Friday, October 31, 2014

လူပျောက်ကြော်ငြာ(တွေ့ရှိပါက အကြောင်းကြားပေးပါ)

Leave a Comment
လူပျောက်ကြော်ငြာ(တွေ့ရှိပါက အကြောင်းကြားပေးပါ)
*******************************************************
အမည်။   ။ အောင်ပြည့်ဇော်(ခ) ဖိုးသား
အသက်။   ။ ၁၇-နှစ်ခန့်
အဖ   ။   ။ ဦးခင်ဇော်
အမိ   ။    ။ ဒေါ်စန်းထွေး

အထက်ဖော်ပြပါ မောင်အောင်ပြည့်ဇော် အသက် ၁၇-နှစ်ခန့်သည်..16.10.2014 ရက်နေ့ မနက်(7း၀၀)နာရီအချိန်ခန့် နေအိမ်မှ ပျောက်သွားပါသဖြင့် တွေ့ရှိသူများ အကြောင်းကြားပေးပါက ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။..၄င်းပျောက်သွားသူ မောင်အောင်ပြည့်ဇော် အားလူပျောက်မှု့ဖြင့် သက်ဆိုင်ရာများတွင် အမှု့ဖွင့်ထားပါသောကြောင့် လက်ခံထားသူအား ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း မောင်အောင်ပြည်ဇော် ယခုသတင်းပါရှိပြီး သိရှိရာ ရောက်ရာနေရာများမှ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပါရန်...နှင့်....မောင်အောင်ပြည့်ဇော် ၏အဖွားဖြစ်သူမှာ အင်မတန်စိတ်ပူနေပါကြောင်း စိုးရိမ်နေပါကြောင်း ထို့ကြောင့် အမြန်ဆုံးဆက်သွယ်ပါရန်....

ဆက်သွယ်ရန်..
ပြည်မြို့/ဆံတော်နယ်မြေ/ဗိုလ်ချုပ်လမ်း/အမှတ်(၈၃၈)
ဖုန်းနံပါတ်....09 86 80 141.... နှင့်...09 97 27 40 697...တို့ကိုဆက်သွယ်ပေးပါရန်....



Read More...

ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် အသက် (၂၇) နှစ်သည် ၃၁.၁ဝ.၂ဝ၁၄ ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းနေ အိမ်၌ ကွယ်လွန်သွားခဲ့ပြီး ကြွင်းကျန်ရစ်သည့် ရုပ်ခန္ဓာအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမခဲ့ပါသည်။ ဈာပနအခမ်းအနားအား ၂.၁၁.၂ဝ၁၄ (တနင်္ဂနွေနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

Leave a Comment
ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် အသက် (၂၇) နှစ်သည် ၃၁.၁ဝ.၂ဝ၁၄ ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းနေ အိမ်၌ ကွယ်လွန်သွားခဲ့ပြီး ကြွင်းကျန်ရစ်သည့် ရုပ်ခန္ဓာအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမခဲ့ပါသည်။ ဈာပနအခမ်းအနားအား ၂.၁၁.၂ဝ၁၄ (တနင်္ဂနွေနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။


Read More...

Thursday, October 30, 2014

လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

Leave a Comment



လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

ပြည့်သဲမောင်(ပြည်)
လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
၂၆၀၃ နှစ်ပြည့်ဗုဒ္ဓ္ဓပူဇနိယပွဲတော်နှင့်(၁၁၅)နှစ်ပြည့် မြတ်စွယ်တော်ဖွင့်လှစ်ပူဇော်ခံပွဲအား၁၃၇၆ ခုနှစ်တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့မှ တန်ဆောင်
မုန်းလပြည့်ကျော် (၂)၇က်နေ့အထိကျင်းပမည်ဖြစ်ပြီး ယနေ့အောက်တိုဘာ
(၃၀)ရက်နေ့ နံနက်တွင်ဗုဒ္ဓ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့်ဆွမ်းဆန်ေ
တ်ာလောင်းလှူပွဲအခမ်းအနားအား စီကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိ
ရပါသည်။



Read More...

ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲအနောက်ကနေ၀င်ရောက်တိုက်မိခဲ့သူ စည်ပင်သာ ယာရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment

ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲအနောက်ကနေ၀င်ရောက်တိုက်မိခဲ့သူ စည်ပင်သာ
ယာရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ပြည့်သဲမောင်(ပြည်)
အောက်တိုဘာ( ၂၉)ရက်နေ့ ည(၉)နာရီ အချိန်ခန့် ပြည်-ရန်ကုန်လမ်းအတိုင်း
 ပြည်မြို့ဘက်မှ ရွှေတောင်မြို့ဘက်  တက စံထွေး(၄၁)နှစ်၊ ကရင်/ခရစ်ယာန်၊
ခလရ(၇၅)၊ ပြည်မြို့နေသူမောင်းနှင်ပြီး ၄င်း၏ရင်ခွင်အတွင်း၌ ၄င်း၏သားမောင်
စောစတီဗင် (၅)နှစ်အရွယ်ရှိသူလိုက်ပါလာသော ကြယ်-၁၇၁၁ (လ) WAVE-110 စစ်စိမ်းရောင်ဆိုင်ကယ်သည် ရဲစခန်းတောင်(၂)မိုင်ခန့်  ပြည်မြို့၊ ဆင် စုရပ်ကွက်၊ ပညာရေးကောလိပ်အနီး မိုင်တိုင်(၆/၁၇၇) အရောက် လမ်း ကြောင်းတစ်ကြောင်း
တည်းအရက်သေစာသောက်စားမူးယစ်နေသည့်ရဲတသကျော်ရဲအောင်(၂၄)နှစ်၊နေ
ပြည်တော်စည်ပင်ရဲတပ်ဖွဲ့၊(လွတ်လပ်ရေးကွက်သစ်(၁)လမ်း၊ဇီးကုန်းလမ်း)နေသူမှအ
ရှိန်ပြင်းစွာမောင်းနှင်းပြီးအနောက်တွင်အရန်မီးသတ်တသအောင်အောင်(၂၅)နှစ်၊အမှ
တ်(၃)ရပ် ကွက်၊ ဇီးကုန်းမြို့နေသူလိုက်ပါလာသောနံပါတ်တပ်ဆင်ထားခြင်းမရှိသည့်
Viva-110အနက်ရောင် ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ၀င်ရောက်
တိုက်မိခဲ့သည်ဟုရဲမှတ်တမ်းအရသိရသည်။

ထိုသို့တိုက်မိ၍ဆိုင်ကယ်နှစ်စီး၏ဒူးကာများ၊ရှေ့မီးကြီးခွက်များကွဲကြေပျက်စီးကာပျက်
စီးဆုံးရှူံးသွားပြီးရဲတသကျော်ရဲအောင်တွင်ဝဲ/ယားနားမှာသွေးထွက်ဒဏ်ရာ၊၀ဲ/ယာတံေ
တာင်ပွန်း၊နှစ်ခေါင်းသွေးထွက်ဒဏ်ရာ၊ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ၊၀ဲခြေညိုးစုတ်
ပြတ်ဒဏ်ရာရရှိကာ(ပြည်ဆေးရုံးကြီး အတွင်းလူနာ)၊တကစံထွေးတွင်ဦးခေါင်းဝဲဘက်ေ
ပါက်ပြဲဒဏ်ရာ၊၀ဲလက်ညိုးပေါက်ပြဲဒဏ်ရာ၊၀ဲခြေခုံ/၀ဲဒူးပွန်းပြဲဒဏ်ရာ၊ရင်ဘတ်အောင့်ေ
သာဒဏ်ရာ၊(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ)၊မောင်စောစတီဗင်တွင်ဝဲပါးပွန်းပဲ့ဒဏ်
ရာ၊၀ဲခြေသလုံးနာကျင်ဒဏ်ရာ(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ)များအသီးသီးရရှိခဲ့ပါ
သည်။

ထို့ပြင်အရန်မီးသတ်တသအောင်အောင်တွင်ဒဏ်ရာရရှိခြင်းမရှိခဲ့။ရဲတသကျော်ရဲအောင်
သည်ပြည်အဝေးသင်တက္ကသိုလ်သို့ပထမနှစ်(သမိုင်း)စာမေးပွဲဖြေဆိုနိုင်ရန်အတွက်၂၀၁
၎အောက်၂၅ရက်နေ့မှစ၍ခွင့်(၁)လယူကာထွက်ခွာလာခြင်းဖြစ်ကြောင်း စုံးစမ်းသိရှိရ။

ဖြစ်စဉ်နှင့်ပတ်သတ်၍ဆိုင်ကယ်မဆင်မခြင်အရမ်းမောင်းနှင်းသူရဲတသကျော်ရဲအောင်
အားအရေးယူပေးရန် ယာဉ်ထိန်းရဲအုပ် သက်နောင်မှတိုင်းတန်းသဖြင့်ည(၁၁း၃၀)အချိန်
ပြည်မြို့ရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၄၊ပြစ်မှူပုဒ်မ-၃၃၇/၃၃၈ အရအမှူဖွင့်အရေးယူဆောင်
ရွှက်လျှက်ရှိပြီး အမှူကို ဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်နေစဉ်ဒဏ်ရာရရှိ
သူရဲတပ်သားကျော်ရဲအောင်(၂၄)နှစ်နေပြည်တော် စည်ပင်ရဲတပ်ဖွဲ့ လွတ်လပ်ရေး ကွက်
သစ် ၁ လမ်းနေသူသည် ပြည်ဆေးရုံကြီးရောက်ရှိပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ လွြဲေ
ပာင်းထွက်ခွာစဉ် အောက်ကတိုဘာ (၃၀)ရက်နေ့မနက် (၁း၃၀)နာရီတွင် ဇီးကုန်းမြို့အေ
ရာက်သေဆုံးခဲ့ကြောင်းသိရပါသည်။

ထို့ကြောင့်မူလရေးဖွင့်ထားသော ပြစ်မူပုဒ်မ -၃၃၇/၃၃၈ မှ၃၀၄(က)/၃၃၇/၃၃၈သို့ြေ
ပာင်းလဲဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)
Read More...

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့ ဖမ်းဆီးမှူ ၊ သတ်ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေ သခံ နိုင်ငံရေး ၊လူမှုရေးအင်အားစုများမှပြည်မြို့ တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ နောက်ဆက်တွဲသတင်း ပြည့်သဲမောင်(ပြည်)

Leave a Comment

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့
ဖမ်းဆီးမှူ ၊ သတ်ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေ
သခံ နိုင်ငံရေး ၊လူမှုရေးအင်အားစုများမှပြည်မြို့
တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ နောက်ဆက်တွဲသတင်း

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် အလွတ်တန်းသတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်အား ကျိုက်မရောအခြေစိုက် ခ.မ.ရ (၂၀၈)မှ ဥပဒေအရမဟုတ်သော ဖမ်းဆီးမှူ ၊သတ်ဖြတ်မှူ၊အစဖျောက်ဖျက်မှူနှင့်ပက်
သက်၍အမှူမှန်ဖော်ထုတ်ပေးရေးအတွက် ပြည်မြို့ဒေသခံနိုင်ငံရေး အင်အား
စုများ ၊လူမှူရေး အင်အားစုများမှ အင်အား(၈၀)ခန့်သည် အောက်တိုဘာ(၂၉)
ရက်နေ့ နံနက်(၉)နာရီတွင် စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ခ.မ.ရ (၂၀၈)မှကိုပါကြီးအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊အစဖျောက်
ဖျက်ခြင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ ဥပဒေမဲ့ ဖမ်းဆီးခြင်းခံရခြင်းမှာ လွတ်လပ်ခွင့်၊ညှင်းပန်းနှိပ်စက်ခံရခြင်းမှလွတ်လပ်ခွင့်၊
အသက်ရှင်သန်ခွင့်နှင့်အသက်အိုးအိမ်လုံခြုံစိတ်ချခွင့်စသည့် အခြေခံလူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့်များအပေါ် ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ခြင်းဖြစ်
သလို ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်း
ထားသည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားတစ်ဦး၏မူလအခွင့် အရေးများကိုချိုးဖော
က်ခဲ့ခြင်းပင်ဖြစ်တယ်’လို့ ဆန္ဒဖော်ထုတ်သူ ဦးကျော်ဆန်း(FPPS နိုင်ကျဉ်း)ကပြော
သည်။
ထိုနေ့ နံနက်(၈း၀၀)နာရီတိတိတွင်ဆန္ဒထုတ်ဖော်သူများသည် ပြည်မြို့ဗိုလ်ချုပ်ေ
ကျာက်ရုပ်တွင်စုဝေးခဲ့ပြီး နံနက်(၉)နာရီအချိန်အမှန်တရားပေါ်ပေါက်ရေး၊ပြစ်မူ
ကျူးလွန်သူကို အရေးယူပေးရေး၊တရားမျှတမူရရှိရေးအတွက်ဗိုလ်ချုပ်ကျောက်ရုပ်မှ
ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းမီးပွိုင့်မှရွှေတစ်ချောင်းလမ်း ထိုမှလမ်း မတော် လမ်းအတိုင်း “အလွတ်တန်းသတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ေ
ဖ်ာထုတ်ပေး”ဟုရေးသားထားသောဗင်နိုင်း နှင့်ဥပဒေမဲ့ ဖမ်းဆီးမှု၊ဥပဒေမဲ့ သတ်ဖြတ်မှု၊နောက်-ရာဇ၀တ်မှုကနေ ကင်းလွှတ်ခွင့်လား”ဥပဒေမဲ့သတ်ဖြတ်မှု အလိုမရှိ…၊ညှင်းပန်းနှိပ်စက်မှု အလိုမရှိ…၊ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေ
ကို သတ်ဖို့မဟုတ်ဘူး..၊နိုင်ငံသားဘ၀လုံခြုံရေး ဒို့အရေး…၊တရားမျှတမှု ပေါ်ထွန်းေ
ရး ဒို့အရေး….၊အဓ္ဓမ၀ါဒ အလိုမရှိ…၊ပြည်သူသာ အမိ ပြည်သူသာ အဖ၊ ဥပဒေမဲ့ ဖမ်းဆီးမှု အလိုမရှိ…၊အမှုမှန်ဖေါ်ထုတ်ရေး အမြန်ဆုံးဆောင်ရွက်ပေး…၊နိုင်ငံသား
အခွင့်အရေးကာကွယ်ပေး…ဟုရေးသားထားသောဆိုင်းဘုတ်များကိုင်ဆောင်ချီတက်ကာ(တရားဥပဒေစိုးမိုးရေး….ဒို့အရေ…..၊ပြစ်မှုကျုးလွန်သူများကိုအမြန်ဆုံးအရေးယူပေးရေး…ဒို့အရေး……၊တရားမျှတမှုပြန်လည်ရှာဖွေခွင့်နှင့်ကုစားခွင့်ရရှိရေး….ဒို့အရေး….၊နောက်တစ်ကြိမ် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး…ဒို့အရေး……
ဒို့အရေး……ဒို့အရေး…. ကြွေးကြော်ကာ ဗိုလ်ချုပ်ကျောက်ရုပ် တွင်ဆန္ဒထုတ်ဖော်မူကို အဆုံးသတ် ခဲ့သည်။
ဆန္ဒထုတ်ဖော်သူ ဆရာမင်းမင်း(Olive Branch Human Rights Initiative)က “ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံသားအားလုံးရှိလက်နက်ကိုင်တပ်ဖွဲ့များ သဘောတူလိုက်
နာရန် လိုအပ်သောဂျနီဗာကွန်ဗင်းရှင်းတွင် အတိအလင်း ပြဌာန်းထားသည့် စစ်ပွဲအ
တွင်း လက်ရဖမ်းဆီးမိသူနှင့်လက်နက်ချသူများကိုအကြမ်းဖက်ခြင်း၊သတ်ဖြတ်ခြင်း၊
ကိုယ်အင်္ဂါအစိတ်အပိုင်းထိခိုက်အောင်ပြုလုပ်ခြင်း၊ရက်စက်စွာပြုမူဆက်ဆံခြင်း၊ညှင်း
ပန်းနှိပ်စက်ခြင်းမပြုရဆိုသည့်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ြ
ခင်းဖြစ်တယ်”လို့ ကပြောသည်။ယခုကဲ့သို့ ဥပဒေမဲ့ဖမ်းဆီးမှူ၊သတ်ဖြတ်မှူ၊အစဖျောက်
မှူဖြစ်ရပ်သည် အခြေခံလူ့အခွင့်အရေးနှင့်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များကို ချိုးဖေါက်ခြင်းဖြစ်၍ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာ
ကိုညှိုးနွမ်းအရှက်ရစေသည့် လုပ်ရပ်ဖြစ်သဖြင့် အလေးအနက်ရှု့ချကန့်ကွက်ကြောင်း
၎င်းကဆက်လက်ပြောခဲ့သည်။
“အမှန်တရားပေါ်ပေါက်ပြီး ပြစ်မှူကျုးလွန်သူများကိုဥပဒေနဲ့အညီအရေးယူပေးခြင်းဖြင့်
ဖင့် ကျန်ရစ်တဲ့ကိုပါကြီးမိသားစုအနေဖြင့်တရားမျှတမှုရှာဖွေခွင့်၊ကုစားခွင့်ရရှိစေရေး
ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့နှင့်တကွ ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်တွင်
အပြည့်အဝတာဝန်ရှိတယ်”လို့ ကိုမျိုးသူထွဠ်(လက်တွဲကူမယ် ပြည်လူငယ်)အဖွဲ့မှပြော
သည်။
ဒါကြောင့်ကျနော်တို့က အမှန်တရားပေါ်ပေါက်စေရေး ၊ပြစ်မှူကျူးလွန်သူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်စေရေး၊ကျန်ရစ်သူမိသားစုအနေဖြင့် ကုစားခွင့်ရရှိရေးတို့အတွက် တာဝန်ရှိသူများမှလွတ်လပ်၍တရားမျှတသော စုံစမ်းေ
ရးကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက်ပြည်ဒေသခံနိုင်ငံရေး၊
လူမှုရေးအင်အားစုများမှအလေးအနက် တောင်းဆိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ကိုပါကြီး သည် လူသားတစ်ဦးဖြစ်သလိုအခြေခံလူ့အခွင့်အရေးနှင့်လွတ်လပ်ခွင့်များ
ကိုခံစားခွင့်ရှိတယ်။ မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားအခွင့်အရေးများကိုခံစားခွင့်ရှိတယ်။ ပြောသည်။
လူရယ်လို့ဖြစ်လာရင် မွေးကတည်းက အသက်ရှင်ခွင့်၊လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်ေ
တွရှိပါတယ်။ဥပဒေအရမဟုတ်ရင်ဘယ်သူမှဒီအခွင့်အရေးတွေကို ငြင်းပယ်ခွင့်၊ရုတ်သိမ်းခွင့်မရှိပါဘူး။ဒီအခြေခံလူ့အခွင့်အရေးကြော်ငြာစာတမ်းမှာ ဖော်ပြထားသလို နိုင်တကာသဘောတူစာချုပ်တွေနဲ့ နိုင်ငံတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ဖော်ပြထားတယ်လို့ ဆန္ဒဖော်ထုတ်သူတွေကဆိုသည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝ ကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


Read More...

ကိုမျိုးဝင်း+မအေးမာ မိုပျံပူဖေါင်း စက်ခလုတ်နှင့်နိုင်ငံခြားဖြစ်ပူဖောင်းအလှဆင်အဖွဲ့

Leave a Comment



ကိုမျိုးဝင်း+မအေးမာ မိုပျံပူဖေါင်း စက်ခလုတ်နှင့်နိုင်ငံခြားဖြစ်ပူဖောင်းအလှဆင်အဖွဲ့
 လမ်း ၊တံတား ၊ကုမ္ပဏီဖွင့်ပွဲများနှင့်ဖွင့်ပွဲအမျိုးမျိုးအတွက်
ယိုးဒယားပုလဲမိုးပျံပူဖေါင်းအတွဲများနှင့်ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊
မုဒ်ဦးဆိုင်းဘုတ်နှင့်ကဗည်းကျောက်စာတိုင်များအား စက်ခလုတ်
နှိပ်၍ဖွင့်လှစ်ခြင်း၊ဈေးရောင်းပွဲတော်၊မော်ဒယ်ရှိုး၊မင်္ဂလာဆောင်
နှင့်မွေးနေ့ပွဲစသည်ဖြင့်အခမ်းအနားပွဲများ အတွက် နိုင်ငံခြားဖြစ်
ပုလဲပူဖေါင်းများဖြင့်အလှဆင်ခြင်း၊ရှိုးဘောလုံးကြီးများလွှင့်ထူခြင်း
များကို လူကြီးမင်းများစိတ်တိုင်းကျဆောင်ရွက်ပေးလျှက်ရှိပါသည်။

ဆက်သွယ်ရန်..........ကိုမျိုးဝင်း+မအေးမာ ၊ဂန္ဒမာကွက်သစ်တောင်
ပိုင်း ၊ကနောင်မင်းသားကြီးလမ်း ၊ပြည်မြို့ ဖုန်း...0943084962 သို့
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ..........





Read More...

Wednesday, October 29, 2014

လူပျောက်ကြေငြာခြင်း

Leave a Comment
အောင်လံမြို့နယ်တာဝတိသာကျောင်းနှင့် မြတောင်ကျောင်း၂ကျောင်းတွင်သီတင်းသုံး နေထိုင်သော ဘွဲ့အမည် ဦးပညာသာမိ ( လူ )အမည် မောင်ဇော်မြင့်မိုရ် အသက်(၂၃)နှစ်၊ မှတ်ပုံတင်အမှတ် အ/အလန (နိုင်) ၁၃၅၉၅၂ သည် ရန်ကုန်မြို့သို့ကြွ ရောက်ရာ (၇၈၁) ခန့်ကြာခဲ့၍ ပျောက်ဆုံးနေပါသဖြင့် ယခုဓါတ်ပုံပါ ဦးဇင်းဦးပညာသာမိအား တွေ့ရှိပါက အောက်ပါမိဘများအားဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါသည်။

ဆက်သွယ်ရန်လိပ်စာ

၁။ ဦးဝင်းဦး + ဒေါ်ဝင်းကြည်
အောင်လံမြို့နယ်၊ စက်ရုံရပ်ကွက် 
ရွှေပန်းတော

၂။ ဦးလှစိန် + ဒေါ်ပြားလေး
အခြေကျောင်းအနီး
အောင်လံမြို့နယ်၊ ရွှေပန်းတောကန်ကြီးရပ်ကွက်
ဦးသက်အောင်
ဖုန်း - ၀၉-၉၇၄၅၄၂၇၃၄
ဖုန်း - ၀၉-၂၅၄၁၆၄၀၈၅
ဖုန်း - ၀၅၃-၄၉၂၂၆

Pyay Laserzone

Read More...

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနှင့် အင်းလေး၊ ပင်းတယ၊ ကလော ဘုရားဖူးခရီးစဉ် ထွက်မည်

Leave a Comment


တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနှင့် ဘုရားဖူးခရီးစဉ်ကို တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ ( ၅ ) ရက်နေ့ ညတွင် ပြည်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၉.၁၁.၂၀၁၄ တနနွေနေ့ ည ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကြည့်ရှု့ရင်း တောင်ကြီးမြို့နှင့် အနီးဝန်းကျင်မြို့များမှ နာမည်ကျော် သဘာဝလှိုင်ဂူဘုရားများ၊ အင်းလေးရှိ ဘုရားစုံနှင့် ယကန်းရုံများ၊ ပင်းတယမြို့ရှိ သဘာဝလှိုင်ဂူဘုရားနှင့် ကုံလုံဆရာတော်၊ ကလောမြို့ရှိ သဘာဝလှိုင်ဂူဘုရားများနှင့် တန်ခိုးကြီး နှီးဘုရားတို့ကို စိတ်အေးချမ်းသာစွာ ဖူးမျှော်လည်ပတ်ရမည်ဖြစ်ပါသည်။ တည်းခိုရန်အတွက် ဘုန်းတော်ကြီးကျောင်းများ စီစဉ်ထားပြီး တည်းခိုခန်း၊ ဟော်တယ်များတွင် တည်းလိုပါကလည်း ဆောင်ရွက်ပေးပါမည်။

ဘုရားဖူးခရီးစဉ်ကို Light Truck နှစ်စီးဖြင့် (လိုင်းဆွဲနေသည့် ကားများမဟုတ်ပါ) ထွက်ခွာမည်ဖြစ်ပြီး တစ်စီးလျှင် (၁၄) ဦးအထိသာ တင်ဆောင်မည်ဖြစ်ပါသည်။ ခရီးစဉ် အစအဆုံးအတွက် တစ်ဦးလျှင် ၃၅၀၀၀ိ/ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးပါမည်။

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄ ၉၇၉၀၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Read More...

အညာဒေသရှိ တောင်သူများ ကြယ်ပဲစိုက်ပျိုး၍ ဝင်ငွေတိုးလာ

Leave a Comment
 
 
တောင်တွင်းကြီး ၊ ၂၉-၁၀-၂၀၁၄
မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ်ရှိ တောင်သူ အများစုမှာ ကြယ်ပဲ (Star Sacha inchi) စိုက်ပျိုး ခြင်းကြောင့် ဝင်ငွေတိုးကာ အဆင်ပြေ လာကြကြောင်း တောင်သူများ၏ ပြောကြားချက် အရ သိရသည်။
'' ကြယ်ပဲ စိုက်ပျိုးတာကို ဒီက တောင်သူ အတော်များများ အကျွမ်းတဝင် မဖြစ်ကြ သေးဘူး။ မကွေးတိုင်း ဒေသကြီးက တောင်သူ တွေသာ ဒီပဲ အကြောင်းကို ကောင်းကောင်း သိလို့ အလုပ်ဖြစ် နေကြတာပါ။ ကြယ်ပဲက တကယ် စိုက်ရင် စိုက်သလို အကျိုးအမြတ် ရရှိတဲ့ပဲ ဖြစ်ပါတယ်။ ပြည်ပ နိုင်ငံတွေ ကလည်း ကြိုက်နှစ်သက်မှု ရှိလာပြီး ပြည်ပ တင်ပို့လို့ ကောင်းတဲ့ပဲ အမျိုးအစားလည်း ဖြစ်တယ် ... '' ဟု တောင်တွင်းကြီး မြို့နယ်ရှိ တောင်သူ ဦးစိန်မြင့်က ပြောသည်။
ကြယ်ပဲမျိုးစေ့ ၁ ကီလိုဂရမ် လျှင် ငွေကျပ် သုံးသိန်း တစ်သောင်းဖြင့် ဝယ်ယူနိုင်ပြီး ၁ ဒသမ ၅ ဧကခန့် စိုက်ပျိုး နိုင်ကြောင်း သိရသည်။ ပင်ကြား တန်းကြား အကွာအဝေး မှာ (၉x၉)ပေ ထား၍ စိုက်ပျိုးရပြီး ၁ ဧကလျှင် အပင်ရေ ၅၃ဝ ခန့် ဝင်ဆံ့သည်။ ကြယ်ပဲသည် သက်တမ်း ၃၅ နှစ်မှ နှစ် ၅ဝ ခန့်အထိ ရှင်သန်ကြီးထွား နိုင်သော နှစ်ရှည်ပင် အမျိုးအစား ဖြစ်ကြောင်း သိရသည်။ ကြယ်ပဲကို ပျိုးထောင်ပြီး ပျိုးသက်တမ်း ၄၅ ရက်မှ ရက် ၆ဝ ခန့်တွင် စိုက်ခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးရသည်။ ပြောင်းရွှေ့ပြီး ခြောက်လ ကြာလျှင် အသီးများ စတင်သီးပွင့် ပြီး ရှစ်လ အကြာတွင် ခူးဆွတ် ရိတ်သိမ်းနိုင် ကြောင်း သိရသည်။
ယင်းအပြင် ၁ ဧကလျှင် ပျမ်းမျှကီလို ၂ဝဝဝ ခန့်ထွက်ရှိပြီး အပင်သက်တမ်း ရရှိလာသည် နှင့်အမျှ အထွက်နှုန်း ပိုမို တိုးတက် လာကြောင်း သိရသည်။ ကြယ်ပဲကို တရုတ်နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အများအပြား ဝယ်ယူပြီး အဆိုပါပဲ ကို ယင်းနိုင်ငံများမှ အစားအသောက် များတွင် အာဟာရ ဖြစ်စေသည့် အစားအစာ အဖြစ် ထည့်သွင်း အသုံးပြု ကြကြောင်း သိရသည်။
ကြယ်ပဲကို လက်ရှိ အချိန်တွင် ကျောက်တန်း မြို့နယ်ရှိ တောင်သူများ စတင်စမ်းသပ် စိုက်ပျိုးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
Read More...

ကျိုက်ထီးရိုးတောင်တွင် ရေလုံလောက်ပြီး အခမဲ့ရေပေးနိုင်ရေး ဆောင်ရွက်မည်

Leave a Comment
ကျိုက်ထီးရိုးစေတီအ၀င်မုခ်ဦးဝန်းကျင်ကိုတွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ကျိုက်ထီးရိုးဘုရားဖူး ခရီးသည်များနှင့် အစဉ်အမြဲနေထိုင်သူများ ရေလုံလောက်စွာရရှိရေးနှင့် အခမဲ့ရေသုံးစွဲနိုင်ရေးအတွက် ပြည်နယ်အစိုးရဌာနနှင့် ဂေါပကအဖွဲ့များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ၏ စီမံချက်အဖြစ်  ရေအချိန်ကြာကြာ ထုတ်ယူနိုင်မည့် နေရာကို ပြည်နယ်အစိုးရနှင့် ဂေါပကအဖွဲ့က ကွင်းဆင်းလေ့လာနေခြင်း ဖြစ်သည်။

‘‘ကျိုက်ထီးရိုးလာတဲ့သူတွေက ရေကိုအမြဲဝယ်သုံးနေရတဲ့အတွက် အခုလိုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သတင်းစာတွေ ဂျာနယ်တွေက ဘုရားပေါ်မှာ ရေ၀ယ်သုံးနေရတယ်ဆိုတာပဲ ပါနေတဲ့အတွက် ရေကို နှစ်စဉ်အခမဲ့ပေးဝေနိုင်တဲ့အထိကို လုပ်သွားမှာ ဖြစ်တယ်။ အခုကွင်းဆင်းလေ့လာ ထားပြီးပြီ၊ အကောင်အထည်ဖော်ဖို့အတွက်က ဆက်ပြီးဆွေးနွေးသွားမှာပါ’’ဟု ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်း က ပြောသည်။

 သောက်သုံးရေအချို့နှင့် အိမ်သာများကို ၂၀၁၃ မှစ၍ အခမဲ့စနစ်ဖြင့် စီစဉ်ဆောင်ရွက်ထားပြီး သောက်သုံးရေများကို  မိုးကုတ် ချောင်း၊  ကိုးန၀င်းချောင်းနှင့် ရ သေ့တောင်၌ ကန်တူးဖော်၍ ရေ လှောင်ကာ လိုအပ်သည့် ရေများကို ထုတ်ယူသုံးစွဲနေကြရခြင်း ဖြစ်သည်။ သို့သော် ယင်းနေရာအချို့ တွင် ရေစတင်ခန်းခြောက်ပြီ ဖြစ် ၍ အခက်အခဲရှိနေကြောင်း ၎င်း က ပြောသည်။

‘‘အရင်ကတော့ ၀ယ်သုံးနေရတာ အခုလို အခမဲ့လုပ်ပေးတော့မှာဆိုတော့ ပိုကောင်းတာပေါ့။ ဘုရာဖူးလာသူတွေရော ဒီ မှာရှိနေတဲ့ သူတွေပါ ရေမလုံလောက်တာတွေနဲ့တော့ မကြုံဖူးသေးပါဘူး။ ပေးဝယ်ရတာ တစ်ခုတော့ရှိတာပေါ့။ ရေကို ၀ယ်ရတာ တစ်စည်ကို သုံးရာကနေ ငါးရာအထိရှိပါတယ်’’ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌ ဦးဝိတင်က ပြော သည်။

ယင်းသို့ သောက်သုံးရေများ ကို ၀ယ်ယူသုံးစွဲကြရာတွင် အခက်အခဲများပေါ်ပေါက်ရသည့် အခြေအနေများကြောင့် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ ထံ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။ တောင်းဆိုချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့က စီမံချက်အား  အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်လိုက်ခြင်း ဖြစ်၍ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
Read More...

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ

Leave a Comment
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Read More...

ကမ္ဘာ့ဖလား ဝင်ခွင့်ရ မြန်မာ ယူ ၁၉ ရန်ကုန်မြို့တွင်း လှည့်လည် အောင်ပွဲခံမယ်

Leave a Comment


မြန်မာ့ ဘောလုံး သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ မြန်မာ ယူ ၁၉ ဘောလုံးအသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

လှည့်လည် အောင်ပွဲခံတာကို နိုဝင်ဘာလ ၁ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဂုဏ်ပြုပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှာ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

“အဲဒီဂုဏ်ပြုပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေ အပါအဝင် အခြားအစီစဉ်တွေလည်း ပါမယ်။ ဆုကြေးငွေ တွေကိုလည်း အဲဒီပွဲမှာ တစ်ခါတည်း ချီးမြင့်ပေးမယ်” လို့ ဦးဇော်မင်းထိုက်က ပြောပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာရှ ယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပွဲပြိုင်မှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

The Voice Weekly


Read More...

Tuesday, October 28, 2014

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့ ဖမ်းဆီးမှူ ၊သတ် ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေသခံ နိုင်ငံရေး ၊လူမှုရေး အင်အားစုများမှပြည်မြို့တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ ပြည့်သဲမောင်(ပြည်)

Leave a Comment

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့ ဖမ်းဆီးမှူ ၊သတ်
ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေသခံ နိုင်ငံရေး ၊လူမှုရေး
အင်အားစုများမှပြည်မြို့တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် အလွတ်တန်းသတင်းထောက် ကိုပါကြီး(ခ)
ကိုအောင်ကျော်အား ကျိုက်မရောအခြေစိုက် ခ.မ.ရ (၂၀၈)မှ ဥပဒေအရမဟုတ်သော
ဖမ်းဆီးမှူ ၊သတ်ဖြတ်မှူ၊အစဖျောက်ဖျက်မှူနှင့်ပက်သက်၍အမှူမှန်ဖော်ထုတ်ပေးရေးအတွက်
 ပြည်မြို့ဒေသခံနိုင်ငံရေး အင်အားစုများ ၊လူမှူရေး အင်အားစုများမှအင်အား(၈၀)ခန့်သည်
 အောက်တိုဘာ(၂၉)ရက်နေ့နံနက်(၉)နာရီတွင်စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆက်တွဲသတင်းဆက်လက်ဖော်ပြပါမည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


Read More...

Monday, October 27, 2014

စစ်တပ်ကဖမ်းဆီးပြီးသေဆုံးသွားပြီလို့သတင်းထုတ်ပြန်ခဲ့တဲ့အလွတ်တန်းသတင်းထောက် ကိုပါကြီးသေးဆုံးမှူနှင့်ပတ်သတ်ပြီးပြည်မြို့တွင်ဆန္ဒထုတ်ဖော်သူနှစ်ဦးအရေးယူခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment




စစ်တပ်ကဖမ်းဆီးပြီးသေဆုံးသွားပြီလို့သတင်းထုတ်ပြန်ခဲ့တဲ့အလွတ်တန်းသတင်းထောက် ကိုပါကြီးသေးဆုံးမှူနှင့်ပတ်သတ်ပြီးပြည်မြို့တွင်ဖယောင်းတိုင်ကိုင်ကာမီးထွန်းညှိဆန္ဒထုတ်ဖော်
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်မွန်ပြည်နယ်အတွင်းမှစစ်တပ်မှဖမ်းဆီး
ပြီးသေဆုံးသွားပြီးလို့ သတင်းထုပ်ပြန်ခဲ့တဲ့တက်ကြွလူပ်ရှားသူတစ်ဦးလည်းဖြစ်၊ အ
လွတ်တန်းသတင်းထောက်လည်း ဖြစ်တဲ့ကိုပါကြီး (ခ)အောင်ကျော်နိုင်နှင့်ပတ်သတ်၍
မကျေနပ်သဖြင့် ခွင့်ပြုချက်မတောင်းဘဲ ဖယောင်းတိုင်ကိုင်ကာ မီးထွန်းညှိပြီးဆန္ဒထုတ်ေ
ဖ်ာမှူကို ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အောက်တိုဘာ(၂၆)ရက်နေ့ ည(၉း၃၀)အ
ချိန်နာရီခန့်တွင် ပြည်မြို့၊ဆံတော်ရပ်ကွက်၊ဗိုလ်ချူပ် ကျောက်ရုပ်အနီးတွင်ဦးမြင့်အေး(ခ)
ပဏ္ဍိတ၊ရှေ့နေတစ်ဦးနှင့်ပွင့်လင်းလူငယ်တစ်ဦးမှသန့်ဇင်ထက်၊နတ်တလင်းမြို့နေသူတို
့နှစ်ဦးသည်အလွတ်တန်းသတင်းထောက်ကိုပါကြီး(ခ)ကိုအောင်ကျော်နိုင် နှင့် ပတ်သတ်၍ မကျေနပ်သဖြင့်ပြည်မြို့ဗိုလ်ချူပ်ကျောက်ရုပ်တွင်ဖယောင်းတိုင်နှစ်တိုင်စီကိုင် ကာမီးထွန်းညှိပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသည်။


“သတင်းမီဒီယာဆိုတာ ပထမ မဏ္ဍိုင်ပါဘဲ သတင်းမီဒီယာမရှိရင်စစ်အာဏာရှင်လက်ေ
အာက်မှာ ဘယ်လိုမှအလုပ်လုပ်လို့အဆင်မပြေဘူး။ အဲဒါကြောင့်သတင်းမီဒီယာဟာစတု
တ္တမဏ္ဍိုင်လို့ပြောပေမယ့် စတုတ္တမဏ္ဍိုင်မဟုတ်ပါဘူး။ပထမ မဏ္ဍိုင်သာဖြစ်တယ်။ ပထမ
မဏ္ဍိုင်ဖြစ်တဲ့အတွက်သတင်းမီဒီယာကိုဖြိုဖျက်ခြင်းဟာ တိုင်းပြည်ကို ဖြိုဖျက်ရာရောက်
တယ်လို့ပြောချင်တယ်။”ဟု ပွင့်လင်းလူငယ်များအဖွဲ့မှသန့်ဇင်ထက်ကပြောသည်။
ထိုသို့ဆန္ဒထုတ်ဖော်မှူနှင့် ပတ်သတ်ပြီးပြည်မြို့ ရဲစခန်းမှစခန်းမှူး ရဲအုပ်မျိုးမြင့်က “ကျွန်ေ
တ်ာတို့ကတော့ ဥပဒေအတိုင်းဘဲ အရေးယူသွားမှာပါ။တစ်ယောက်တည်း ဘဲဖြစ်စေ၊
နှစ်ယောက်ဘဲဖြစ်ပါစေ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်
ရာ ဥပဒေအရအရေးယူသွားမှာပါ။ ကိုဝင်းလှိုင်တုန်းကလည်းဒီလိုဘဲအရေးယူခဲ့တဲ့သာဓ
ကတွေ ရှိပါတယ်။”ဟုစခန်းမှူး မျိုးမြင့်ကပြောသည်။
“သတင်းထောက် တစ်ယောက်ကို စစ်သားတစ်ယောက်က သတ်ဖြစ်သည့်ကိစ္စနှင့်ပတ်
သတ်ပြီး ဖွဲစည်းပုံ အခြေခံဥပဒေကိုလည်းချိုးဖောက်လိုက်တယ်။ ပြစ်မှူဆိုင်ရာ ဥပဒေကို
လည်း ချိုးဖောက် လိုက်တယ်။ ကိုပါကြီးအလောင်းကို ဖျောက်ဖျက်ပစ်တာနဲ့ပတ်သတ်ပြီး
ပုဒ်မ၂၀၁အရလည်း အလောင်းဖျောက်ဖျက်တဲ့အတွက်ငြိစွန်းတယ်။ အဲဒါတွေကို မကျေ
နပ်လွန်းလို့ အခုလိုဆန္ဒထုတ် ဖော်တာ။ကိုပါကြီးမိန်းမ မသန္တာခမျာမျက်ရည်နဲ့ မျက်ခွက်
ဖြစ်နေတယ်။ ဒို့ပြည်မြို့မှာဖြစ်သွားတဲ့ တံတားအောက်က လူသတ်မှူကမှအလောင်းပြန်
ရတဲ့အတွက် အသုဘပို့နိုင်သေးတယ်။အခုဟာက အလောင်းကိုတောင်ပြန်မရတဲ့အတွက်
လုံးဝမတရားဘူး။ ခုကိစ္စကိုအပြည်ပြည်ဆိုင်ရာခုံရုံးအထိ တက်ရမယ့်ကိစ္စ ငါမတက်နိုင်လို့
ရှေ့နေအသင်းအဖွဲ့တွေကို တက်ကြပါလို့ပြောချင်တယ်။” ဟုရှေ့ နေဦးမြင့်အေးက ပြော
သည်။


ထို့ကြောင့်ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သူ ဦးမြင့်အေးနှင့် သန့်ဇင်ထက်တို့အား
ပြည်မြို့မ ရဲစခန်း စခန်းမှူးမျိုးမြင့်မှ တရားလိုပြုလုပ်၍ ပြည် မြို့မရဲစခန်း(ပ)၉၀၂/ ၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှူဖွင့်အရေးယူထားပြီး အမှူကိုဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးသွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။


မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
စံတော်ချိန်နေ့စဉ်သတင်းစာ
Read More...

Saturday, October 25, 2014

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနှင့် အင်းလေး၊ ပင်းတယ၊ ကလော ဘုရားဖူးခရီးစဉ် ထွက်မည်

Leave a Comment


တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနှင့် အင်းလေး၊ ပင်းတယ၊ ကလော ဘုရားဖူးခရီးစဉ် ထွက်မည် 

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲနှင့် ဘုရားဖူးခရီးစဉ်ကို တန်ဆောင်မုန်း လပြည့်နေ့ မတိုင်မီ ( ၅ ) ရက်နေ့ ညတွင် ပြည်မြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ၉.၁၁.၂၀၁၄ တနနွေနေ့ ည ပြည်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကြည့်ရှု့ရင်း တောင်ကြီးမြို့နှင့် အနီးဝန်းကျင်မြို့များမှ နာမည်ကျော် သဘာဝလှိုင်ဂူဘုရားများ၊ အင်းလေးရှိ ဘုရားစုံနှင့် ယကန်းရုံများ၊ ပင်းတယမြို့ရှိ သဘာဝလှိုင်ဂူဘုရားနှင့် ကုံလုံဆရာတော်၊ ကလောမြို့ရှိ သဘာဝလှိုင်ဂူဘုရားများနှင့် တန်ခိုးကြီး နှီးဘုရားတို့ကို စိတ်အေးချမ်းသာစွာ ဖူးမျှော်လည်ပတ်ရမည်ဖြစ်ပါသည်။

တည်းခိုရန်အတွက် ဘုန်းတော်ကြီးကျောင်းများ စီစဉ်ထားပြီး တည်းခိုခန်း၊ ဟော်တယ်များတွင် တည်းလိုပါကလည်း ဆောင်ရွက်ပေးပါမည်။

ဘုရားဖူးခရီးစဉ်ကို Light Truck နှစ်စီးဖြင့် (လိုင်းဆွဲနေသည့် ကားများမဟုတ်ပါ) ထွက်ခွာမည်ဖြစ်ပြီး တစ်စီးလျှင် (၁၄) ဦးအထိသာ တင်ဆောင်မည်ဖြစ်ပါသည်။ ခရီးစဉ် အစအဆုံးအတွက် တစ်ဦးလျှင် ၃၅၀၀၀ိ/ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ပို့ဆောင်ပေးပါမည်။

အသေးစိပ် သိရှိလိုပါက - ၀၉ ၂၅၄ ၉၇၉၀၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကျွန်တော်နှင့် အမှတ်တရ


 

Read More...

Friday, October 24, 2014

လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့၏(၁၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ ပြည့်သဲမောင် (ပြည်)

Leave a Comment


လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ပြည်မြို့၏(၁၅)ကြိမ်မြောက် စုပေါင်းမဟာ
ဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ
ပြည့်သဲမောင် (ပြည်)
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ
နှင့်ဇနီးအားအမှူးထား၍ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိတိုင်းလျှပ်စစ်အင်
ဂျင်နီယာရုံး၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ
မြို့လျှပ်စစ်မှူးရုံးများနှင့်ဓါတ်အားခွဲရုံများရှိ ၀န်ထမ်းမိသားစုတို့မှပြည်မြို့ ဇောတိ
ကာရုံ ပရိယတ္တိစာသင်တိုက်တွင် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အား စီကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

စုပေါင်းမဟာဘုံကထိန် ပသေသာပင်များအား အောက်တိုဘာ(၂၄)ရက်
နေ့ နေ့လည်(၃)အချိန်တွင် ကားများဖြင့်မြို့တွင်းသို့လှည့်လည်ကျပြီး
အောက်တိုဘာ(၂၅)ရက်နေ့ နံနက်(၉)နာရီတွင် ပုရိမ၀ါမှထမြောက်တော်
မှုကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အားကထိန်လျာသင်္ကန်းဆက်
ကပ်လှူဒါန်းမည်ဖြစ်ပါသည်။

ထို့ကြောင့်လှူဒါန်းမှုအစုစုတို့အားဗုဒ္ဓဘာသာတို့၏ထုံးနှလုံးမှုကာ နတ်လူ
သာဓုခေါ်ဆိုနိုင်ပါရန်နှင့်အလှူတော်မင်္ဂလာအားနံနက်(၁၀)နာရီမှ(၁၂)နာရီ
အထိ ဇောတိကာရု့ ပရိယတ္တိစာသင်တိုက် ရွှေတံခါးရပ်ကွက် အပိုင်း(၂)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တရားတော်နာနှင့်မုန့်သုံးဆောင်ရန်ကြွရောက်
နိုင်ပါကြောင်းသိရပါသည်။

မှတ်ချက်။ ။၎င်းသတင်းစာမူသည်ဗုဒ္ဓဘာသာတို့ထုံးနှလုံးမူ၍မြန်မာလူမျိုး
တို့၏ယာဉ်ကျေးမူထုံးတန်းအစဉ်အလာအား ဖော်ပြသည့်အနေ
ဖြင့်ရေးသားဖော်ပြခြင်းဖြစ်ပြီး ၄င်းသတင်းစာမူအတွက်ငွေကြေး
တစ်ပြားတခြပ်မျှယူထားခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။

သတင်းနှင့်ဓါတ်ပုံ  ပြည့်သဲမောင်(ပြည်)




Read More...

Wednesday, October 22, 2014

လေမလာကြာတိုင်းကောင်း လှေသူကြီးကိုလှေသားထောင်း

Leave a Comment
သရ၀ဏ်(ပြည်)

န၀မတန်းမြန်မာစာပင်ရင်းစကားပြေတွင်ဆောင်းပါးတစ်ပုဒ် သင်ယူဖူးသည် ။ဆောင်းပါးအမည်မှာ “ရေကြောင်းသွားလာရွက်နာဝါ” ဖြစ်သည် ။ နာဝါဆိုသည်မှာ ရှေးအခေါ် ရွက်လှေကြီးများကိုခေါ်ပါသည် ။ ထိုဆောင်းပါး၏ သဘောမှာ ရှေးအခါက မြန်မာတိုင်းရင်းသားများသည် ကူးသန်းရောင်းဝယ်ရာ၌လည်းကောင်း ၊ခရီးလန်းပန်းဆက်သွယ်သွားလာရာ၌လည်းကောင်း ရေကြောင်းခရီးကိုအဓိကထား၍သွားလာကြသည် ။ ရေကြောင်းခရီးဆိုရာ၌လည်း ဧရာဝတီ ၊ချင်းတွင်း ၊စစ်တောင်းစသော ၊ ဒုဌ၀တီ ၊ လေးမြို. စသောမြစ်ကြီးများထဲတွင်ရွက်သင်္ဘောကြီးများဖြင်.သွားလာကြခြင်းဖြစ်သည် ။ထိုခေတ်ထိုအချိန်က ရေနွေးငွေ.အင်ဂျင်စက် စသည်တို.မပေါ်သေးသဖြင်. ရေကြောင်းသွားလာရာတွင် တိုက်ခတ်သောလေကိုသာအဓိကအားကိုးအားထားပြု၍ ရွက်တိုင်များထူ၍ သွားလာကြပါသည် ။ ထို.ကြောင်. ကုက္ကလံမြောက်ကိုလှည်.ကာမှပြန်ခဲ.မယ်လေး ဟူသော ကဗျာများပင်ထိုခေတ်ကပေါ်ပေါက်လာပါသည် ။ ဆိုလိုသည်မှာ တောင်လေတိုက်သောအခါ ရွက်လှေထိပ်တွင်တပ်ထားသောကုက္ကလံခေါ်လေကြောင်းပြကရိယာသည် မြောက်ဘက်သို.လှည်.သွားပါသည် ။ ထိုအခါမှ လှေသားများမှာ ရွက်လွှင်.ပြီး ခရီးထွက်ရသဖြင်. အိမ်ပြန်ခရီးမှာ တောင်လေလာပါမှ (၀ါ) ကုက္ကလံမြောက်ကိုလှည်.ကာမှဖြစ်နိုင်လေသည် ။ထိုသို.မဟုတ်ပဲ လေသည်မည်သည်.အရပ်သို.မျှမတိုက်ပဲငြိမ်သက်နေပါက ရွက်လွှင်.ခရီးထွက်ရန်မဖြစ်နိုင်သဖြင်. လှေကိုနီးစပ်ရာဆိပ်ကမ်းတွင်ရပ်နားထားရပါသည် ။ ထိုအခါ လှေပေါ်တွင်ပါလာသော လှေထိုးသားစသော အလုပ်သမားများကို လှေသူကြီးက တာဝန်ခံကျွေးမွေးထားရသောကြောင်.စားရိတ်ထောင်းကာ နစ်နာလှပါသည် ။ လှေထိုးသားများကတော. လေမလာလဲကိစ္စမရှိ စားလိုက်အိပ်လိုက်ဖြင်. ဇိမ်ကျနေမည်ဖြစ်သည် ။ ထို.ကြောင်.ဤအဖြစ်အပျက်ကို “ လေမလာကြာတိုင်းကောင်း လှေသူကြီးကိုလှေသားထောင်း “ ဟူ၍ စကားပုံများခိုင်းနှိုင်းဖွဲ.ဆိုကြပါသည် ။

ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းဝယ်မီတင်းနေထိုင်ကြသော တိုင်းရင်းသားလုပ်သားပြည်သူ အားလုံးသည် လှေသူကြီးနှင်.တူနေပါသည် ။ကျွန်တော်တို.သည် တောင်ဘက်မှတိုက်ခတ်လာမည်.ဒီမိုကရေစီလေပြေ ကိုလည်းကောင်း ၊မြောက်ဘက်မှတိုက်ခတ်လာမည်. ငြိမ်းချမ်းရေးလေပြေကိုလည်းကောင်းလည်တဆန်.ဆန်. ရင်တမမနှင်.စောင်.မျှော်နေရပါသည် ။ ထိုလေများတိုက်ခတ်လာပါမှ ခေတ်မီဖွံ.ဖြိုးသောနိုင်ငံတော်သစ်ဆိုသည်.ဆိပ်ကမ်းသို. ပြည်ထောင်စုသင်္ဘောကြီး ရွက်လွှင်.ထွက်ခွာနိုင်တော.မည်ဖြစ်သည် ။ သို.ပါသော်လည်း ရွက်လှေကြီးသည် အချိန်ကာလအားဖြင်.လေးနှစ်ခန်.ကြာမြင်.လာပြီဖြစ်သော်လည်း ယခုပင်ထွက်တော.မလို ၊ ဟိုနေ.ထွက်မလို ဒီရေအတက်မှာထွက်မလိုလို ၊ လေကြောင်းသင်.လျင်ထွက်မလိုလို ၊ ကုန်ပြည်.လျင်ထွက်မလိုလို ၊လူစုံလျင်ထွက်မလိုလိုနှင်.ခုထိရေရေရာရာ ခရီးမဆက်နိုင်သေး၍ ဖြစ်သည် ။
မြန်မာနိုင်ငံ၌ အရေးတကြီးလိုအပ်နေသည်မှာ ငြိမ်းချမ်းရေးနှင်.ဖွံ.ဖြိုးတိုးတက်ရေးဖြစ်သည် ။ ထိုအကြောင်းအရာနှစ်ခုမှာ အာဏာရှင်စနစ်ရေခံမြေခံပေါ်တွင်မရှင်သန်နိုင်ပါ ။ ဒီမိုကရေစီကျင်.စဉ်အောက်တွင်သာ ဖြစ်ထွန်းပေါ်ပေါက်နိုင်ပါသည် ။ ငြိမ်းချမ်းရေးမရှိပဲ ဖွံ.ဖြို.တိုးတက်မှုမရှိနိုင်ပါ ။ ဒီမိုကရေစီမရှိပဲ ဖွံ.ဖြိုးတိုးတက်မှုမရှိနိင်ပါ ။ ယခုအခါ ဒီမိုကရေစီတစ်ပိုင်း အစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးရအောင်ဆောင်ရွက်တော.မည်ဟုပြောကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.များနှင်.ဆွေးနွေးနေတာ နှစ်နှင်.ချီ၍ ကြာမြင်.လာလေပြီ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ကာစကတုန်းကတော.ကျွန်တော်အပါအ၀င် တိုင်းသူပြည်သားအားလုံးသည် အမျှော်လင်.ကြီးမျှော်လင်.ခဲ.ကြကာ တရုတ်ပြည်တွင်ဆွေးနွေးစဉ် ၊မြစ်ကြီးနားတွင်ဆွေးနွေးစဉ် ယနေ.ပဲငြိမ်းချမ်းတော.မလို ၊ မနက်ဖြန်ပဲလက်မှတ်ထိုး နိုင်တော.မလို ငြိမ်းချမ်းရေးလေပြေများ ပြည်သူလူထု၏စိတ်အာရုံထဲမှာတိုက်ခတ်နေကြပါသည် ။ သဘောင်္ပေါ်မှလည်း ရွက်တိုင်ကြီးသည် တလှုပ်လှုပ်တရွရွနှင်.ခုပဲ ရွက်စုံဖွင်.တော.မလို ၊ခုပဲ ရွက်လှေကြီးထွက်တော.မလိုတပြင်ပြင်လုပ်ပြနေပါသည် ။ ရွာသူရွာသားများကလည်း တမျှော်မျှော် တလင်.လင်.ဖြစ်ကာ ကမ်းလုံးပြည်.မျှလာရောက်ကြည်.ရှုနေကြပါသည် ။ လှေထိုးသားများသည် ခုပဲရွက်တိုက်တော.မလို ၊ ခုပဲ ခရီးထွက်တော.မလိုဖြင်. ရွာသားများထံမှ ဟိုဟာတောင်းလိုက် သည်ဟာတောင်းလိုက်ဖြင်. စေတနာဖြင်.ပေးကမ်းကျွေးမွေးသမျှကို အားရပါးရတောင်းရမ်းစားသောက်ကာဇိမ်ကျနေပါသည် ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကား အချိန်ကြာလာသည်နှင်.အားပျော.သထက်ပျော.လာသည် ။ တပ်မတော်ဘက်မှငြိမ်းချမ်းရေးအခြေခံမူ (၆) ချက်ကိုကြိုတင်ထုတ်ပြန်ထားသည် ဟုသိရ၏ ။ထိုအခြေခံမူထဲတွင် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှဆွေးနွေးရေး ဆိုတာလည်းပါဝင်ပေသည် ။ မြန်မာနိုင်ငံတွင်လက်နက်ကိုင်ပဋိပက္ခများ ၏အဓိက လက်သည်တရားခံမှာ နိုင်ငံရေးအရ မကြေနပ်ကြခြင်းဖြစ်ရာ ကိုယ်မကြေနပ်၍လက်နက်ကိုင်တိုက်ခိုက်နေသော ဖွဲ.စည်းပုံအခြေခံ ကိုလက်ခံ၍ဆွေးနွေးရမည်ဆိုခြင်းမှာ နည်းနည်းလေးတောလွဲနေပေသည် ။ ငြိမ်းချမ်းရေးတကယ်ရချင်လျင် ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်များကိုတတ်နိုင်သမျှလျှော.ချရပေမည် ။ မဖြစ်နိုင်တာတွေကို တစ်ဖက်သတ်အသာစီးရယူချင်စိတ်ဖြင်. ထည်.သွင်းထားလျင်မူကား သိကြားမင်းနားကင်းကြီနှင်.ဆင်းလာသော်မှ ငြိမ်းချမ်းရေးရနိုင်မည်မဟုတ်ချေ ။ ယာယီအပြစ်အခတ်ရပ်စဲရေးလောက်ပဲဖြစ်နိုင်ပေလိမ်.မည် ။သို.သော် အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲမဟုတ်ကြောင်းကို K.I.A နှင်.ယခင်က အပစ်အခတ်ရပ်စဲကြပြီးနောက် တိုက်ပွဲများပြန်ဖြစ်ပွားလာခြင်းကသက်သေခံနေပေသည် ။ဓါးကိုင်ထားသောလူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်မခုတ်တော.ဘူးဟုကတိစကားထားသော်လည်းဓါးများကိုဆက်လက်ကိုင်စွဲထားကြသည်နှင်.တူညီပေ၏ ။ အချိန်မရွေး ပြန်လည်ရန်စောင်လာနိုင်ပေသည် ။ ယခုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.များနှင်. ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနေသည်.ကြားမှ ရှမ်းပြည်နယ်နှင်. ကရင်ပြည်နယ်ဘက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းမှာ အရုပ်ဆိုးလှသည် ။ နှစ်ဦးနှစ်ဘက်သည်ငြိမ်းချမ်းရေးကိုဟန်ပြသဘောဆွေးနွေးနေသလားဟုပင်ပြည်သူလူထုကမေးခွန်းထုတ်စရာရှိပေသည် ။ စားပွဲဝိုင်းထက်ဝယ် သဘောတူညီချက်များ ၊စာချုပ်မူကြမ်းများရပြီဆိုသော်လည်း အောက်ခြေလက်တွေ.နယ်ပယ်တွင် စစ်အင်အားတိုးချဲ.မှုများ ပစ်ခတ်တိုက်ခိုက်မှုများက အပေါ်ကလူတွေ၏အမိန်.ကိုအောက်ခြေကနားမထောင်တာလား ။သို.မဟုတ် ငြိမ်းချမ်းရေးဆွေးနွေးတာကတစ်ဖွဲ. ၊ တိုက်တာခိုက်တာ ပစ်ခတ်တာကတစ်ဖွဲ. လားဟုမေးရမလိုရှိပေသည် ။ ဖက်ဒရယ်စနစ်အောက်တွင် တပ်မတော်သည် တစ်နိုင်ငံလုံးတွင်တစ်ခုတည်းသောတပ်မတော်သာ ရှိသည်ဆိုခြင်းကိုတိုင်းရင်းသားတို.ကလက်ခံရန်လိုအပ်သလို ၊ ထိုသို.ပြည်ထောင်စုတပ်မတော်ဖွဲ.စည်းခြင်းဆိုသောအဓိပ္ဖါယ်မှာတိုင်းရင်းသားတို.၏ ရှိနှင်.နေပြီးသောစစ်ရေးအင်အားကိုစနစ်တကျဖျက်ဆီးပစ်ခြင်းမဟုတ်ဘူးဆိုတာကိုတပ်မတော်ဘက်မှခိုင်ခိုင်မာမာပြသဖို.လိုသည် ။ ဖွဲ.စည်းပုံစာအုပ်ထဲတွင်ပါဝင်သလို တိုင်းရင်းသားတပ်များကို မြန်မာ.တပ်မတော်လက်အောက်သို.သွပ်သွင်းပြီး နယ်ခြားစောင်.တပ်အဖြစ် ဖွဲ.စည်းပါဆိုတာမျိုးထက်ပိုမိုကျယ်ပြန်.ခိုင်မာသောကမ်းလှမ်းချက်တစ်ခုတော.ရှိဖို.လိုသည် ။မည်သူမဆိုမိမိလက်ထဲတွင်ရှိထားသော ငွေတစ်ကျပ်ကို လွင်.ပစ်၍ သူများပြန်ပေးမည်.ငွေတစ်မတ်နှင်.ကြေနပ်နိုင်ဖွယ်မမြင်ပေ ။

တိုင်းရင်းသားများထပ်တလဲတင်ပြနေသော ဖက်ဒရယ်တပ်မတော်ဆိုတာသည် ဘယ်လိုအရာမျိုးလဲဟု တပ်မတော်ဘက်မှသဘောထားကြီးကြီးနှင်.နားထောင်ကြည်.ဖို.လိုသည် ။ တိုင်းရင်းသားတို.ပြောနေသောဖက်ဒရယ်တပ်မတော်ဆိုသည်မှာ လက်ရှိမြန်မာ.တပ်မတော်ကြီးကို ဖျက်သိမ်းပစ်ရေးကိုပြောခြင်းမဟုတ်ပဲ တိုင်းရင်းသားများအား တပ်မတော်မှ တန်းတူရည်တူ ပူးပေါင်းပါဝင်ပြီးတပ်ဖွဲ.ခွင်.ပေးဖို.ဖြစ်သည် ။ တစ်ယောက်ကိုတစ်ယောက်မယုံသမျှ ၊တစ်ယောက်ကကိုယ်အနိုင်သူအရှုံး လက်နက်ချစေရေးမူဝါဒကိုကိုင်စွဲနေသမျှကာလပါတ်လုံး တရုတ်ပြည်မှာဆွေးနွေးသည်ဖြစ်စေ ၊ မြန်မာပြည်မှာဆွေးနွေးသည်ဖြစ်စေ ၊ ဆွစ်ဇာလန်တွင်ဆွေးနွေးသည်ဖြစ်စေ ၊ ယုတ်စွအဆုံး လကမ္ဘာသို.တက်၍ ဆွေးနွေးသည်ဖြစ်စေ ငြိမ်းချမ်းရေးလမ်းစပေါ်လာနိုင်စရာမရှိ ။ငြိမ်းချမ်းရေးနှင်. ဒီမိုကရေစီ လေကြောင်း ကောင်းကောင်းတိုက်ခတ်လာမည်မဟုတ်ချေ ။ M.P.C စသော အဖွဲ.ကြီး၏ကျောထောက်နောက်ခံဖြင်. သမ္မတရုံးဝန်ကြီးများခန်.အပ်ကာ ဥရောပသမဂ္ဂ ၊ ဂျပန် စသော နိုင်ငံများက ငြိမ်းချမ်းရေးရန်ပုံငွေများ မည်မျှသုံးစွဲကာ ဟိတ်ကြီးဟန်ကြီးဆောင်ရွက်နေသည်ဖြစ်စေ ။ ငြိမ်းချမ်းရေးသည် ပြင်ပတွင်မရှိ လူတို.၏ အတ္တမာနတွေ အတွင်းဘက်မှာပဲရှိသည် ။ ငါတို.ဂုဏ်သိက္ခာရှိရှိရပ်တည်ခဲ.သလို သူတို.အဖွဲ.လည်းဂုဏ်သိက္ခာရှိရှိ ရပ်တည်ချင်မှာပေါ.ဟူသောကိုယ်ချင်းစာတရားအပေါ်မှာပဲငြိမ်းချမ်းရေးသည်တည်ရှိ၏

ထိုသို.မဟုတ်ပါပဲ ငါတို.သာမြင်.မြတ်သည် ငါတို.သာတိုင်းပြည်ချစ်သည် ဟူသော အတ္တမာနများနှင်. ငါနိုင် သူရှုံး ( I win – you loose ) အယူဝါဒကိုသာရှေ.တန်းတင်နေပါက လေမလာ၍ ဒီမိုကရေစီ ငြိမ်းချမ်းရေးရွက်သင်္ဘောကြီး မထွက်နိုင်ခြင်းဒဏ်ကို လှေထိုးသားနှင်.တူသော စားပွဲဝိုင်းပေါ်မှသက်ဆိုင်ရာမှပုဂ္ဂိုလ်များအတွက်အအိပ်အစားမပျက်မထောင်းတာလှသော်လည်း လှေသူကြီးနှင်.တူသော တိုင်းသူပြည်သားများက ကျောကော.နေအောင်ခံရမည်ဖြစ်သဖြင်. လေမလာကြာတိုင်းကောင်းလှေသူကြီးကိုလှေသားထောင်း ဆိုသောအဖြစ်မျိုးဖြင်. မဖြစ်စေချင်တော.ပါကြောင်းရေးသားလိုက်ရပါသည် ။ လှေထိုးသားနှင်.တူသော အစိုးရ ၊ တပ်မတော် ၊ M.P.C အဖွဲ. ၊ တိုင်းရင်သားလက်နက်ကိုင်များ စုံလင်နေပါပြီ ။ ဒီမိုကရေစီခေတ်တွင်အာဏာဆိုသောလှေကြီး၏မူလပိုင်ရှင်လှေသူကြီးနှင်.တူသော ပြည်သူလူထုလည်းရှိနေပါပြီ ။ လေမလာသည်ကိုအကြောင်းပြု၍ လှေကြီးရပ်တန်.နေစဉ် လှေထိုးသားများ စားသောက်စားရိတ်အတွက်လိုအပ်သမျှ ထုတ်ပေးနေရတာနှင်.တင် လှေသူကြီးမှာ အဘက်ဘက်မှ ချွတ်ခြုံကျနေပါပြီ ။ တစ်ခါတစ်ရံတွင် တောင်လေတိုက်လာပြီး ကုက္ကလံမြောက်သို.လှည်.ပါသော်လည်း လှေထိုးသားများကမသိချင်ယောင်ဆောင်နေလျင်ဖြင်. နှစ်ပေါင်းများစွာကျောက်ချရပ်နားနေသောလှေကြီးမှာဘယ်သောအခါမှ ရွေ. မှာမဟုတ်တော.ပါကြောင်း ။

သရ၀ဏ်(ပြည် )
Read More...

Facebook Like Page