Wednesday, February 18, 2015
ရဲကို သတင်းရောင်းမှာ ဆိုးလို့တဲ့ဗျာ... ပြည့်သဲမောင်(ပြည်) 09 4236 71883
ရဲကို သတင်းရောင်းမှာ ဆိုးလို့တဲ့ဗျာ...
ပြည့်သဲမောင်(ပြည်) 09 4236 71883
ကျနော်တို့ နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့် အသင့်အတင့် ရရှိလာခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာ ၊ အပတ်စဉ် ထုတ်ဂျာနယ် ၊ အွန်လိုင်းမီဒီယာ ၊ ရုပ်သံမီဒီယာ တွေကနေ သတင်းတွေ ဆောင်းပါးတွေ လွတ်လပ်စွာ ရေးသားခွင့်ရရှိလာပါတယ်။
သတင်းမီဒီယာအသီးသီးကလည်း ရရှိလာတဲ့အခွင့်အရေးကို လက်လွတ်မခံ
ဘဲ နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ သတင်းရေးသားပုံ ၊ ကျင့်ဝတ်နဲ့ညီပြီး ဘက်မလိုက်တဲ့သတင်း တွေကိုလည်း တင်ဆက်လာကြပါတယ်။
မီဒီယာတစ်ခုနဲ့တစ်ခု သတင်းထောက်တစ်ဦးနဲ့တစ်ဦး သတင်းရယူပုံ ၊ သတင်း
တင်ဆက်ပုံသတင်း လိုက်ပုံ လိုက်နည်းချင်းမတူညီပေမဲ့ “စာဖတ်သူအတွက်
သတင်းရေးသားတယ်” ဆိုတာတော့ မီဒီယာသမားတိုင်းရဲ့ တူညီတဲ့ရည်ရွယ်
ချက်ဖြစ်တယ်။
စာရေးရတာကို နှစ်သက်တဲ့အတွက် ၂၀၀၄ ခုနှစ် စ၍ ဖြစ်ရပ်မှန်မှုခင်းဂျာနယ်
နှင့် အခြား ဂျာနယ်တို့တွင်သတင်းတိုများရေးသားခဲ့ပြီး ယခုလက်ရှိလည်း ပုဂ္ဂလိက သတင်းစာတွေနဲ့မှုခင်းဂျာနယ်မှာ သတင်းတွေရေးနေပါတယ်။
ဝမ်းဝရုံသာရတဲ့ စာမူခနဲ့ ကျနော့်လိုသတင်းသမားတစ်ယောက်ဟာမထယ်ဝါ
ဘူး။မခန့်ညားဘူး။ အာဏာပါဝါ အရှိန်အ၀ါမရှိဘူး။ ကျနော့်မှာရှိတာက စောင့်
ထိန်းရမဲ့ ကျင့်ဝတ်နဲ့ “စာဖတ်သူအတွက် သတင်းရေးတယ်”ဆိုတဲ့ ရည်ရွယ်
ချက်ပါဘဲ။
သို့ပေမဲ့ တစ်ချို့က အပေါ်ယံ ရပ်တည်မှု တစ်ခုကို ကြည့်ပြီး မခန့်ညားမထည်ဝါ အရှိန်အ၀ါမရှိတဲ့ သတင်းသမားတွေကို နှိမ်ချင်လာကြတယ်။ ရဲသတင်းပေး ရဲသူလျို အဖြစ်စွပ်စွဲ အပြစ်တင် လာကြ တယ်။ သတင်းသမားဆိုတာ ရဲဆီကလဲ သတင်းယူရ ၊ အရပ်သားပြည်သူဆီက လဲသတင်းယူရတော့ ရဲသူလျိုလို့ စွပ်စွဲ လဲ စွပ်စွဲချင်စရာပါဘဲ။
မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၇ရက်သဲကုန်းမြို့မှာပြည်တက္ကသိုလ်ကျောင်းသား
မောင်သန့်ဇင်ထက်ကို ရုံးထုတ်တဲ့ရက်က ကျနော့်ကို ရဲသူလျိုအဖြစ် တိုက်ရိုက်
စွပ်စွဲခံခဲ့ရတယ်။ အဲဒီနေ့က ကျနော် နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဘီလူး
နှစ်ယောက် တည်း သတင်းသွားယူခဲ့ပြီးကျန်တဲ့သတင်းသမားတွေကတော့
အုပ်စုလိုက် လာကြတယ်။
မြို့တော်တော်များများက လယ်သမားတွေနဲ့ လူ့အခွင့်အရေးဆိုသူတွေလာရောက်
ပြီး ရဲတပ်ဖွဲ့ က ကျောင်းသားကို ခြေကျင်ရုံးထုတ်လာခဲ့တာလဲတွေ့ရတယ်။
ကျနော်က ဓါတ်ပုံရိုက် လိုအပ်တဲ့ချက်အလက်တွေထပ်မံစုဆောင်းခဲ့တယ်။ ဒုရဲအုပ်တစ်ယောက်ကိုအချုပ်ခန်းရှေ့မှာမေးမြန်းခွင့်ရခဲ့ပြီး တရားခွင်ထဲမှာလဲ
စောင့်ကြည့်ခွင့်ရခဲ့တယ်။
နောက်ပြီးရုံးချိန်းက အထွက် ကျောင်းသားကို အင်တာဗျူးနေတဲ့အချိန်အသားမဲမဲ
နဲ့ အမျိုးသမီး တစ်ဦးက ဘယ်မီဒီယာက လဲလို့ဝင်မေးတယ်။ ပြီးတော့ ရန်ကုန်
ကမဟုတ်ရင်မယုံရဘူးတဲ့။ နောက်ပြီး ကျောင်းသားမောင်သန့်ဇင်ထက် ထမင်း
စားတဲ့အချိန်မှာ အဲဒီအမျိုးသမီးပြောတာက သတင်းသမားဟန်ဆောင်ပြီး ရဲကို
သတင်းတွေရောင်းစားတဲ့လူတွေရှိတယ်တဲ့။
သူပြောတာတော့ ဟုတ်သလိုရှိသားဗျ။ ဒါပေမဲ့ရဲကို သတင်းရောင်းစားဖို့ သတင်းသမား ဟန်ဆောင် ရဦးမယ်။ လူမြင်ကွင်းမှာ ဖြစ်နေတဲ့သတင်းကို ရဲကကောဘယ်လောက်ပေးဝယ်မှာလဲ။ ရဲက သတင်းစာမှာပါတဲ့ သတင်းကို
မဖတ်ဘဲ ကျနော့် ဆီက သတင်းကိုမှ ၀ယ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား။နိုင်ငံ
ရေးအကျည်းသားဟောင်း ဦးကျော်ဆန်းကပြောဘူးတယ်။"သူတို့အခုလုပ်နေ
တာတွေက ခိုးချောင်ခိုးဝှက်လုပ်နေတာမဟုတ်ဘူး ပွင့်လင်းမြင်သာတဲ့ခေတ်
မှာပွင့်လင်းမြင်သာစွာလုပ်တာ။အဲဒီအတွက်ရဲမေးရင်လဲဖြေရဲတယ်၊သတင်း
သမားမေးရင်လဲဖြေရဲတယ်တဲ့"ဒါဆိုရင်မဖြေရဲမပြောရဲနဲ့လုပ်နေတဲ့သူတွေက ပွင့်လင်းမြင်သာမှုမရှိလို့လားဆိုတာကျနော်သတင်းထောက်တစ်ယောက်အနေ
နဲ့မေးစရာဖြစ်လာတယ်။
ညနေ၄နာရီ ကျနော်အိမ်ကိုပြန်ရောက်ပြီး နောက်တစ်နေ့ မနက် မှာကျနော်တို့
ပြည်သတင်းကိုတင်တယ်။လက်ရှိရေးနေတဲ့လူထုပုံရိပ်ဂျာနယ်၊ဟံသာဝတီတိုင်း
ဂျာနယ် ကို စာဖတ်ပရိတ်သတ်အတွက် သတင်း ပို့တယ်။ သတင်းလိုက်ရကျိုး ရဲသူလျိုအဖြစ် အပြောခံရ ကျိုးနပ်ခဲ့တယ်။ ဒါပေမဲ့ ရဲကိုတော့ သတင်း မရောင်းလိုက်ရဘူးဗျာ။ နာတယ်….
ကျနော့်ကို ရဲသူလျိုလို့ထင်ရင် သတင်းစာမှာပါတဲ့ဖုန်းနံပါတ်နဲ့ အီးမေးလိပ်စာ
အတိုင်း သတင်းဌါနကို တိုင်လိုက်ပါ။ ကျနော် ရဲသူလျိုဖြစ်တဲ့အကြောင်းကျနော်
ရေးနေတဲ့သတင်းစာကို တင်ပြနိုင်ရင် ကျိန်းသေ ကျနော် အလုပ်ပြုတ် မှာပါ။ တကယ်လို့ ကျနော့်ကို တိုင်တဲ့လူက ကျနော့်စာဖတ် ပရိတ်သတ်ဖြစ်မယ်ဆိုရင် ကျနော်တသက်လုံး သတင်းမရေးတော့ဘူး။
ကျနော့်ကိုပြောခဲ့သူနှင့်ယောကျာ်းဖြစ်ပြီးမိန်းမအောက်ခံဘောင်းဘီကို ခေါင်းမှာ
ဆောင်းထားတဲ့သူကိုသာရည်ရွယ်ရေးသားပါသည်။ကျနော်တို့သတင်းထောက်
အားလုံးကကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရဲတယ်။ဖေ့ဘွတ်မှလဲ အမှန်တကယ်
ကိုယ့်ပုံနဲ့တင်ရေးရဲတယ်။တကယ်အများပြည်သူအကျိုးအတွက်ထောင်ချခံဆန္ဒပြ
၊နိုင်ငံရေးလုပ်နေသူများကိုလုံးဝ(လုံးဝ) မစော်ကားပါ။
ပြည့်သဲမောင်(ပြည်) 09 4236 71 883
No comments:
Post a Comment