Wednesday, January 14, 2015

ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရ ပြည့်သဲမောင်(ပြည်) 09 4236 71883


ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရ
ပြည့်သဲမောင်(ပြည်) 09 4236 71883

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ချမ်းမြေ့သာယာရပ်ကွက်၊
ပြင်ဦးလွင်လမ်းရှိရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်တွင် ဇန်န၀ါရီလ(၁၃)
ရက်နေ့ ည (၈း၂၅)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့၍ ၀န်ထမ်းတစ်ဦး
မီးလောင်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သဲကုန်းမြို့နယ်၊ ပုတီးကုန်းနယ်မြေရဲစခန်းအပိုင် ချမ်းမြေ့သာယာ
ရပ်ကွက်၊ ပြင်ဦးလွင်လမ်းရှိ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ ယာဉ်မောင်း
ဦးအောင်မြင့်မောင်းနှင်လာသော ဆီဘောက်ဆာဖြင့် ဓါတ်ဆီဂါလံ (၁၆၀၀)အား
 လာရောက်ပို့ဆောင်၍ ဆိုင်အလုပ်သမားဇော်ထက် (၂၂)နှစ်၊ ပြင်ဦးလွင်လမ်း၊
ပုတီးကုန်းမြို့နေသူမှ ကားပေါ်တွင်ပါလာသော သံပိုက်ခေါင်းတပ် (၂)လက်မပိုက်၊
အရှည်ပေ (၅၀)ဖြင့် ဆီဆိုင်အတွင်းမှ ဆီပေပါ (၃၃)လုံးအား ဆီဖြည့်ရာတွင် ဂါလံ (၈၀၀)ခန့်ဖြည့်ပြီးချိန်တွင် နောက်ပေပါ တစ်လုံးဖြည့်ရန် သံပိုက်ခေါင်းအား ပေပါ
အတွင်းမှဆွဲထုတ်စဉ် သံပိုက်ခေါင်းနှင့် ဆီပေပါပွတ်တိုက်မိ၍ မီးပွင့် ကာ ဆီပေ
ပါပေါ်ကျန်ရှိနေသောဆီများအား မီးကူးစက်လောင်ကျွန်းခဲ့သည်ဟု ပုတီးကုန်း
နယ်မြေရဲစခန်းမှ သိရသည်။

ထိုသို့မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ဆီဖြည့်နေသူ ဇော်ထက်တွင် ၀ဲ/ယာလက်ေ
မာင်းနှင့် လက်ဖျံ၊ ၀ဲ/ယာ ခြေသလုံးအရေပြားလန် မီးလောင်ဒဏ်ရာရရှိခဲ့ပြီးအခြားေ
န အိမ်အဆောက်အဦးများသို့ မီးကူးစက် လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဇော်ထက်အားအရေးယူပေးပါရန်မြို့နယ်
မီး သတ်ဦးစီးမှူး ဦးဝေယံအောင် မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် (ပ) ၁၀/၂၀၁၅
ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်ထားရှိကာ အမှုအားဒုရဲအုပ်ထွန်းမင်းမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သတင်းရရှိသည်။
   
 မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင် (ပြည်)09 4236 71883

No comments:

Post a Comment