အမေ့နှလုံးသားကျန်းမာရေးကွန်ယက်မှ ( ၃၉ ) ကြိမ်မြောက် ကျေးရွာများသို့လိုက်လံဆေးကုသ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပေါင်းတလည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမေ့နှလုံးသားကျန်းမာရေးကွန်ယက်မှ ဇန်န၀ါရီလ ၉ရက်နေ့တွင် ပြည်မြို့နယ် ၊
မြောင်းဆုံအုပ်စု ရွာသာကုန်းကျေးရွာ ကုက္ကိုကျောင်းတိုက် ဓမ္မာရုံတွင် ( ၃၉ )ကြိမ်မြောက်
အဖြစ်နယ်လှည့် အခမဲ့ဆေးကုသခြင်း လုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအမေ့နှလုံးသားကျန်းမာရေး ကွန်ယက်မှ ဒေါက်တာဝင်းမြင့်ချစ် ဦးဆောင်သော အဖွဲ့သည် ၄င်းရွာရှိလူနာပေါင်း ၁၅၁ ဦး အားဆေးကုသခြင်း အပြင်ကျန်းမာရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း သွားနှင့် ခံတွင်း ရောဂါရှင်များကိုပါ ကုသပေးခဲ့ကြောင်း
နှင့် ယခု ( ၃၉ )ကြိမ်မြောက်အထိ ဆေးကုသပေးခဲ့သည့် ပြည်သူအပေါင်းမှာ (၇၆၅၀ )ခန့်
ရှိပြီဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ အမေ့နှလုံးသားကျန်းမာရေးကွန်ယက်
သတင်းတို ပြည့်သဲမောင်(ပြည်) 09 4236 71883
No comments:
Post a Comment