အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးကျွန်းပင်အား ၀င်ချိတ်မိသဖြင့် (၁)ဦးသေ (၂)ဦး ဒဏ်ရာရ
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊
ပြည်မြို့၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်း၊
ဒေါင်းမြတ်နားအုပ်စု၊ ညောင်ရွှေကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ
(၁)ဦးသေဆုံးကြောင်း
သိရသည်။
ဖြစ်စဉ်မှာပန်းတောင်း-တောင်ကုတ်ကားလမ်းမိုင်တိုင်အမှတ်(၆/၁)၊ ဒေါင်းမြတ်နားအုပ်အုပ်စု၊ညောင်ရွှေ
ကျေးရွာအနီးတွင် ပြည်ဘက်မှဥသျှစ်ပင်ဘက်သို့ အောင်မြင့်(၄၆)နှစ်၊ပန်းတောင်းမြို့နယ်နေသူမောင်းနှင်
လာသော မ/×××× GMC အမျိုးအစား (၁၀)ဘီးယာဉ်အား မောင်းနှင်လာစဉ်
အရှိန်မထိန်းနိုင်ဘဲလမ်း၏
ယာဘက်ဘေးကျွန်းပင်အား ၀င်ရောက်ချိတ်မိကာ
တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ အောင်မြင့်
တွင်ဝဲပေါင်ကျိုး၊၀ဲလက်ဖျံကျိုး၊ယာပေါင်ပွန်းပြဲဒဏ်ရာ၊ယာလက်ဖူးရောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ဟုသိရ
သည်။
ထို့အပြင် ဇော်ဝင်း (၄၀)နှစ်၊ ညောင်ခြေထောက်ရွာ၊ပန်းတောင်းမြို့နယ်နေသူတွင်ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊
ဝဲလက်မောင်းပွန်းဒဏ်ရာ၊ ၀ဲပေါင်နာကျင်ဒဏ်ရာ၊
သိန်းထွေး (၃၇)နှစ်၊ ညောင်ကုန်းရွာ၊နတ်မောက် အုပ်စု၊
ပန်းတောင်းမြို့နယ်နေသူတွင်
ယာလက်ပြင်ပွန်းဒဏ်ရာ၊ ယာခြေသလုံးပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။
ထို့ကြောင့်
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်မြင့်အား အရေးယူပေးရန် ရဲအုပ်အေးဇော်ဝမ်းမှတရားလိုပြု
လုပ်တိုင်တန်းချက်အရ ပန်းတောင်းမြို့မရဲစခန်း ယာဉ် (ပ) ၃/၂၀၁၅
ပြစ်မှုပုဒ်မ - ၃၀၄ - က/၃၃၈ဖြင့် အမှုရေးဖွင့်
ထားရှိကာ ဒုရဲအုပ်မြဇော်အောင်မှ
လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883 / 09796989883
No comments:
Post a Comment