Thursday, February 19, 2015

ပြည်မြို့ မြို့မဈေးကြီးတွင်ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုး ပေး ပြည့်သဲမောင်(ပြည်)09 4236 71883



ပြည်မြို့ မြို့မဈေးကြီးတွင်ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုး
ပေး

ပြည့်သဲမောင်(ပြည်)09 4236 71883
ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်းစီ
မံချက်အရအသက်(၅)နှစ်မှ(၁၅)နှစ်ကလေးများအားဇန်န၀ါရီလ(၁၉)ရက်မှ(၂၇)ရက်တွင်းလည်းကောင်း၊အသက်(၉)နှစ်မှ(၅)နှစ်ကလေးများနှင့်ပထမအကြိမ်
တွင်ဆေးထိုးရန်ကျန်သောကလေးများအား ဖေဖော်ဝါရီလ(၁၉)ရက်မှ(၂၈)ရက်တွင်လည်းကောင်းဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးများကိုရပ်ကွက်နှင့်အခြားသောနေရာများတွင်လိုက်လံဆေးထိုးပေးခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ၀က်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးကိုပဲခူးတိုင်းဒေသ
ကြီးပြည်မြို့ မြို့မဈေးကြီးတွင် ဖေဖော်ဝါရီ(၁၉)ရက်နေ့ကအနယ်နယ်အရပ်ရပ်မှဈေးဝယ်လာသော ပြည်သူ များ၏ကလေးများသည်မိမိတို့ရပ်ကွက်ကျေးရွာတွင်
ဆေးထိုးနေချိန်မိဘများနှင့် ပြည်မြို့မဈေးကြီးသို့ရောက်ရှိနေပါက ဆေးထိုးရန်မကျန်ခဲ့စေရေးအတွက်ရည်ရွယ်၍ ပြည်မြို့ မြို့မဈေးကြီးမှစည်ပင်သာယာဝန်ထမ်းများနှင့်ဈေးမိ/ဈေးဖများသည်ကျန်းမာရေးဦးစီးဌာန၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးပေးခြင်းလုပ်
ငန်းအားဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883





No comments:

Post a Comment