်ခန့်တွင်ယုန်ဖြူတောင်မှလည်းကောင်း၊ နေ့လည်
(၂း၀၀)နာရီအချိန်ခန့်တွင် ပြည်မြို့နယ် တာဂွမှ လည်းကောင်းကြိုဆိုကြ
မည်ဖြစ်ကြောင်း သပိတ်မှောက်ကျောင်းသားဝန်းရံကြိုဆိုရေးကော်မ တီမှ
သိရသည်။

သတင်း ပြည့်သဲမောင်(ပြည်)09 423671883






No comments:

Post a Comment